အပိုင်း(၃၂) အကြီးကဲဆီမှဆုလာဘ်

779 121 8
                                    

unicode

လောင်ယန် သည် မိသားစုနှင့်အတူ တစ်နေကုန်နေခဲ့သည်။ ညစာစားပြီးမှသာ ဂိမ်းထဲပြန်‌ ရောက်နိုင်ခဲ့သည်။ သူထွက်သွားသည့်နေရာအတိအကျတွင် သူပေါ်လာသည်။ အရုပ်ဆိုးသောအပင်သည် ပြန်လည်ရှင်သန်နေပြီဖြစ်သည်ကို သူသတိပြုမိသည်။ သူသည် သစ်ပင်၏တိုက်ခိုက်မှုအကွာအဝေးမှ လုံခြုံသောနေရာသို့ ချက်ချင်းပြေးသွားခဲ့သည်။

အကြီးအကဲ၏တာဝန်နှင့် နောက်ထပ်တာဝန်ကို ပြီးပြီဖြစ်သောကြောင့် ရွာသို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူဘယ်လိုဆုမျိုးတွေရမယ်ဆိုတာ သိလို့ အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ ရွာသို့သွားရာလမ်းတွင် သူသည် ဘီလူးများကိုသတ်ပြီး အဆင့်များကို ဆက်လက်တင်ခဲ့သည်။ ရွာကိုရောက်တဲ့အချိန်မှာတော့ အဆင့် ၁၂ ရောက်နေပြီဖြစ်သည်။

ရွာဝင်ပေါက်နဲ့ ပေအနည်းငယ်အကွာမှာ ရပ်နေတဲ့သူဟာ ရွာထဲက တံခါးမှူးနဲ့ သူတွေ့ခဲ့တဲ့ ဂိတ်စောင့်နဲ့ မတူတာကို သတိပြုမိလိုက်သည်။ သားဖြစ်သူက ပျောက်ဆုံးနေသည့့် တယောက်ပင်ဖြစ်သည်။ တံခါးဘေးမှာ ရပ်နေတဲ့ နတ်သူငယ် ရဲ့ အထက်မှာ လွင့်မျောနေတဲ့ နာမည်ကို သူကြည့်လိုက်သည်။ 'ယာယီတံခါးစောင့်' ဟုဆိုသည်။

လောင်ယန်သည် NPC(လူမဆော့ဇာတ်ကောင်) ကို အနည်းငယ် သနားသွားသည်။ ဂိမ်းဆော့သူသည် သူ့အား နာမည် သို့မဟုတ် သင့်လျော်သော ခေါင်းစဉ်တစ်ခုပေးရန်ပင် အလေးပေးခဲ့ခြင်းမရှိပေ။

သူသည် ဂိတ်ပေါက်ဆီသို့ ပြေးသွားပြီး NPC က သူ့ကို ချက်ချင်း သတိထားမိသည်။ "နော့တစ်၊ မင်းပြန်လာပြီ။ မင်းအငယ်ကောင်ကပေးတဲ့တာဝန်ကိုပြီးပြီလား"

"ဟုတ်တယ်၊ ငါ Blights ကိုအနိုင်ယူခဲ့တယ်။"

"ကောင်းလိုက်တာ၊ လူကြီးက မင်းကို ချောမောစွာ ဆုချမှာ သေချာတယ်။"

"တံခါးစောင့်ဟောင်း ဘယ်မှာလဲ" မေးဖို့စဉ်းစားလိုက်သည်။

ယာယီဂိတ်မှူးက သက်ပြင်းချလိုက်သည်။ "မင်းရွာကထွက်ပြီးပြီးချင်း သူရုတ်တရက် ပြိုလဲသွားတယ်။ အကြီးကဲက သူ့ကို ဆေးဆရာရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ထားခဲ့ပြီး လုံးလုံးနေကောင်းလာတဲ့အထိ မထွက်ဖို့ တားမြစ်ခဲ့တယ်။ သားဖြစ်သူကို ဒီမှာ တစ်လလောက်စောင့်ပြီး မထွက်သွားခဲ့တာ အခုလိုဖြစ်သွားတာ အံ့သြစရာမရှိပါဘူး။ "

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now