အပိုင်း-၃

662 51 1
                                    

Unicode

အလုပ်လျှောက်ပြီးတစ်ပတ်ကြာတာတောင် အခုထိအကြောင်းမထူးဘူးဆိုတော့ ကိုယ့်ကိုကိုအနည်းငယ်တော့ အားငယ်စိတ်ဝင်မိပါတယ် တွေးတောမိတယ် ငါများသူတို့လိုချင်တဲ့ အရည်အချင်းနဲ့မကိုက်ညီလို့များလား ဒါမှမဟုတ် အလုပ်နဲ့နေတဲ့နေရာကဝေးနေလို့များလားဆိုတဲ့ အတွေးတွေက ခနလနကိုဝင်လာပါတယ် သို့သော်လဲ ယုပြောတဲ့စကားတွေကြောင့် ပြန်အားတက်ခဲ့ပြန်ရော အလုပ်လျှောက်ပြီး ၂ရက်လောက်ကြာတော့ မနေနိုင်တဲ့အဆုံး ယုကိုဖုန်းဆက်မေးခဲ့ပါတယ်

တီ.....တီတီ......တီ......ဟလိုဆု အေးယုငါပါ အလုပ်ကဘာထူးသေးလဲဟင် လူတွေ့တွေခေါ်ပြီလား အေးအခုတထိတော့လာလျှောက်တဲ့သူတွေတွေ့နေသေးတယ်ဆုရဲ့ လူတွေ့တော့မခေါ်သေးဘူး ဘာလို့လဲဆုရဲ့ အင်းပါအင်းပါ ဘာရယ်မဟုတ်ပါဘူး ဆုကဒီအတိုင်း သိချင်လို့မေးကြည့်တာပါ အင်းပါတကယ်လို့နောက်ထပ်သိချင်တာရှိရင်လဲယုကိုမေးလေနော် အခုတော့ အလုပ်ထဲမှာမလို့ ဖုန်းချလိုက်တော့မယ်နော် အေးအေးယုအခုလိုပြောပြတာပဲကျေးဇူးပါ ဒီလိုနဲ့ဆုစောင့်လာတာတစ်ပတ်ပင်ကျော်ခဲ့ပြီ ဆုလဲအာရုံထဲသိပ်မထားတော့ပဲ အိမ်မှာသာအိမ်အလုပ်တွေလုပ်ရင်းနေခဲ့တယ်

သို့ပေသော် မမျှော်လင့်ထားတဲ့ ညနေခင်းအချိန်တစ်ခုမှာ ဆုဆီကိုဖုန်းနံပါတ်အစိမ်းတစ်ခုဝင်လာခဲ့တယ် ဟလို ဆုပြောနေပါတယ် အင်း ညမလေးဆု အမက ခိုင်အထည်အလိပ်စက်ရုံက မန်နေဂျာမချောချောပါ လူတွေ့အင်တာဗျူးမှာ ညမလေးပါတယ်ဆိုတဲ့အကြောင်း အမလှမ်းပြောတာပါ မနက်ဖြန်၁၁ခွဲလောက်အရောက် စက်ရုံကိုလာခဲ့ပေးနိုင်မလား ဟုတ် ဟုတ်ကဲ့အမ ဆုလာပေးနိုင်ပါတယ် အေးအေးဟုတ်ပြီ ဒါဆိုရင် လူတွေ့ဖြေဖို့အဆင်ပြေတာသေချာပြီမလို့ အမနာမည်စရင်းထဲထည့်လိုက်ပြီနော် ဟုတ်ကဲ့အမ ဒါဆိုနက်ဖြန်၁၁ခွဲအရောက်လာခဲ့နော်ညမလေး ဒါပဲ

