အပိုင်း (၁၃) သူတို့ရဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှု

1.6K 299 1
                                    

unicode

လောင်ယန် နှင့် လောင်ဂျင်တို့သည် အနက်ရောင် ဇိမ်ခံကားနောက်တွင် ထိုင်နေကြသည်။ သူတို့ အကိုကြီး ဘွဲ့နှင်းသဘင် အခမ်းအနားတက်ဖို့ F University ကို သွားနေကြသည်။ သူတို့ အကိုကြီး လည်း အဆင်သင့်ရှိနေပြီဖြစ်သည်။ ဘွဲ့နှင်းသဘင်ခန်းမမှာ မိန့်ခွန်းပြောဖို့ ရွေးချယ် ကတည်းက ပြင်ဆင်ထားဖို့ လိုသည်။ သူသည် စီးပွားရေးဌာန၏ ထိပ်တန်းဘွဲ့ရ တစ်ဦးဖြစ်သောကြောင့် ဖြစ်နိုင်သည်။ တန်ဟွာအဖွဲ့အစည်း၏ဥက္ကဋ္ဌ၏သားဖြစ်ခြင်းသည်လည်း ထပ်လောင်းအချက် တစ်ခုဖြစ်သည်။ သူတို့အဖေက နောက်မှလာမှာမို့ လောင်ယန် နဲ့ လောင်ဂျင် တို့ အဲဒီကို အရင်သွား ကြတာဖြစ်သည်။

လောင်ယန်သည် ကားပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မနက်ဖြန်မှာ သူ့အဖေ ငှားထားတဲ့ ကျူရှင်ဆရာတွေက သူ့အိမ်ကို လာသင်ပေးနေပြီဖြစ်သည်။ သူတို့နဲ့ ဘယ်လို ရင်ဆိုင် ရမလဲဆိုတာ သူ့မှာ အစီအစဉ်ရှိပြီးသားဖြစ်သည်။ သူ့ရဲ့ သင်ယူနိုင်စွမ်းကို ပြသဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ သူ့ကို သင်ပေးခိုင်းတာတော့ ဟုတ်ပါတယ်။ သူသည် အရာအားလုံးကို ရုတ်တရက် မသင်ယူနိုင်ခဲ့ပါ။ အဲဒီအခါမှာ သူတို့ သင်ပေးတာကို တခါထဲရှင်းပြတာနဲ့နားလည်သလို ပြုမူလိမ့်ပါလိမ့်မည်။ အဲဒါက သူသင်ပေးသမျှကို အလွယ်တကူ စုပ်ယူနိုင်တဲ့ အမျိုးအစားဖြစ်တယ်ဆိုတာ ပြသပါ‌ေနခြင်းဖြစ်သည်။ သေချာတာကတော့ သူ့ကို ဉာဏ်ကြီးရှင်တစ်ယောက်လို ပေါ်လွင်စေမှာ သေချာပါသည်။ ဒါပေမယ့် အဲဒါက ငတုံးလို့ တံဆိပ်ကပ်တာထက်ပိုသာတာ‌ေတာ့သေချာပါတယ်။

လောင်ယန်သည် သူ့မိသားစု ချမ်းသာကြောင်း သိလာသောအခါတွင် ဆားငန်ငါးဆားအဖြစ်သာ ဘဝကို ရှင်သန်နိုင်မည်ဟု ပထမဆုံး တွေးလိုက်မိသည် ။ ဘာမှမလုပ်ဘဲ သူတို့မိသားစုရဲ့ စည်းစိမ်ကို မှီခို‌နေ တော့မည်။ ဒါပေမယ့် သူ့အဖေနဲ့ ညီအစ်ကိုနှစ်ယောက်ကို ဖြည်းဖြည်းချင်း သိလာပြီးတဲ့နောက်မှာ သူတို့အတွက် အရှက်မခွဲချင်တော့ဘူးဆိုတာကို သူသိလာပါသည်။ ထို့ကြောင့် သူသည် ဘွဲ့ယူကာ သူတို့ဖို့ဂုဏ်ယူအောင်လုပ်ပြီး အရင်ဘဝတွင် လုပ်ချင်ပေမဲ့မလုပ်နိုင်တဲ့ဟာတွေကိုလုပ်ပါတော့မည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now