အပိုင်း(၄၆) ၀တ်စုံများ၀ယ်ခြင်း

573 89 2
                                    

unicode

"အားဂျင်၊ အဆင့်မတင်ခင် ဆိုင်ကို အရင်သွားရအောင်" လောင်ယန်က အထွေထွေဆိုင်မှ ထွက်လာသောအခါ အကြံပြုသည်။ သူတို့သည် ဆိုင်များအားလုံး တည်ရှိရာ မြို့၏ အစိတ်အပိုင်းတစ်ခုတွင်‌ ရောက်နေသည်။ ဒါကြောင့် ဘီလူးတွေကို မသတ်ခင် အခုပဲ ဈေးဝယ်ထွက်ရတာ အဆင်ပြေသည်။

"ငါ စိတ်ထဲမထားပါဘူး၊ ဒါပေမယ့် မင်းမှာ သလင်းကျောက်တွေ ရှိလား" လောင်ဂျင်က မေးသည်။

သူ့မူရင်းရွာမှာရှိတုန်း ကသလင်းဒင်္ဂါးတွေကို ဝယ်ခဲ့သည်။ အဲဒီ အနီရောင်ဆေးတွေကို သုံးရတာကြောင့် ဝယ်ဖို့ လိုသည်။ သူ့တွင် ငွေအမြောက်အမြား အပ်နှံထားသည့် သူ့ကိုယ်ပိုင် ဘဏ်အကောင့်ရှိသဖြင့် ထိုသလင်းကျောက်ပြားများကို ဝယ်ရန် လွယ်ကူသည်။ ဒါပေမယ့် သူ့ဒုတိယအစ်ကိုကော ဘယ်လိုဖြစ်မည်နည်း။ သူတို့အဖေက လောင်ယန် ကို သူ့ဘဏ်အကောင့်ကို ဝင်သုံးခွင့်ပေးတာကို သူမကြားလိုက်ပေ။

လောင်ယန်က သူ့ကို ပြုံးပြသည်။ "အဖေနဲ့အစ်ကိုက ငါ့ကို ဒင်္ဂါးပြားတွေ အများကြီးဝယ်ခဲ့တယ်။ မင်းမသိဘူး၊ ဒါပေမယ့် ငါက အခု တကယ်ချမ်းသာတဲ့ ဂိမ်းအာဏာရှင်တစ်ယောက်ပါ။"

လောင်ဂျင် က ဒါကို သဘောကျသွားသည်။ "ဒီအခေါ်အဝေါ်ကို ဘယ်မှာသင်ခဲ့တာလဲ။"

"အင်တာနက်ထဲမှာ" လောင်ယန်က သူ့ရဲ့နောက်ဆုံးဘဝတစ်လျှောက် အင်တာနက်မှာ အဲဒီအသုံးအနှုန်းကို သင်ယူခဲ့ခြင်းသည်တစ်စိတ်တစ်ပိုင်းမှန်တယ်လို့ ဆိုနိုင်ပါသည်။

"မင်း ထူးထူးဆန်းဆန်းတွေ မကြည့်တာ ပိုကောင်းတယ်"

လောင်ယန် သည် သူ့ခေါင်းကို ဘေးသို့စောင်းလိုက်ပြီး အပြစ်ကင်းစွာ ပြုမူလိုက်သည်။ "ဘာထူးဆန်းလို့လဲ?"

"မင်းသိပါတယ် တစ်ခုခုမသင့်တော်တဲ့ဟာ"

လောင်ယန်သည် အဖြူရောင် မျက်တောင်ရှည်များဖြင့် ဝန်းရံထားသော အပြာရောင် မျက်လုံးများကို မှိတ်လိုက်သည်။ "အားဂျင် က ဘာကို မသင့်တော်ဘူးလို့ ယူဆလဲ"

"မင်းသိပါတယ်--" လောင်ဂျင်က ရပ်လိုက်ပြီး သူ့ဒုတိယအစ်ကိုကို အဲဒီအကြောင်းအရာတွေကို ဘယ်လိုပြောပြနိုင်မည်နည်း။ အဲဒါက သူ့အကြောင်း ရှာဖွေချင်လာနိုင်သည်။ "ဘာပဲဖြစ်ဖြစ် သွားဝယ်ကြရအောင်။" သူလှည့်ပြီး လမ်းလျှောက်သည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now