အပိုင်း(၃၀) ရုပ်ဆိုးတဲ့သစ်ပင်ထံမှခုခံခြင်း

779 129 0
                                    

unicode

လောင်ယန်သည် ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ရှုပြီး ကြောက်စရာကောင်းသောသစ်ပင်ကို မည်ကဲ့သို့အနိုင်ယူရမည်နည်းကို တွေးတောနေခဲ့သည်။ ဒါပေမယ့် အနားကို ဖြည်းညှင်းစွာ တွားသွားနေတဲ့ Blights တွေကလွဲရင် ဒီမှာ ဘာမှ မရှိပါ။ ထို့နောက် သူသည် အကာဒီရာရှိ အပင်အခြေပြု မကောင်းဆိုးဝါးများအကြောင်း အချက်အလက်အချို့ကို မှတ်မိရန် ကြိုးစား ခဲ့သည်။ စိတ်ထဲမှာ ပေါ်လာတာတခုတည်း‌ သောအရာက သူတို့ရဲ့ အားနည်းချက် မီးပင်ဖြစ်၏။

ဒါပေမယ့် မီးတိုင်းမဟုတ်‌ ပေ။ ကစားသမားတစ်ယောက်ရဲ့ မီးကိုအခြေခံတဲ့ ကျွမ်းကျင်မှုဖြစ်ဖို့ လိုအပ်ပါသည်။ ဒါမှမဟုတ် မီးမန္တန်ပါတဲ့ အရာတစ်ခုလည်း ဖြစ်နိုင်သည်။ မီးကိုအခြေခံတဲ့ လက်နက်နဲ့ တိုက်ခိုက်တာတွေလည်း လုပ်ခြင်းဖြစ်သည်။ ဒါပေမယ့် သူ့မှာ အဲဒါတွေ မရှိဘူးဆိုတော့ အဲဒီသုံးမျိုးထဲက တစ်ခုခုနဲ့ နည်းဗျူဟာကို စဉ်းစားတာက အသုံးမကျပေ။

ဒီသစ်ပင်သတ်တာခံပြီး မူလရွာမှာ ပြန်မွေးရမည်လား။ အဲဒီအခါမှာ မီးမန္တန်ကို ဝယ်လိုက်ရုံပဲဖြစ်သည်။ အဲဒီ့နောက်မှာတော့ ဒီသစ်ပင်ကို မီးရှို့ဖို့ ဒီကိုပြန်လာလိုက်မည်။။ သူသည် ထိုအကြံကို ချက်ချင်းငြင်းဆန်လိုက်သည်။ " မဟုတ်ဘူး" ဒီလိုလုပ်တာဟာ အရူံးပေးခြင်းနဲ့ အတူတူပင်ဖြစ်သည်။ ဤရုပ်ဆိုးသောသစ်ပင်ကို သူ၏လက်ရှိစွမ်းအားတစ်ခုတည်းဖြင့် အနိုင်မယူနိုင်ဟု ပြောသကဲ့သို့ပင်ဖြစ်‌ နေသည်။ ဒါကို သူဘယ်လိုယူနိုင်မည်နည်း။

လောင်ယန် တကယ်သာ ဒီဂိမ်းမှာ အစပြုသူသာဆိုရင်၊ သူဒီလိုလုပ်ရတာ ဘာပြဿနာမှ ရှိမှာမဟုတ်ပါ။ ဒါပေမယ့် သူမဟုတ်‌ ပေ။ ဟိုးရှေးရှေးတုန်းက သူဟာ ဒီဂိမ်းမှာ နာမည်ကြီး ကစားသမားတစ်ဦးလည်း ဖြစ်ပါခဲ့ပါသည်။ "အင်း၊ ဒီခန္ဓာကိုယ်က ခုနစ်နှစ်လောက် မေ့မြော နေရင်တောင်မှ သူ့အတွက်က မနေ့ကလိုပါပဲ။ " ထို့ကြောင့် သူ့အတွက်၊ ဤသစ်ပင်ကို အနိုင်ယူနိုင် စေရန်သာ ပြန်လည်ရှင်သန်ရန် ရွေးချယ်ခြင်းသည် သူ၏ ကျွမ်းကျင်မှုကို ကြီးမားသော စော်ကားမှုတစ်ခုလိုပင်ဖြစ်နေသည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now