ဟိုဘက်ကဖုန်းချသွားတော့ ဆုထခုန်မိမတက်ကိုဝမ်းသာပါတယ် ဒီအင်တာဗျူးသာအောင်မယ်ဆို ဆုအလုပ်ရပြီလေ အခုတော့ မနက်အင်တာဗျူးသွားရမဲ့အကြောင်းကို မေမေ့ကိုပြောရမယ် မေမေ မေမေရေ ဟေသမီးအမလေး အလန့်တကြားနဲ့ဘာဖြစ်တာတုန်း သမီးဝမ်းသာစရာပြောမလို့​ မေမေရဲ့ အေးပြောဘာတုန်း မနက်ဖြန်ကြရင် သမီးဟိုတစ်ပတ်လောက်ကသွားလျှောက်ထားတဲ့အလုပ်က သမီးကိုလူတွေ့အင်တာဗျူးခေါ်လို့ အဲဒါမနက်ကကြရင်သွားရမယ် ဟုတ်လား ဒါဆိုတစ်ဝက်ဝမ်းသာရပြီပေါ့ ဟင်မေမေကလဲ ဘယ်လိုကြီးလဲ ဝမ်းသာတာပဲ အပြည့်ဆိုလဲအပြည့်ပေါ့ အခါကတစ်ဝက်ထဲလား အေးလေတစ်ဝက်ထဲပေါ့ ဘာလို့ဆို အခုကလူတွေခေါ်ရုံပဲရှိသေးတာလေ အလုပ်ခန့်ပါပြီလို့ပြောလိုက်တာမှမဟုတ်ပဲ ဒီတော့မေမေကတစ်ဝက်ပဲဝမ်းသာသေးတာပေါ့ အလုပ်ခန့်ပြီဆိုတော့မှ အပြည့်ဝမ်းသာရမယ်လေ အင်းနော် မေမေပြောတော့လဲဟုတ်သား ဒါဆိုမနက်သွားဖို့ သမီးအဝတ်အစားသွားပြင်လိုက်အုံးမယ် အေးအေးသမီး ဆုလဲမေမေ့ကိုပြောပြီး သတိရသူက ယုကိုပါ အခုတော့မပြောသေးဘူး အခုကအလုပ်ချိန်မလား ညကြမှပဲအေးဆေးပြောတော့မယ်ဆိုပြီး ဆုလဲလုပ်စရာရှိတာလေးတွေလုပ်ခဲ့တယ် ညဘက်ရောက်တော့ မေမေလဲအခန်းထဲဝင်သွားပြီ ဆုလဲအခန်းထဲရောက်ပြီ ဘာမှလဲလုပ်စရာမရှိတော့ဘူးဆိုတော့ ယုကိုလိုင်းပေါ်ကနေပဲ ဖုန်းခေါ်ခဲ့တယ် ဟလိုယု အင်းဆုပြောလေ ညဘက်ကြီးVideo Callတွေဘာတွေခေါ်လို့ပါလား ဘာကိစ္စပြောမလို့လဲဆု ဒီလိုပါယုရဲ့ အလုပ်ကလူတွေ့အင်တာဗျူးခေါ်ပြီ ဒီနေ့ညနေပဲဖုန်းဆက်လာလို့ အဲ့ဒါမနက်ကြရင် အင်တာဗျူးလာဖြေပါတဲ့ အကြောင်းကြားလို့ ယုကိုလဲသိရအောင်လို့ ဆုကလှမ်းပြောတာ ဟယ်ဟုတ်လား ဝမ်းသာပါတယ်ဆုရယ် ဆုသာအလုပ်ရသွားရင်ဝမ်းသာစရာကြီးနော် တို့သူငယ်ချင်းနှစ်ယောက် အတူတူအလုပ်လုပ်လို့ရတယ် အေးနော် ဆုအလုပ်ရရင်ကောင်းမယ် ဆုကလဲအားလျော့တဲ့စကားတွေမပြောပါနဲ့ အလုပ်ရရင်ကောင်းမယ်မဟုတ်ဘူး ယုရဲ့သူငယ်ချင်းဆုကအလုပ်ရကိုရမှာ မပူနဲ့နော်ဟုတ်ပြီလား အင်းပါယုရဲ့ အခုလိုအားပေးတဲ့ဆုရဲ့သူငယ်ချင်းလေးကြောင့် အင်တာဗျူးမဖြေရသေးပေမဲ့ ရလဒ်ကိုမသိရသေးပေမဲ့ အားတွေတော့အတော်ရှိသွားပြီ ဒါဆိုဆုဖုန်းချလိုက်တော့မယ်နော်

ခိုင် (Uni & Zaw)Where stories live. Discover now