အပိုင်း(၃၇) ပြင်ဆင်ခြင်း

661 97 1
                                    

unicode

အရင်အချိန်တုန်းက လောင်ယန်သည် အကာဒီရာ ၏ကွန်ပြူတာ ဗားရှင်းကို ကစားသောအခါတွင် သူသည် ဒဂါး များကို ဝယ်ယူခြင်းမှာအလွန်ပင်ရှားပါးလှပေသည်။ သူ၏ဂိမ်းအတွင်း ဒင်္ဂါးများ အားလုံးကို မတူညီသောအလုပ်များ လုပ်ဆောင်ခြင်းမှ ရရှိသောဆုကြေးများ အပြင် သူ့တွင် ရှိသော ပစ္စည်းများသည်လည်း ဆရာကြီးစီးနင်းမှုနှင့် ထောင်များ ကို ရှာဖွေခြင်းမှ ရလာခဲ့ခြင်းဖြစ်သည်။ သူသည် အခြားသော ကစားသမားများနှင့် PK-ing (one Vs oneတိုက်ခိုက်ခြင်း) မှလည်း ပစ္စည်းများကို ရရှိခဲ့သည်။ ဒါကြောင့် သူ့အတွက် ငွေအများကြီး အကုန်အကျခံဖို့ မလိုအပ်ခဲ့ပေ။

သူသည် ဆင်းရဲနွမ်းပါးသော ပညာသင်ဆု ကျောင်းသားတစ်ဦးသာ ဖြစ်ခဲ့သည်လေ၊ ထိုစဉ်က ပုံဆောင်ခဲဒင်္ဂါးများကို ဝယ်ရန် အပိုငွေကို ဘယ်မှာ ရနိုင်မည်နည်း။ ဂိမ်းတွင် အားသွန်ခွန်စိုက် လုပ်ဆောင်ခြင်းဖြင့် အရည်အသွေးမြင့် လက်နက်များ၊ ဆက်စပ်ပစ္စည်းများနှင့် သံချပ်ကာများကို ရရှိနိုင်သေးသောကြောင့် အရေးမကြီးခဲ့ပေ။ ဒါပေမယ့် အခုတော့ သူ့မှာ ရုတ်တရတ် ၂,၀၀၀,၀၀၀ ရှိသွားပြီဖြစ်သည်။

ဂိမ်းထဲမှာ ပိုက်ဆံနဲ့ဝယ်လို့ရတဲ့ အကောင်းဆုံးပစ္စည်းတွေကို ရနိုင်အောင် ပိုက်ဆံသုံးတဲ့ ဂိမ်းကစား သူတစ်ယောက်လို ရုတ်တရက်ဖြစ်လာတယ်လို့ သူခံစားရသည်။ ကောင်းပြီ၊ ထိုအမျိုးအစားများနှင့် မတူဘဲ အနည်းဆုံးတော့ ၎င်းတို့လိုမဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။ သူ့အဖေနဲ့အစ်ကိုက သူ့အတွက် ဝယ်ထားတဲ့ ဒီသလင်းကျောက်ပြားတွေကို သူမကြိုက်တာတော့လည်း မဟုတ်ပေ။ ထို့အပြင် ဒါဟာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသတဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ ဆိုတော့ကား သူ ကောင်းကောင်း အသုံးချပေးမည်ပင် ။

ပြီးသွားတော့ သူလုပ်တော့မယ့် လျှို့ဝှက်ကိစ္စရပ်ကို တွေးနေလိုက်သည်။ နဂါးအကြောင်းကို အံ့အားသင့်စွာ ကြားပြီးနောက်တွင် သူနှင့် ထိပ်တိုက်တွေ့မည့် ဖြစ်နိုင်ခြေသည် အမှန်တကယ်ပင် အလွန်နည်းပါးကြောင်း သိလိုက်ရသည်။ ဤသည်မှာ မူလရွာတွင်သာ ရှိနေသေးသည်။ လျှို့ဝှက်ဖြစ်ရပ်တစ်ခုကို သူကြုံတွေ့ခဲ့ရသော်လည်း ၎င်းကို စတင်သူများအတွက် ဒီဇိုင်း ထုတ်ထားဆဲဖြစ်သည်။ အကယ်၍ စတင်သူအား နဂါးနှင့် တိုက်ခိုက်ရန် တောင်းဆိုပါက ၎င်းတို့၏ ရှုံးနိမ့်မှုသည် ရှောင်လွှဲ၍မရပေ။ အစပြုသူအတွက် ဤတာဝန်ကို ပြီးမြောက်ရန်မှာ မဖြစ်နိုင်ပေ။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now