အပိုင်း (၁၂) သူ့IQကိုတိုက်ခိုက်ခံနေရတယ်။

1.5K 283 0
                                    

unicode

လောင်ယန်က စာကြည့်တိုက်ထဲမှာ ထိုင်နေခဲ့သည်။ စာအုပ်စင်ပေါင်း ဒါဇင်ပေါင်းများစွာရှိတဲ့ စာကြည့်တိုက်ကြီးတစ်ခုပဲဖြစ်သည်။ စာအုပ်တချို့ရဖို့အတွက် လှေခါးတက်ဖို့တောင် လိုသေး၏။ စာအုပ်များကို ပညာရေးနှင့် စာပေကြားတွင် ခွဲခြားထားပေးသည်။ စာပေကို အမျိုးအစားအလိုက် ခွဲခြားထားသော်လည်း၊ ပညာရေးဆိုင်ရာ စာအုပ်များသည် မတူညီသော ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များနှင့် ခွဲခြားထားပြန်သည်။

လောင်ယန်သည် ဤနေရာသို့ ပထမဆုံးဝင်ရောက်လာသောအခါတွင် သူသည် အမှန်တကယ်ပင် အံ့သြထိတ်လန့်သွားခဲ့သည်။ အိမ်တစ်အိမ်မှာ ဒီလောက်ကြီးကျယ်တဲ့ စာကြည့်တိုက်ရှိမယ်လို့ မထင်ထားမိဘူးလေ။ သူ့အစ်ကိုရဲ့ အဆိုအရ သူတို့အဖေက စာဖတ်ရတာ ဝါသနာပါတာကြောင့် အမေက အိမ်ကြီးကို ဒီဇိုင်းဆွဲတဲ့အခါ ဒီစာကြည့်တိုက်ကြီးကို ထည့်ဖို့ တွန့်ဆုတ်မနေခဲ့ပါဘူးတဲ့။ ဒါလည်း သူတို့မိဘတွေ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိချစ်ကြောင်း သက်သေပြနေပြန်သေးသည်။

မနက်စာစားချိန်မှာ မိသားစု စကားစမြည်ပြောပြီးတဲ့အခါ လောင်ဂျင် က သူ့ကို ဒီနေ့ကစပြီး သင်ပေးမယ်လို့ ချက်ချင်းကြေငြာလာခဲ့သည်။ အခု လောင်ယန်က သူ့ကို စာကြည့် တိုက်ထဲမှာ စောင့်နေလိုက်သည်။ လောင်ဂျင်ရဲ့အခန်းမှာ ဘာကြောင့် စာမသင်နိုင်ရတာလဲ ဆိုတာကို အရင်ဆုံး တွေးမိပြီး သူ့ညီရဲ့ အခန်းက ဒုတိယထပ်မှာ ရှိနေတာကို သတိရမိလိုက်သည်။ လောင်ဂျင်က အဲ့ဒီမှာ စာသင်ရင် သူပင်ပန်းမှာကို စိုးရိမ်နေ၏။ အိမ်ရဲ့လှေကားက တော်တော်မြင့် ရှည်ပြီးသူ့ရဲ့ လက်ရှိအခြေ အနေအရတော့ သတိမထားမိရင် လဲကျနိုင်ပါသည်။ အဲ့လိုစဥ်းစားပြီးနောက်မှာတော့ လောင်ယန် ပြုံး လိုက်မိတော့သည်။ သူ့ညီလေး က အထဲမှာနူးညံ့တံ့အတွင်းစိတ်နဲ့ ရှိနေပါသေးသည်။

ခဏအကြာတွင် စာကြည့်တိုက်တံခါးပွင့်လာပြီး လောင်ဂျင်ဝင်လာခဲ့သည်။ သူသည် စာရွက်တစ်ရွက်ကို ကိုင်ထားပြီး လောင်ယန်ဆီသို့ လျှောက်သွားကာ သူ့ထိုင်ခုံဘေးတွင် ဝင်ထိုင်လိုက်သည်။ သူက စာရွက်တွေကို သူတို့ရှေ့မှာ စားပွဲပေါ်တင်ပြီး တစ်ရွက်ကို ရွေးပြီး လောင်ယန်ရှေ့မှာ တင်လိုက်ပြီး အထဲမှာ စက်ဘောပင်နဲ့ ခဲဖျက်ပါတဲ့ ခဲတံအိတ်ကိုလည်း ဖွင့်လိုက်ပါသည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now