အပိုင်း (၅)သူ၏မိသားစုအသစ်နှင့်တွေ့ဆုံခြင်း။

1.7K 310 0
                                    

unicode

"ဒေါက်တာ... ငါ့နာမည်... ဘာလဲဟင်" လောင်ယန်က သူ့ကုတင်ဘေးမှာ ရပ်နေတဲ့ အသက်ကြီးကြီးနှင့် ဆရာဝန်ကို မေးလိုက်သည်။

ဆရာဝန်သည် တစ်စက္ကန့်မျှ မတ်တပ်ရပ်ပြီးနောက် သူ့မျက်နှာပေါ်တွင် အနည်းငယ် ထိတ်လန့်သော အမူအရာ ပေါ်လာတော့သည်။ "မင်းနာမည် မမှတ်မိဘူးလား" ဟုထိုဆရာဝန်မှ မေးလာသောအခါ လောင်ယန် ခေါင်းညိတ်ပြလိုက်သည်။ "နောက်ထပ်ရော ဘာတွေမမှတ်မိသေးတာလဲ"

"အားလုံးပဲလေ"

ထိုအခါ ဒေါက်တာဟန် သက်ပြင်းချလိုက်မိသည်။ ဆယ်ကျော်သက်ရဲ့ စိတ်အခြေအနေကို အရင်ဆုံးမေးလိုက်သင့်သည်။ အဲဒါက သူ့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးနောက်မှာ အရေးကြီးဆုံးပါပဲ။ သူနိုးလာတာကိုမြင်တော့ အရမ်းစိတ်လှုပ်ရှားလွန်းလို့ အခြေခံအကျဆုံးအရာမေးဖို့တောင် မေ့သွားခြင်းဖြစ်သည်။ သူတခုခုကိုမှတ်မိဖို့ကြာလိ့မ်မည်။ ဆယ်ကျော်သက်လေး သတိမေ့ခြင်း ဖြစ်မည်မှာ သေချာသည်။ သူကြုံခဲ့ရတဲ့ မတော်တဆမှု အတိုင်းအတာကို သုံးသပ်ကြည့်ရင် ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် သူ့ခေါင်းက တော်တော်ထိသွားတာမလို့ပါ။ ဒီလိုမျိုး နောက်ဆက်တွဲဖြစ်လာဖို့ မျှော်လင့်ထားခဲ့တာချည်းပါပဲ။

"သခင်ငယ်လေး နာမည်က လောင်ယန် ပါ" ဟု ဆယ်ကျော်သက်အား ကြင်နာစွာပြောလိုက်သည်။

ဒေါက်တာဟန်သည် ဆယ်ကျော်သက်၏ ရှုပ်ယှက်ခတ်သောအကြည့်ကို စိုက်ကြည့်ကာ သက်ပြင်းလေးပင် ပိုပြီးချမိလိုက်သည်။ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အမှန်အတိုင်းပြောဖို့က မေးခွန်းထုတ်စရာမရှိပါဘူး။ ဒါမဲ့ဒါကသူ့အပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှု ရှိနိုင် သည်လေ။ သူ့ရဲ့ လက်ရှိ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို တွေးကြည့်ရင် သူ့ကို ထပ်ပြီး လှုံ့ဆော်ဖို့က မကောင်းနိုင်ပေ။

"ငါတို့ အခု တစ်ကိုယ်လုံး ဆေးစစ်မှု လုပ်ကြမယ်နော် သခင်ငယ်လေး" ဆရာဝန်က ဆက်ပြောလာသည်။

"နာမှာလားဟင်..."

"ဟုတ်ပါဘူး စိတ်ချစွာနားပါ၊ မင်း ဘာမှခံစားရမှာ မဟုတ်ပါဘူး။"

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now