အပိုင်း (၇) ငါလေးကအမုန်းခံနေရတာလား။

1.7K 303 0
                                    

Unicode

လောင်ယန် နိုးလာတာ တစ်ပတ်ရှိပြီ။ သူလိုချင်သလောက် ကောင်းကောင်းမလှုပ်ရှားနိုင်သေးပေ။ ထို့အပြင် ပျော့သော အစားအစာများကိုသာ စားနိုင်သည်။ ဒါပေမယ့် အခုချိန်မှာတော့ သူစကား‌ပြောဖို့ သိပ်မခက်တော့ပါဘူး။ သူ့ကို ဆေးရုံက ပိုကြီးတဲ့ VIP အခန်းကို ရွှေ့လိုက်၏။ ဤနေရာတွင် ဆရာဝန်နှင့် သူနာပြုများ မရှိလျှင် အလွန်ကျယ်ဝန်းသော အခန်းထဲတွင် ရှိနေသကဲ့သို့ ခံစားရသည်။

သူ့ရဲ့ အစားအသောက် ပညာရှင်နဲ့လည်း တွေ့ဆုံခဲ့သည်။ အလွန်ကြင်နာသော အပြုံးနှင့် လူလတ်ပိုင်းတစ်ဦး။ သူသည် တိုင်းပြည်တွင် အတော်ဆုံးဟု သူနာပြုများထံမှ ကြားသိရသည်။ ထို့ကြောင့် လောင်ယန်သည် သူ၏မိသားစုအသစ်သည် အမှန်တကယ်ချမ်းသာကြောင်း နောက်ဆုံးတွင် နားလည်ခဲ့သည်။ ထင်ရှားသည်မှာ သူ့အဖေသည် ကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဋ္ဌဖြစ်သည်။ ဤခန္ဓာကိုယ်က ချမ်းသာစေသော ဒုတိယမျိုးဆက်ဖြစ်ခဲ့သည်။ မဟုတ်ဘူး၊ အခု သူပဲ။ သူ့ရဲ့ကိုယ်ပိုင် လက္ခဏာအသစ်ကို ကျင့်သားအောင်လုပ်ရမည်။

ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒါဟာ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာသစ်တင်မကဘူး၊ သူကျင့်သားမရတဲ့ အရာတစ်ခုရှိပါသေးသည်။ ဒါဟာ သူ့မိသားစုအသစ်က သူ့ကို ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ပြသခြင်းပါပဲ။ အင်း သူ့ညီလေးကလွဲလို့ပေါ့။ သူသည် အကြောင်းတစ်ခုခုကြောင့် အမြဲဒေါသ ထွက်နေပုံရသည်။ သူကလွဲလို့လောင်ယန် ၏ဖခင်နှင့် အကိုဖြစ်သူက သူ့ကိုလွန်စွာချစ်ကြသည်။ သူ့အပေါ်ထားတဲ့ထိုလူနှစ်ယောက်ရဲ့ အချစ်က စစ်မှန်တယ်လို့ ခံစားနိုင်ပေသည်။

ထိုအရာသည် သူ့ဘ၀တွင် တစ်ခါမျှ မခံစားဖူးသော အရာတစ်ခုဖြစ်သည်။ သူသည် လူများကို အမြဲလှည့်စားပြီး သူတို့လိုချင်သည့်ပုံစံအတိုင်း ပြုမူကာ သူ့ကို ကြင်နာမှုပေးလာ‌အောင် လုပ်ခဲ့ရသည်။ ဒီလိုမျိုး ခြွင်းချက်မရှိ မိသားစုအချစ်မျိုးကို သူ ဘယ်တုန်းကမှ မခံစားဖူးပေ။ ဤချစ်ခြင်းမေတ္တာသည် ဤကိုယ်ခန္ဓာ၏ မူလပိုင်ရှင်အတွက်ဖြစ်ကြောင်း သူသိသော်လည်း ပြန်ချစ်ပေးချင် ချင်စိတ်ဖြစ် နေတာ ကိုလည်း သူမတတ်နိုင်ပေ။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now