အပိုင်း-၉

493 34 10
                                    

Unicode

ရုံးခန်းအရှေ့ရောက်တော့ မဖူးက ဟယ်မမနဲ့ဆုဘယ်လိုဖြစ်လို့ မဖူးရဲ့အသံကြားမှ မမကကိုင်ထားတဲ့ဆုရဲ့လက်ကိုလွှတ်လိုက်တယ် လွှတ်လိုက်ပြီးဆုကိုတစ်ချက်ကြည့်ကာ မဖူးအမေးကိုလဲမဖြေပါပဲ အခန်းထဲသာဝင်သွားတယ် အပြင်မှာကျန်ခဲ့တဲ့ မဖူးနဲ့ဆုကတော့မမရဲ့လုပ်ရပ်ကိုနားမလည်နိုင်ပါပဲ နှစ်ယောက်သားအချင်းချင်းကြည့်နေခဲ့တယ် အတော်​ကြာတဲ့အထိမဖူးကလဲစကားမစသလို ဆုလဲဘာစကားမှပြောဖို့အင်အားမရှိတော့ဘူး ဘာလို့ဆိုမမရဲ့လုပ်ရပ်ကလူကို ရင်ခုန်စေသလို ကြောက်လဲကြောက်မိစေတယ်

နာရီအနည်းငယ်ကြာတဲ့အချိန်မှာ မဖူးကစကားစလာတယ်လေ ဆုခုနကမမနဲ့ဘာဖြစ်ကြတာလဲ ဆုအမှားထပ်လုပ်မိလို့လား ဒါမှမဟုတ်မမမကြိုက်တာမျိုးလုပ်မိလို့လား မဟုတ်ပါဘူးမဖူးရယ် ဆုအမှားလဲမလုပ်ဘူး မမမကြိုက်တာလဲမလုပ်မိပါဘူး ဒါပေမဲ့ ဒါပေမဲ့ဘာဖြစ်လဲဆု ဒါပေမဲ့အဲလိုဖြစ်သွားရတဲ့အကြောင်းကဒီလိုပါ ဆုတို့အစည်းအဝေးခန်းဆိုကာပြောနေတုန်းရှိသေး မဖူးစားပွဲပေါ်မှာရှိတဲ့ ဖုန်းကထမြည်လာပါတယ် 

တီ....တီ....တီ....ဟုတ်ကဲ့မမ ဖူးရေခနဝင်လာခဲ့အုန်း ဟုတ်မမဖူးအခုဝင်လာပါပြီနော် ဆုလဲပြောလက်စစကားတို့ကိုရပ်တန့်လိုက်တယ် မဖူးကတော့ပြန်လာရင်ပြောပြလို့ပြောလို့ ဆုဟုတ်ကဲ့မဖူးလို့သာပြောလိုက်တော့တယ် မဖူးမမအခန်းထဲဝင်သွားချိန်မှာ ဆုတစ်ကိုယ်ထဲစဥ်းစားမိတယ် ခုနကမမဘာလို့မျက်နှာပျက်သွားရတာလဲ ကိုသီဟအောင်ပြောတဲ့စကားကိုမမကဘာလို့မကြိုက်တာလဲ ပြီးတော့ငါ့ကိုဘာလို့အဲလိုလက်ကိုဆွဲခေါ်ထုတ်လာရတာလဲ ငါကရောမမကလက်ကိုဆွဲခေါ်လာတဲ့တစ်လမ်းလုံး နှလုံးသားတစ်ခုလုံးပေါက်ကွဲမတက်ဖြစ်လောက်အောင်ခုန်နေရတာလဲ ငါကမိန်းကလေးပြီးတော့မမကလဲမိန်းကလေးပဲလေ ဘာရင်ခုန်စရာရှိလို့လဲ ဒါမှမဟုတ်ငါကမိန်းကလေးချင်းချစ်မိတဲ့သူလား အာမသိတော့ဘူး ဆက်စဥ်းစားရင်ရူးနိုင်တယ် မဖူးမမအခန်းထဲကထွက်လာရင် မမကိုတိုက်ရိုက်သွားမေးလိုက်တာကောင်းမလား မဟုတ်သေးပါဘူး ငါကမမကိုဘာလို့မေးရမှာလဲ တစ်ကယ်လို့ငါမေးရင်ရောမမကဖြေမှာတဲ့လား မသိတော့ဘူး

ခိုင် (Uni & Zaw)Where stories live. Discover now