အပိုင်း(၂၈) တောင်ထိပ်မှာရှိသည့်ရဲတိုက်

891 119 1
                                    

unicode

လောင်ယန် က သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ ဝင်လာတဲ့ စပျစ်နွယ်ပင်ကို အမြန် ရှောင်လိုက်သည်။ သို့သော် သူခုန်ချလိုက်သည့်အခိုက်တွင် အခြားစပျစ်နွယ်ပင်တစ်ပင်သည် သူ၏ဘယ်ဘက်ခြေကို ရစ်တွယ်ခဲ့သည်။ ဓားရှည်ကိုထုတ်ပြီး ခုတ်ဖို့ကြိုးစားသည်။ သို့သော် အခြားစပျစ်နွယ်ပင်များက ဓားကိုကိုင်ထားသည့် သူ၏ညာလက်ကို ရစ်ပတ်လိုက်သည်။ ထို့နောက် မကြာမီ သူ့တစ်ကိုယ်လုံးကို နွယ်ပင်များက လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ဖြင့် ချုပ်နှောင်ထားသည်။ သူ့သွေးအား က တဖြည်းဖြည်း လျော့ပါးသွားသလို ခံစားရသည်။ စပျစ်နွယ်ပင်တွေ ပိုတင်းလာလေ၊ သူ့ သွေးလျော့တာ က ပိုမြန်လေဖြစ်နေ၏။

"ဒါကသတိကြီးကြီးထားဖို့တော့လိုတော့မယ်"

သူ အသက်ရှူမဝ‌ တော့ပါ။ သူ့ကိုယ်တွင်းအင်္ဂါများ ကြေမွသွားသည်ကိုပင် ခံစားနိုင်သည်။ သူက ဓားကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး အားအင်အပြည့်နဲ့ အပေါ်ကို လှီးဖြတ်လိုက်သည်။ သူ့ကို ချုပ်ထားတဲ့ စပျစ်နွယ်ပင်တွေက ချက်ချင်း ကျိုးသွားပြီးတော့ ဖုန်မှုန့်တွေ ဖြည်းညှင်းစွာ ပြိုကျသွားသည်။ လောင်ယန်သည် မစောင့်ဘဲ ထိုနေရာမှ ချက်ချင်း ခုန်ထွက်သွားသည်။

သူ့နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးအသစ်တစ်ကောင်ကို သူသတ်လိုက်သည့် လက္ခဏာဖြစ်သည်။ သူသည် သူ၏ မကောင်းဆိုးဝါးဇယားကိုဖွင့်လိုက်ပြီး စာအုပ်တစ်အုပ် သူ့ရှေ့တွင် ပေါ်လာသည်။ နောက်ဆုံးစာမျက်နှာတွင် အချက်အလက်အသစ်တစ်ခု ရေးသားခဲ့သည်။

Blight

- "စပျစ်နွယ်ပင်အရှုပ်အထွေးနှင့် ခွဲခြား၍မရသော မကောင်းဆိုးဝါး။ ၎င်းသည် မကြာခဏ မလှုပ်မယှက်ဖြစ်နေသော်လည်း ၎င်း၏တိုက်ခိုက်ရေးအကွာအဝေးသို့ သင်ဝင်ရောက်သောအခါတွင် ၎င်းသည် ချက်ချင်းတိုက်ခိုက်မည်ဖြစ်သည်။ ရန်သူများကို ဖြိုခွင်းပြီး အသက်ရှုရပ်သည်အထိ ချုပ်နှောင်ထားသည်။ ၎င်းတို့သည် လျင်မြန်စွာကြီးထွားလာပြီးသစ်တောတွေထဲတွင်အေခြေချကာ သစ်တောအသုံးမဝင်သည့်တိုင်အောင်နေထိုင်ကြပါသည်။"

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now