အပိုင်း-၁၂

389 27 3
                                    

"ဒေါက်......ဒေါက်.........ဒေါက်"ကလေးမလားဝင်ခဲ့လေ ဟုတ်ကဲ့မမဆိုပြီး အိမ်ကနေဆုကိုယ်တိုင်ကြော်လာတဲ့ထမင်းကြော်ရယ် ရုံးရောက်မှ​ဖျော်တဲ့ကော်ဖီရယ်ကို မမရှေ့ကိုချပေးလိုက်တော့ မနက်စာကမြန်လှကြည်လားကလေးမရဲ့ ဒါနဲ့နေပါအုံး ဒီထမင်းကြော်က တို့တွေစက်ရုံနားကထမင်းကြော်နဲ့တော့မတူသလိုပဲနော် ဘယ်ဆိုင်ကဝယ်လိုက်တာလဲကလေးမ ဘယ်ဆိုင်ကမှဝယ်လိုက်တာမဟုတ်တာပါဘူးမမ ဆုအိမ်ကနေ ကြော်လာတာပါ ဟေဟုတ်လားတကယ်ကလေးမကြော်လာတာဟုတ်လား ဟုတ်မမ အမယ်ဒီလိုလဲကြော်တက်တယ်ပေါ့ဟုတ်လား နည်းနည်းပါးပါးပါ ကဲဒါဆိုလဲမြည်းကြည့်ရတာပေါ့ ကောင်းလားမကောင်းလားဆိုတာ ဟုတ်မမအကဲဖြတ်ပေးပါအုံးနော်

ကြက်ဥကြော်လေးနဲ့မဟုတ်ပဲထမင်းကြော်ကြီးပဲသပ်သပ်အရင်စားကြည့်မယ် အင်း...........အရသာကဘယ်လိုနေလဲဆိုတော့ ဘယ်လိုပြောရမလဲပေါ့နော် မဆိုပါဘူး စားလို့ရတဲ့အနေအထားပါပဲ မပြစ်ရပါဘူး ဟုတ်လားမမ ဆုစိတ်ထဲနည်းနည်းတော့အားငယ်သွားတယ် မမဆီကနေပြီးစားလို့ကောင်းလိုက်တာဆိုတဲ့စကားကိုကြားချင်တာပါ အခုတော့ မဆိုပါဘူးစားလို့ရတဲ့အနေအထားပါပဲမပြစ်ရပါဘူး ဆိုတဲ့စကားကိုကြားရတော့ ခိုင်ကလေးမကိုသေချာကြည့်မိတော့ ခေါင်းကိုအောက်ကိုစိုက်ထားပြီး ဝမ်းနည်းနေတဲ့ပုံလေးနဲ့ပါ ခိုင်ကဒီတိုင်းစလိုက်ရုံလေးကို ဘာကြောင့်မှန်းစိတ်ထဲမှတော့ ဒီကလေးမမျက်နှာလေးညှိုးသွားတာကို ခိုင်မကြိုက်ဘူးဖြစ်နေတယ်

ဒီတော့ခိုင်လဲ ကဲကဲတို့ကစလိုက်တာပါ ကလေးမကြော်လာတဲ့ထမင်းကြော်က တို့စားဖူးသမျှထမင်း​ကြော်တွေထံမှာ အကောင်းဆုံးထမင်းကြော်ပဲ ဟုတ်ပြီလား တကယ် တကယ်ပြောတာနော်မမ တကယ်ပေါ့ကွတို့ကကလေးမကိုညာစရာလား ဟီးဟီး ဟယ်ဘာဖြစ်ခုနကတော့ ဒီမျက်နှာမဟုတ်ပါဘူး အခုတော့ပြုံးဖြီးလို့ အဲဒါကလေ မမဆီကချီးကျူးသံကြားရတော့ပျော်သွားလို့ပါ ဟုတ်ပါပြီ တို့စားပြီးရင်ခေါ်လိုက်မယ်နော် ကလေးမနဲ့ဖူးတို့လဲမနက်စာမစားရသေးဘူးမလား သွားစားထား နောက်မအားရင်မနက်စာတောင်မစားလိုက်ပဲနေမယ် ဟုတ်မမဒါဆိုဆုကိုခွင့်ပြုပါအုံး မမစားပြီးရင်ဆုကိုအကြောင်းကြားလိုက်ပါနော် ဆုလာသိမ်းမယ် ဟုတ်ပါပြီ ကလေးမထွက်သွားမှ ခိုင်လဲသူကြော်လာပေးတဲ့ထမင်းကြော်ကို သေချာအရသာခံပြီးစားလိုက်တယ် ခိုင်တွေးမိတယ်ဒီလိုအသက်ငယ်ငယ်နဲ့ကလေးမက ဒီလိုလဲကောင်းအောင်ကြော်တက်ပါလားလို့ ဘာလို့ခိုင်ဒီလိုတွေးလဲဆို ခိုင်ကအသက်သာ၃၀ပြည့်သွားတယ် အခုထိတော့ထမင်းကြော်မပြောနဲ့ ကြက်ဥတောင်ကောင်းကောင်းစကြော်တက်ဘူးလေ

ခိုင် (Uni & Zaw)Donde viven las historias. Descúbrelo ahora