အပိုင်း (၁၅) ရေခဲတောင်အလှတရား

1.5K 288 2
                                    

unicode

လောင်ယန်သည် ရုတ်တရက်ပေါ်လာသော ချောမောသောလူကို စိုက်ကြည့်နေသည်။ အပြာရောင် မျက်လုံးများဖြင့် သူသည် တရုတ်စစ်စစ်မဟုတ်ကြောင်း ထင်ရှားသည်။ သူ့မိဘများထဲမှ တစ်ဦးမှာ နိုင်ငံခြားသားဖြစ်ဖို့များသည်။ သူသည် အရှေ့နှင့်အနောက် ပေါင်းစပ်ထားသည့် ပြီးပြည့်စုံသည့် ပုံစံ ဖြစ်သည်။ ထိုအချိန်တွင် သူ့ရှေ့တွင် စိတ်အနှောက်အယှက်ဖြစ်စေသော ကောင်လေး၏ ဆုပ်ကိုင်ထားမှု‌လျော့သွားသည်ကို သတိပြုမိလိုက်သည်။ လောင်ယန် သည် ထိုအခွင့်အရေးကို ချက်ချင်းယူကာ သူ့လက်ကို ပြန်ယူလိုက်သည်။ ထို့နောက် မျက်လုံးပြာပြာ အလှဆီသို့ တတ်နိုင်သမျှ မြန်မြန် လျှောက် ကာ သူ့နောက်ကွယ်တွင် ပုန်းနေလိုက်သည်။

"အစ်ကိုကြီး၊ ကူညီပါဦး၊ ဟိုမှာက အစ်ကိုက ကြောက်စရာကြီး" လို့ မော့ကြည့်ပြီး ကြောက်လန့်ပြီး သနားစရာဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားရင်း ပြောလိုက်သည်။

ချန်ဂျီယွမ်က သူ့နောက်ကျောမှာ ပုန်းနေတဲ့ ယုန်လေးကို ငုံ့ကြည့်လိုက်သည်။ ယုန်၏မက်မွန်ပွင့်ကြီး၏ မျက်လုံးများသည် ချက်ချင်းပင် ငိုချတော့မလို ၎င်းတို့ထဲတွင် ရေအနည်းငယ်ဖြင့် ကြည်လင်တောက်ပ နေသည်။ ချောမွေ့သော ပါးပြင်များတွင် သေးငယ်သော နီမြန်းမှုများ ရှိသည်။ ချန်ဂျီယွမ် ၏လက်သည် တုန်လှုပ်သွားသည်။ အဲဒီပါးပြင်တွေကို ဆိတ်ချင်နေမိပြီ။

"လာပါ ညီလေး ဘာကိုဆိုလိုတာလဲ၊ ဒီအစ်ကိုကြီးက မင်းကို ကူညီချင်နေတာပဲ"

(ငါ့ဖင်ကိုကူညီပါလား။ မင်းက ဒီနတ်သားလေးကို လိုချင်‌နေတဲ့ နှာဘူးတယောက်ပဲ) လောင်ယန် က မျက်လုံးအပြာရောင်ကောင်လေးရဲ့ ရှပ်အင်္ကျီကို ကိုင်လိုက်သည်။ "အကိုကြီး..."

ချန်ဂျီယွမ် သည် ကောလိပ်ကျောင်းသားဘက်သို့ မလှည့်မီ သနားစရာကောင်းသော ယုန်က‌‌ေလးကို နောက်ထပ် အနည်းငယ် စိုက်ကြည့်ပြီးပြောလိုက်သည်။ "ထွက်သွား။"

ကောင်လေး အနည်းငယ် တုန်လှုပ်သွားသည်။ ဘာကြောင့်လဲဆိုတော့ ဒီလူရဲ့အသံမှာ အတက်အကျ မရှိခဲ့ရင်တောင် သူမထွက်သွားရင် သူအရိုက်ခံရမှာသေချာတယ်လို့ သူခံစားမိနေပါသည်။ အပြာရောင် အကြည့်တွေကြောင့် ဖြစ်နိုင်သည်။ သူတို့ထဲမှာ အပူချိန်မရှိဘူး။ မည်မည်ရရမဟုတ်တဲ့ လူတစ် ယောက်ကို ကြည့်နေသလိုဖြစ်‌နေသည်။ နောက်ဆုံးတော့ ကောင်လေးက ချက်ချင်း ဘဲ ပြေးထွက်သွား၏။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now