အပိုင်း(၃၁) နွေးထွေးသည့်နေ့လည်စာ

745 136 2
                                    

unicode

လောင်မိသားစုသည် ၎င်းတို့၏ အိမ်ကြီး၏ နောက်ဖေးတွင်ရှိသော အဆောက်အုံငယ် တွင် နေ့လည်စာ စားနေပါသည်။ ကြည်လင်သော စားပွဲပေါ်ရှိ ဟင်းပွဲများသည် အရသာရှိလှသည်။ အစေခံနှစ်ယောက် သည် သူတို့လိုအပ်သမျှကို ချက်ချင်းယူဆောင်လာနိုင်ကြောင်း သေချာစေရန် ဝိုင်းရံထားကြသည်။ မတူညီတဲ့ ပန်းတွေရဲ့ မွှေးရနံ့က သူတို့ပတ်ဝန်းကျင်မှာ ရှိနေသည်။

လောင်ယန်ဟာ ဒီလိုမျိုး အစားအသောက်မျိုး တစ်ခါမှ မစားဖူးပါ။ သူတွေးမနေနိုင်တော့ပဲ၊ သူက အခု တကယ်ချမ်းသာတဲ့ သခင်လူငယ်တစ်ယောက်ဖြစ်နေပြီဟူ၍တွေးရုံကလွဲ၍မတတ်နိုင်ပဲဖြစ်နေသည်။

သူ့အဖေက ရုတ်တရက် ဝက်သား ပေါက်စီကို သူ့ပန်းကန်ပေါ်မှာ တင်လိုက်သည်။

"ဒါကိုစားပါ ရှောင်ယန်"

လောင်ယန် ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဖေဖေ။"

လောင်ဝေတန်သည် ထိုအပြုံးကြောင့် ရုတ်တရက် သက်သာသွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူက လောင်ယန် ၏ပန်းကန်ပေါ်တွင် ဖက်ထုပ်များကို တစ်လုံးပြီးတစ်လုံး အလျင်အမြန် ထည့်လိုက်သည်။ "များများစားလေ အရမ်းပိန်မသွားဘူးလား"

"ဖေဖေ၊ ယန်ယန် ရဲ့ပန်းကန်ပေါ်မှာ ဖက်ထုပ်တွေ မထည့်ပါနဲ့" လောင်ရမ် က ကြိမ်းမောင်းသည်။ ထို့နောက် သူသည် ဟင်းရွက်မွှေကြော်မှ အသီးအရွက်အနည်းငယ်ကို ယူကာ လောင်ယန် ၏ပန်းကန်ပြားပေါ်တွင် တင်ပေးလာသည်။ "ဒီမှာ ယန်ယန်အသီးအရွက်စားတာက ပိုအာဟာရဖြစ်တယ်"

လောင်ယန် ကလည်း သူ့အစ်ကိုကို ပြုံးပြသည်။ "ကျေးဇူးတင်ပါတယ်အကို။"

လောင်ရမ် သည် သူ့အစ်ကို၏ ချိုမြိန်သော အပြုံးကို မြင်လိုက်သောအခါ ချက်ချင်းပင် စိတ်‌ေပျာ်ရွှင်သွားသည်။

လောင်ဂျင် သည် သူ့အဖေနှင့် အကိုကြီး လောင်ယန် ကိုပေးသော အစားအစာကို ကြည့်နေသည်။ ထို့နောက် စားပွဲပေါ်ရှိ ဟင်းလျာများကို တစ်ချက်ကြည့်လိုက်ပြီး ပုဇွန်ချိုချဥ် ပန်းကန်ပြား ပေါ် ရှိဟင်းလျာများကိုသော့ခတ်ထားသလို စိုက်ကြည့်နေသည်။ သူသည် ပုစွန်နှစ်ကောင်ကို အခွံခွာရန် သူ၏တူချောင်းကိုသုံးကာ အရေခွံကို ခွာလိုက်သည်။ ထို့နောက် ပန်းကန်အလွတ်တစ်လုံးပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူသည် ပန်းကန်လုံးကို လောင်ယန် ဘက်သို့ တွန်းလိုက်သည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now