အပိုင်း-၂

825 50 5
                                    

Unicode

"ဆု....ဆုရေ.....ဆု"အေးယု ငါနောက်ဖေးဘက်ကခြံမှာ ဝင်ခဲ့လေ အင်းအင်း ယုဝင်လာပြီနော် အေးလာလေယု ဘာကိစ္စလဲ ယုကကိစ္စရှိမှလာရမှာလား ဟယ်အဲလိုမဟုတ်ပါဘူးယုရယ် ကိစ္စမရှိလဲလာလို့ရပါတယ် ဆုကဒီအတိုင်းလာလည်တယ်ထင်လို့မေးလိုက်တာပါ အင်းပါယုကလဲစလိုက်တာပါ ဒါပေမဲ့ဒီအတိုင်းလာတာတော့မဟုတ်ဘူး ကိစ္စရှိလို့လာတာ ကိစ္စဆိုတာထပ် ပြောစရာဆိုပိုမှန်တယ်ဆုရဲ့ ပြောစရာဟုတ်လား အင်းဟုတ်တယ် ဒါဆိုပြောပါအုံး ပြောရမယ်ဆိုရင်တော့ ယုတို့အထည်အလိပ်စက်ရုံမှာ အလုပ်ခေါ်နေတာ မနေ့ကတွေ့လို့ ဆုများစိတ်ဝင်စားမလားလို့ လာပြောတာပါ ဟယ်ဟုတ်လား ဆုစိတ်ဝင်စားတယ် ပြောပြပါအုံးယုရဲ့

ဒီလိုဆုရယ် အထည်အလိပ်စက်ရုံဆိုတော့ အလုပ်သမားတွေအများကြီးရှိတယ်လေ အလုပ်သမားတွေအများကြီးရှိသလို သူတို့ရဲ့ပြဿနာအရပ်ရပ်ကိုလဲဖြေရှင်းပေးရတယ် စက်ရုံမှာ သူနေရာနဲ့သူခေါင်းဆောင်တွေထားထားပေမဲ့ အဲခေါင်းဆောင်တွေကလဲ ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့ဆိုရင် သူဌေးရဲ့အတွင်းရေးမှုးဆီကိုလာပြောရတယ် အခုကပြောချင်တာကဟာ အတွင်းရေးမှုးကတစ်ယောက်ထဲ ပြဿနာလာရှင်းခိုင်းတဲ့သူတွေကများနေတော့ အတွင်းရေးမှုးမဖူးပြည့်တစ်ယောက်ထဲ မနိုင်တော့လို့ သူကသူဌေးရဲ့အလုပ်ကိစ္စတွေရော ဒါတွေပါလုပ်ရရင်အဆင်မပြေတော့ဘူးဆိုတာ သူဌေးကသိလို့ သူကိုကူဖို့အတွက် လက်ထောက်အတွင်းရေးမှုးတစ်ယောက်ထပ်ခေါ်တာ အော်ဒီလိုလား အေးဒီလို အမလေးမောလိုက်တာ မောသွားပြီလား ဆုရဲ့သူငယ်ချင်းလေး ခနနော် ဆုရေသွားယူပေးမယ် အေးအေးကျေးဇူးပါဆုရယ်
ရပြီယု ရေအေးအေးလေးသောက်လိုက်ပါအုံး ရေအေးလေးသောက်လိုက်မှပဲ အမောပြေသွားတော့တယ် ဟယ်အခုမှနာရီကြည့်မိတယ် ၅နာရီတောင်ကျော်နေပြီပဲ ရောက်ထဲကစကားကောင်းနေတာနဲ့ ယုပြန်တော့မယ်ဆုရေ မနက်အလုပ်သွားလျှောက်ဖို့ မမေ့နဲ့နော် အင်းပါဟယ် မမေ့ပါဘူး အခုလိုလာပြောတာကိုပဲကျေးဇူးတင်နေပါပြီ အေးဒါဆိုလဲ ယုပြန်ပြီနော် အင်း အယ်နေအုံးယုမေ့တော့မလို့ ယုတို့စက်ရုံလိပ်စာပေးအုံးလေ နေရာမသိပဲ ဆုကဘယ်လိုလာရမလဲ အင်းဟုတ်သား ယုမေ့သွားတာအဲဒါကို ပြောချင်ဇောကပဲများနေတာနဲ့ လိပ်စာရေးပေးဖို့စာရွက်လေး ယုကိုယူပေးပါလား ပါးစပ်ကပြောခဲ့ရင် ဆုလာတဲ့အခါနေရာမသိရင်  ဆုလွဲနေမှာဆိုးလို့ အင်းဒါလဲဟုတ်တာပဲ ခနနော် ဆုစာရွက်သွားယူပေးမယ် ရော့စာရွက် အင်းရေးပေးမယ်နော်

ခိုင် (Uni & Zaw)Where stories live. Discover now