အပိုင်း(၂၇) ညီအငယ်ကိုစနောက်ခြင်း

990 150 1
                                    

Unicode

လောင်ယန် မျှော်လင့်ထားသည့်အတိုင်း နှစ်နာရီကြာကစားပြီးနောက် လခြမ်းပုံသစ်တော မြောက်ဘက်ခြမ်းသို့သွားသောလမ်း၏လေးပုံသုံးပုံခန့်သာသွားလာနိုင်ခဲ့သည်။ ခရီးသွားခြင်းနှင့် လမ်းတစ်လျှောက်ရှိ ဘီလူးများကို တိုက်ခိုက်ခြင်းသည် အဆင့်များကို တင်ရန် နည်းလမ်း ကောင်း တစ်ခုဖြစ်သောကြောင့် သူ စိတ်ထဲမထားခဲ့ပါ။ နှစ်နာရီကြာကစားပြီးနောက်၊ သူသည် ယခုအခါ အဆင့် 8 တွင်ရောက်ရှိနေပြီဖြစ်သည်။ ဤနှုန်းဖြင့်၊ သူပေးသောအလုပ်နှင့် ဖီလီအပါအဝင် လျှို့ဝှက်ဖြစ်ရပ်ကို ပြီးမြောက်သောအခါ၊ သူသည် အဆင့် 10 ကျော်သွားမည်ဖြစ်သည်။

ညစာစားချိန်နီးနေပြီဖြစ်သောကြောင့် သူ့အခန်းထဲမှ ထွက်လာခဲ့သည်။ လောင်ဂျင်က လှေကားထစ်ပေါ်ကို ဆင်းလာတာကို သူ ဧည့်ခန်းဆီ လှမ်းမြင်လိုက်သည် ။ အထူးသဖြင့် သူ့ညီရဲ့ ဂိမ်းဇာတ်‌ေကာင်ရဲ့ ချစ်စရာ ပရိုဖိုင်ကို သတိရပြီးတာနဲ့ သူ့မျက်လုံးတွေက ချက်ချင်း တောက်ပလာခဲ့သည်။

"အားဂျင်မင်းရော ကစားပြီးပြီလား" ဟု သူ့ညီလေး လှေကားခြေရင်းသို့ ရောက်သောအခါ သူမေးလိုက်သည်။ လောင်ဂျင်က ခေါင်းတညိတ်ညိတ်နှင့် "မင်းကို ငါပြောသလိုပဲလူမ‌ေဆာ့ဇာတ်‌ေကာင်တွေနဲ့ စကားပြော‌ သေးလား။"

"ငါလုပ်ခဲ့တယ်။"

တကယ်တော့ လောင်ဂျင်သည် ထို လူမဆော့ဇတ်ကောင်များနှင့် စကားပြောဆိုရာတွင် အချိန်အများစုကို ကုန်ဆုံးခဲ့သည်။ သူက စေ့စေ့စပ်စပ် ဖြစ်နေလို့ မဟုတ် ပေ။ ဒါပေမယ့် ရှက်စရာကောင်းတဲ့ အကြောင်းပြချက်ကြောင့်ပင်ဖြစ်သည်။ သူ့ဇာတ် ကောင်ကို ကောင်း ကောင်းမထိန်းချုပ်နိုင်ခဲ့ ပေ။ သူသည် မိမိခြေထောက်ပေါ်၌ တရွေ့ရွေ့ နင်းလျက် အရာဝတ္ထုများကို အဆက်မပြတ် ဆောင့်တိုက်နေ၏။ သူစဉ်းစားနိုင်သည့် အကြောင်းရင်းတစ်ခုမှာ အဘယ်ကြောင့်ဆိုသော် သူသည် ဤမျှသေးငယ်သော ခန္ဓာကိုယ်ကို ကျင့်သားမရသော‌ေကြာင့်ဖြစ်သည်။ ဒီတော့ သူ့ရဲ့ ဟန်ချက်ညီမှု နဲ့ ရောထွေးနေပါသည်။နောက်ထပ်အ‌ေကြာင်း ရင်းကတော့ သူဘာမှကျွမ်းကျင်မှုမရှိတဲ့ ငပိန်းလေးတစ်ယောက်ဖြစ်‌နေခြင်းကြောင့်ပါ။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now