အပိုင်း (၃) လောင်ယန်အသစ်

1.9K 304 1
                                    

unicode

လောင်ယန်တစ်ယောက် မှင်တက်တွေဝေနေတာကြောင့် ‌ဆရာဝန် ဝင်လာချိန်မှာတောင် သတိမထား မိခဲ့ပေ။ ဒါဟာသူ တုန်လှုပ်နေဆဲ ဖြစ်တဲ့ လက္ခဏာကြီးတစ်ခုပါပဲ။ သူသည် ကျော်ကြား သော 'ပြန်လည်မွေးဖွားခြင်း' ကို ခံစားရမည့်အချိန်တစ်ခု သူ့ဘ၀တွင် ရောက်လာ လိမ့်မည်ဟု သူ မယုံနိုင် လောက်အောင်ပင်ဖြစ်‌နေသည်။ စိတ်ကူးယဉ်ဝတ္ထုများတွင်သာ ဖြစ်မည်ဟု သူထင်ခဲ့သည်။ နေဦး- သူတကယ်မွေးတာမဟုတ်ပေမယ့် စိတ်ကူးယဉ်ဝတ္ထု တစ်ချို့ထဲရောက်နေတာဆိုရင်ကော။ ယခု သူသည် ထို စိတ်ကူးယဉ်ဝတ္ထုတွင် ဇာတ်ကောင်အချို့ ဖြစ်လာခဲ့သည်လား။ သူသည် ဇာတ်လိုက်အတွက်သေပေးရမည့် ဇာတ်ကောင်သေးသေးလေးတောင် ဖြစ်နိုင်သည်။

'မဟုတ်ဘူး၊ ဖြတ်ကူးရတာ သူ့အတွက်နည်းနည်း ပိုလွန်းတယ်။ ထိုအစား ပြန်လည်မွေးဖွားခြင်းကိုသာ ဖြစ်ချင်သည်။ အနည်းဆုံးတော့ သူ ဒီကမ္ဘာထဲမှာပဲ ရှိနေတာ သူသိနိုင်သည်လေ။ ဒါပေမယ့် သူတကယ်ပဲ ကမ္ဘာပေါ်မှာ ရှိနေတာလားဆိုတာ သူဘယ်လိုသိနိုင်မလဲ။ အော်၊ ဟုတ်သားပဲ... ထိုဝတ္ထုများတွင် ပြန်လည်မွေးဖွားခြင်းခံခဲ့ရသောသူများသည် ၎င်းတို့၏မှတ်ညဏ်များကို မူလခန္ဓာကိုယ် ပိုင်ရှင်၏ မှတ်ညဏ်များနှင့် ပေါင်းစည်းရန် အမြဲကြိုးစားခဲ့ကြသည်မဟုတ်လော။'

ထို့ကြောင့် သူသည် မူလပိုင်ရှင်၏ မှတ်ညဏ်အမှတ်ရစရာများကို တွေးတောရန် လိုအပ်ပြီး အဲ့တာဆိုရင်တော့ သူသည် ကမ္ဘာတစ်ခုတည်းတွင် ရှိနေသလား သေချာပေါက် သိနိုင်ပေသည်။

လောင်ယန်သည် မျက်လုံးများကိုမှိတ်ထားပြီး မူရင်းမှတ်ညဏ်ကို တွေးတောရန် ကြိုးစားလိုက်သည်။ မိနစ်တွေကြာပြီး သူရလာတဲ့ မြင်ကွင်းတွေက အပိုင်းပိုင်းကွဲသွားခဲ့ပြီး လှပသော ဥယျာဉ်ကြီးတစ်ခုရှိ အိမ်ကြီးတစ်အိမ်တွင် ကောင်လေးနှစ်ယောက်က သူ့ကို ဆော့ကစားရန် ဆွဲခေါ်လာတော့သည်။ မျက်နှာပေါ်တွင် အေးစက်သောအမူအရာဖြင့်ချောမောတဲ့လူတယောက် ဒါမဲ့ သူ့အားကြည့်သည့် အခါတိုင်း ထိုအမူအရာက ချက်ချင်းပျော့ပြောင်းသွားခဲ့၏။ ထို့အပြင် ချောမောလှပသော မိန်းမကြီးသည် သူ့အား ဖြည်းညှင်းစွာ ပြုံးပြနေသေးသည်။ ပြီးတော့ သူ့စိတ်ထဲမှာ စွဲထင်နေတဲ့ နောက်ဆုံးမြင်ကွင်းကတော့ လှပတဲ့ မိန်းမတစ်ယောက်နဲ့ တခြားကလေးတစ်ယောက်ကို တစ်စုံတစ်ခုမှ ကာကွယ်ဖို့ ကြိုးစားနေသလိုမျိုး တင်းကျပ်စွာ ပွေ့ဖက်ထားပုံပါပဲ။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now