အပိုင်း (၂) ဒီနတ်သားက ဘယ်သူလဲ။

2K 327 1
                                    

unicode

လောင်ယန် သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး ဆင်တစ်ကောင်က သူ့မျက်ခွံပေါ် တက်နင်းနေသလို ခံစားရသည်။ လေးလံလွန်းတယ်၊ သူဖွင့်ဖို့ မနည်းကြိုးစားလိုက်ရသည်။ ထို့နောက် ပထမဆုံးမြင်လိုက်ရသည်မှာ အဖြူရောင်မျက်နှာကျက်တစ်ခုဖြစ်သည်။ ထို့အပြင် ပြင်းထန်သော ပိုးသတ် ဆေးများ၏ အနံ့သည် သူ့နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ တိတ်ဆိတ်မှုတွင် သူကြားနိုင်သည့် တစ်ခုတည်းသော အရာမှာ သူ့ကုတင်ဘေးရှိ စက်၏ မြည်သံပင်ဖြစ်သည်။ သူဘယ်ရောက်နေလဲဆိုတာ သိဖို့ အချိန်သိပ်မကြာလိုက်ပေ။

အော်....ဆေးရုံအခန်းမှာပဲ။

သူဘာကြောင့် ဆေးရုံတက်နေရတာလဲ။ ထို့နောက် သူ့အမေးကို ဖြေလိုက်သလိုပင် သူ့စိတ်ထဲမှာ မှတ်ဥာဏ်များ ပြိုကျလာတော့သည်။

သူ ပထမဆုံး သတိရမိတာက ကောလိပ်အိပ်ဆောင်ကနေ ပျော်ပျော်ရွှင်ရွှင် ထွက်သွားခြင်းဖြစ်သည်။ သူ့အလုပ်သစ်မှာ ပထမဆုံးနေ့ဆိုတော့ အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ သူ့အထက်လူကြီးတွေကို အထင်ကြီးစေချင်တာကြောင့် စောစောထွက်ခဲ့ပေမယ့် သူထွက်ခါနီးမှာ အိုးတစ်လုံးက သူ့မျက်နှာကို တည့်တည့်ကျလာခဲ့၏။

လောင်ယန်က ဒါဟာ သူ့အဆုံးသတ်ပဲလို့ တကယ်ထင်ခဲ့တာပင်။ ဒါပေမယ့် သူ ပြန်နိုးထနိုင်လာတာကို မြင်လိုက်ရတော့ သူမသေသေးဘူးပဲ ။ ဒါဆို သူ့အလုပ်က ကောဘယ်လိုဖြစ်သွားပြီလဲဟေ။ တစ် ယောက်ယောက်က သူ့အဖြစ်အပျက်ကို အကြောင်းကြားခဲ့တာလား။ ဒီကိစ္စကြောင့်သူ့ကို တော့ အလုပ်ဖြုတ်မှာ မဟုတ်ဘူး ဟုတ်တယ်မလား ။ ဒါဟာ လုံးဝမတော်တဆမှုတစ်ခုပါပဲ။ သူ့အပြစ်တောင် မဟုတ်ဘူး။ ဒီအပင်ကို ပြုတ်ကျတဲ့ ငတုံးကောင်ရဲ့ အပြစ်။ လောင်ယန် က ဘယ်သူလဲဆိုတာ သိရင် သူတို့ကို ထိုးတာနဲ့တင်လုံလောက်မှာမဟုတ်ဘူးလို့ကျိန်ဆိုနေမိ၏။

သူ ဒီကို ရောက်နေတာ ဘယ်လောက်တောင်ကြာပြီလဲ။

လောင်ယန်က လှုပ်ဖို့ကြိုးစားပေမယ့် လည်းမလုပ်နိုင်ဘူးဖြစ်နေတာကြောင့် သူ ထိတ်လန့်သွား ရတော့သည်။ ဒီပန်းအိုးလေးတစ်အိုးက သူ့ဦးနှောက်ကို တကယ်ထိခိုက်စေပြီး တစ်နည်းတစ်ဖုံ လေဖြတ်သွားတယ်ဆိုရင်ကော။ ခနနေဦး။ သူ့လက်တွေ ခြေထောက်တွေက ခံစားချက်တွေကို ခံစားရတုန်းပဲ။ တကယ်တော့ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေခဲ့တာပင်။ ထို့အပြင် သူသည် အလွန်အားနည်းသည်ဟုလည်း ခံစားရသည်။ အင်း၊ အနည်းဆုံး ဒါက သူ လေဖြတ်ခြင်း မဟုတ်ဘူးလို့ ဆိုလိုတာပေါ့။ သို့သော်လည်း လောယန် ဤအားနည်းသောအခြေအနေကို မကြိုက်ပေ။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now