အပိုင်း-၈

584 41 6
                                    

အလုပ်နားချိန်လေးအသဲအသန်လာတာခြင်း ဒါကြောင့်အမောပြေအောင်ကြိုက်မကြိုက်မန့်ခဲ့ကြအုံး

Unicode

"တီ......တီ......တီ......."ဟလိုအမိန့်ရှိပါရှင် ဆုလားတို့ပါ အော်ဟုတ်မမ အင်းတို့ကိုလာကြိုလို့ရပြီ ဟုတ်မမဆုအခုပဲထွက်ခဲ့ပါမယ် ဒါနဲ့နေအုံးဆု မင်းရဲ့မှတ်စုစာအုပ်ပါတစ်ခါထဲယူခဲ့ တို့နဲ့အတူအစည်းအဝေးခန်းကိုတန်းသွားမယ် ဟုတ်ကဲ့မမ ဆုလဲမမဖုန်းကိုချပြီးသည်နှင့်တစ်ပြိုင်နက် မမပြောတဲ့အတိုင်း မှတ်စုစာအုပ်ကိုယူပြီးထွက်လာခဲ့တယ် ကားရပ်တဲ့နေရာရဲ့အမိုးအောက်မှာ မမကရပ်စောင့်နေတယ် ဆုလဲရပ်စောင့်နေတဲ့မမအနားကိုအမြန်ပြေးသွားခဲ့တယ် ဒါပေမဲ့မမအနားရောက်ခါနီးမှာ ထဘီဝတ်တာအသားမကျသေးတဲ့ဆု ထဘီတုတ်ပြီးမမအရှေ့ကိုလဲတော့တာပဲ ဒါပေမဲ့လဲတော်ပါသေးတယ် အရှေ့ကမမကဆုကိုလှမ်းဆွဲကာ ထိန်းပေးလိုက်လို့မြေကြီးနဲ့ဆုရဲ့မျက်နှာတော့ မိတ်မဆက်ခဲ့ပါဘူး ဆုလဲမမကိုရယ်ပြကာ မမကန်တော့နော် ဘယ်နားနာသွားသေးလဲဟင်ဆိုကာမေးလိုက်တော့ ဒီမှာမင်းကလေအမြဲရှပ်ပြာရှပ်ပြာနဲ့ တို့သာမင်းရှေ့မှာရပ်မနေခဲ့ဘူး မင်းကိုသာလှမ်းမဖမ်းလိုက်ဘူးဆိုရင် မင်းအခုဆိုဘယ်လိုတောင်ဖြစ်နေမလဲ မင်းတွေးမိရဲ့လား ပုံမှန်လာလဲဖြစ်ရဲ့သားနဲ့ ဘာလို့ပြေးလာတာလဲ အခုတော့ ဆုတောင်းပန်ပါတယ်နော်မမ ဆုကလေမမကိုတွေ့တော့ မမဆီအမြန်လာဖို့ပဲ ခေါင်းထဲအတွေးပေါ်လာတာ အယ်ဆုရယ်ဘာလို့တို့ဆီမြန်မြန်လာဖို့တွေးရတာလဲ ဖြေးဖြေးလာလာလဲရနေတာကို အခုတော့ကြည့်မြန်မြန်လာတော့ ချော်လဲတော့မလို့ ဘာလဲတို့ကမြန်မြန်မလာဘူးဆိုပြီးဆုကိုဆူမှာဆိုးလို့လား အဲလိုမဟုတ်ပါဘူးမမ ဆုကလေမမနေပူတဲ့နေရာမှအကြာကြီးရပ်စောင့်နေရမှာဆိုးလို့ပါ အခုနောက်ပိုင်းနေတွေကအရမ်းပူတာ မမအသားလေးနေထိပြီးပူသွားမှာဆုမကြည့်ရက်လို့ ​မမဆီကိုမြန်မြန်ပြေးလာတာပါ အခုတော့ဆုကြောင့်မမနာသွားပြီလားဟင် တို့မနာပါဘူးဆုရဲ့ ကဲဟုတ်ပါပြီအခုတော့နှစ်ယောက်စလုံးနေပူနေပြီ လာမြန်မြန်သွားမယ်အစည်းအဝေးခန်းထဲကို ဟုတ်မမ

ဒါနဲ့ဆုခုနကခြေခေါက်တာနာသွားသေးလား မနာပါဘူးမမရဲ့ ဒါပေမဲ့မမသာလှမ်းမဖမ်းရင်တော့ ဆုနာသွားလောက်တယ်ဟီး အခုမှသွားဖြဲပြီးရယ်ပြမနေနဲ့ မရှပ်ပြာလေးလာသွားမယ် သူဌေးကနောက်ကျနေလို့မကောင်းဘူး ဟုတ်မမ ဆုကအရှေ့အနေအရင်သွားတော့မှပဲ ခိုင်လဲအသက်ကိုစိတ်ချလက်ချရှူနိုင်တော့တယ် ဘာလို့ကြောင့်မှန်းမသိ ဒီကလေးမကိုကြမှ အဆူရက်မပြောရက်မှန်းမသိဘူး ရှပ်ပြာရှပ်ပြာနိုင်တဲ့သူတွေဆို အင်မတန်အမြင်မကြည်တက်တဲ့ခိုင်က ဒီကလေးကိုတော့အမြင်မပြောနဲ့ စိတ်ထဲတိုခြင်းတောင်မရှိဘူး ပြီးတော့လဲ သူအနားကပ်လာရင်ဘာကြောင့်ရင်ခုန်မိတယ်ဆိုတာ ခိုင်မပြောတက်ဘူး မတွေးလဲမတွေးတက်တော့ဘူး ဒါမှမဟုတ် ခိုင်ကရောဝင့်လို့ပဲဖြစ်နေပြီလား အိုမတွေးတက်တော့ဘူး

ခိုင် (Uni & Zaw)Where stories live. Discover now