အပိုင်း-၂၁

289 17 2
                                    

Unicode

ခိုင်နင်ဒီမှာခနနေခဲ့အုန်း ငါပြန်လာခဲ့မယ် အေးအေး ဝါအပြင်ကိုရောက်တော့ ဝါ့အတွင်းရေးမှူးကိုဖုန်းဆက်ပြီး သံပုရာရည်ဖျော်လာပေးဖို့မှာလိုက်တယ် မိနစ်အနည်းငယ်ကြာတော့ ဝါ့အတွင်းရေးမှူးက သံပုရာရည်ခွက်ကို လက်ထဲမှာကိုင်ပြီးရောက်လာတယ် အနောက်မှာဖူးလဲပါလာတယ်လေ မမဝါ ဟယ်ဖူးဘယ်ကနေဘယ်လို  ဟိုလေဘယ်ကနေဘယ်လိုမှမဟုတ်ပါဘူး ဒီကိုဘဲသပ်သပ်လာတာပါ မမရဲ့အခြေအနေလေးလာမေးတာပါ အခုထိဒေါသထွက်နေတုန်းလားဟင် ဖူးတို့ကိုတော်တော်လေးစိတ်တိုနေတုန်းလားဟင် ဆုကလဲအတော်လေးလန့်နေတယ် ပြီးတော့ကြောက်လဲကြောက်နေတယ် မမကသူ့အပေါ်ကိုအရမ်းကြီး စိတ်ဆိုးသွားပြီလားတဲ့ မမ မကြိုက်တာတွေကိုပဲသူရွေးလုပ်မိနေတာလားဆိုပြီး မမဝါ မမကိုခေါ်သွားထဲကငိုနေတာအခုထိမရပ်သေးဘူး ပြီးတော့လေ ဆု ဆုကအိမ်ကိုပြန်သွားပြီမမဝါ နေ့တစ်ဝက်ခွင့်ယူပြီးတော့ ဟယ်ဆုကအဲလောက်တောင်ကြောက်သွားတာလား ဟုတ် ဟုတ်တယ်မမဝါ  ဆုပြန်သွားတာကို မမကိုအသိပေးရမယ်ထင်လို့ဖူးလာတာ ဒါပေမဲ့ ဒါ ဒါပေမဲ့ဖူးမပြောရဲဘူး မမကိုကြောက်လို့ အေးအေး ဟုတ်ပြီ မမဝါပြောလိုက်မယ် ဖူးရုံးခန်းကိုပြန်နှင့်လိုက်လေနော် ဟုတ်ကဲ့ပါမမဝါ ကျေးဇူးပါနော် ရပါတယ်ကွယ်  ဖူးပြောပြီးပြန်သွားတာနဲ့ ဝါလဲသံပုရာရည်ခွက်ကိုကိုင်ပြီး ရုံးခန်းထဲဝင်ကာ ခိုင့်ရှေ့ကိုသံပုရာရည်ခွက်ချပေးပြီးတော့ ခိုင်ရေ ဖူးခုနကလာသွားတယ် ဖူးလာသွားတယ်ဟုတ်လား အင်းခုနကပဲလာသွားတာ ဖူးကဘာလာပြောတာလဲ ဘာလို့ငါ့ကိုလာမပြောတာလဲ ဘာလို့ရမလဲ နင့်ကိုကြောက်လို့ပေါ့

ဒါနဲ့ဖူးကဘာလာပြောလဲ ဘာလာပြောရမှာလဲ နင်သောင်းကျန်းခဲ့လို့ ဆုကဘယ်လောက်လန့်နေကြောင်း ဘယ်လောက်ကြောက်နေကြောင်း နင့်ကိုငါခေါ်လာထဲက ငိုနေတာမရပ်ကြောင်း ပြီးတော့သူကနင်မကြိုက်တာတွေပဲလုပ်မိနေတယ်လို့ပြောနေတယ် အခုဆုကအိမ်ကိုပြန်သွားတယ် နေ့တစ်ဝက်ခွင့်ယူပြီးတော့ အဲဒါကိုနင်သိအောင်ဖူးကလာပြောတာ ဘာ ဘယ်လို ဆု ဆုအိမ်ပြန်သွားတယ်ဟုတ်လား ဒါဆိုဝါငါရုံးခန်းပြန်လိုက်အုံးမယ်နော် အေး အော်ခိုင်ရယ်ငါ့စကားတောင်မဆုံးသေးဘူး နင်ကတော့လေ.........

ခိုင် (Uni & Zaw)Where stories live. Discover now