အပိုင်း-၁၈

305 17 3
                                    

Unicode

ဒါဆိုမေမေသမီးအဝတ်အစားသွားလဲပီး လုပ်စရာရှိတဲ့အလုပ်လေးတွေသွားလုပ်လိုက်အုံးမယ်နော် နေပါဦးသမီးရဲ့ ခနထိုင်အုံး မေမေမိတ်ဆက်ပေးအုံးမယ် ဟုတ်မေမေ ဒါကမေမေတို့ကျောင်းက Englishစာသင်တဲ့ဆရာမဒေါ်ပန်းမြတ်ချယ်တဲ့ ဟုတ်တွေ့ရတာဝမ်းသာပါတယ် ဆရာမဒေါ်ပန်းမြတ်ချယ်ရှင့် အယ်ဆုရယ် တို့ကိုအဲလိုနာမည်အပြည့်အစုံကြီးနဲ့ဆရာမလို့တပ်ပြီးခေါ်ဖို့မလိုပါဘူးကွဲ့ ဟုတ်သားပဲသမီးရယ် အဲလိုမခေါ်နဲ့ ဒါဆိုသမီးကဘယ်လိုခေါ်ရမှာလဲမေမေ အော်ဒါကတော့ကာယကံရှင်ကိုမေးကြည့်လေသမီးရဲ့ အမကလဲနောက်ပြီ မေးစရာမလိုပါဘူး အမတို့ခေါ်သလို မြတ်လို့ပဲခေါ်လဲရပါတယ် မြတ် မြတ်ဟုတ်လား သမီးကအဲလိုခေါ်ရင်ငရဲကြီးမှာပေါ့ အဲဒါတော့ဟုတ်သားမြတ်ရဲ့ နေပါအုံး မြတ်ရဲ့အသက်က၃၅ဆိုတော့ အမသမီးနဲ့အသက်မှသိပ်မကွာပဲ ဒီတော့သမီးကမမမြတ်လို့ခေါ်ပေါ့ ဟုတ်အဲဒါပဲကောင်းပါတယ်မေမေ

ဒါဆိုမမမြတ်ဒီမှာ ဆုယူလာပေးတဲ့ရေနဲ့အအေးထဲက​နေမမမြတ်ကြိုက်တဲ့အရာကို အမောပြေသုံးဆောင်လိုက်ပါအုံး ကျေးဇူးပါကွယ် မေမေရေ ဒါဆိုသမီးအခန်းထဲဝင်လိုက်အုံးမယ် လုပ်စရာရှိတာလေးတွေလုပ်ဖို့ အေးအေး ဆုလဲမေမေတို့နဲ့စကားပြောပြီးကို့အခန်းထဲသာ ငိုဝင်ကြီးလုပ်စရာရှိတဲ့အလုက်တွေလုပ်ခဲ့တယ် မမမြတ်လဲဘယ်ချိန်ပြန်သွားတယ်ဆိုတာတောင်မသိလိုက်ပါဘူး ဆုအလုပ်တွေပြီးတော့ အချိန်အားဖြင့်ည၇နာရီတောင်ရှိပြီ ညစာထမင်းစားချိန်တောင်ရောက်နေပြီလေ ဒါနဲ့ပဲ အိမ်ရှေ့ထွက်ကာ မေမေ့နဲ့အတူထမင်းစားဖို့ ဆုပြင်ဆင်လိုက်တယ် အားလုံးပြင်ဆင်ပြီးမှပဲ မေမေ့ကိုခေါ်တော့မယ်ဆိုပြီးလုပ်ထားတာ ဆုထမင်းပွဲပြင်နေတဲ့အချိန်မှာပဲ မေမေကအခန်းထဲကထွက်လာပြီး သမီးထမင်းပွဲတောင်ပြင်နေပြီလား မေမေ့ကိုခေါ်လိုက်တာမဟုတ်ဘူး ရပါတယ်မေမေရဲ့ ငယ်ငယ်ထဲကမေမေပဲသမီးကို ထမင်းပြင်ပြီးကျွေးခဲ့တာလေ အခုတော့သမီးလဲအရွယ်ရောက်နေပြီ အရွယ်ရောက်လို့အလုပ်တောင်လုပ်နေပြီလေမေမေရဲ့ ဒီတော့သမီးပဲထမင်းဝိုင်းပြင်ပေးမယ်နော်မေမေ အမယ်မေမေ့သမီးလေးတောင်အလုပ်လုပ်တာတစ်လမပြည့်သေးဘူး အတော်လေးလူကြီးဆန်လာပြီ

ခိုင် (Uni & Zaw)Where stories live. Discover now