အပိုင်း-၁၀

478 31 4
                                    

Unicode

ဆုရေ မမခေါ်နေတယ်ဆုကို ရှင်မမခေါ်နေတယ်ဟုတ်လားမဖူး အမလေးဘာလို့အဲလောက်လန့်သွားရတာလဲဆုရဲ့ လန့်တာပေါ့မဖူးကလဲ မမကဘာထပ်ပြီးဆူအုံးမလဲမှမသိတာမဖူးရယ် မဟုတ်လောက်ပါဘူးဆုရဲ့ ဘာအကြောင်းကြောင့်ခေါ်ခိုင်းမှန်းတော့မသိပေမဲ့ ဆူဖို့မဟုတ်တာတော့သေချာတယ် သွားမမကသူခေါ်လို့ကြာရင်မကြိုက်တာသိရဲ့နဲ့ ဟုတ် ဟုတ်ကဲ့မဖူးဆုသွားလိုက်ပါအုံးမယ်

ဒေါက်......ဒေါက်.......ဒေါက်........ဆုလားဝင်ခဲ့ ဟုတ်ကဲ့မမ အင်းထိုင်အဲဆိုဖာမှာ ဟုတ်မမဆုကိုဘာခိုင်း ဘာမှခိုင်းဖို့ခေါ်တာမဟုတ်ဘူး ခုနကအတော်လန့်သွားတယ်လို့ဖူးကပြောတယ် ဟုတ်နည်းနည်းလန့်သွားတာပါ ဘာလို့လန့်ရတာလဲကလေးမရဲ့ ဟိုလေ ဟို ဘာလိုဆိုမမက မထင်မှတ်ထားပဲဒေါသတွေအရမ်းထွက်တော့ ဆုကဆုများဘာအမှားလုပ်မိလိုက်လဲဆိုပြီးလန့်သွားတာပါ တို့တောင်းပန်ပါတယ်နော်ကလေးမ ရှင် မမတောင်းပန်ဖို့မလိုပါဘူး အမှားက မင်းမမှားပါဘူးကလေးမရဲ့ အမှားလို့ဆိုရရင်တို့အမှားပါ အလကားနေရင်းဘာမဟုတ်တာနဲ့ဒေါသထွက်ပြီး မင်းကိုလန့်အောင်လုပ်မိတာ ဒါ ဒါ ဒါဆိုဆုအမှားလုပ်မိလို့ မမစိတ်ဆိုးတာမဟုတ်ဘူးပေါ့နော် တော်ပါသေးတယ် အဟင့် အဟင့် ဟင့် ဟယ်ဘာလို့ထငိုရတာတုန်းကလေးမရဲ့ ဆုကလေ မမကိုစိတ်တိုအောင်လုပ်မိတဲ့တရားခံဆိုပြီး ကိုယ့်ကိုကိုအပြစ်တင်နေတာ ဘာလို့ဆိုစအလုပ်လုပ်ထဲက မမရဲ့အဆူကိုခံရတော့ ထပ်ပြီးမှားမှာကို ဆုကအရမ်းကြောက်နေတာ အခုလဲအမှားလုပ်မိပြီထင်နေတာ

အဲဒါကလေးမအမှားမဟုတ်ပါဘူး တို့အမှားပါ ပထမတုန်းကလဲ သေချာမမေးမမြန်းပဲဆူမိတယ် အခုလဲအပြစ်မလုပ်တဲ့သူကို အပြစ်လုပ်မိတယ်လို့ ခံစားရအောင်တို့ကထပ်လုပ်မိတယ် တို့ကိုခွင့်လွှတ်ပါကွယ် တို့ကတိပေးတယ် မင်းကိုနောက်ဘယ်တော့မှ ထပ်မဆူဖို့ မင်းအမှားတစ်ခုခုလုပ်မိတယ်ဆိုအုံးတော့ အရင်ဆုံးအကြောင်းအရာကိုမေးမြန်းပြီးမှ ဆူသင့်မဆူသင့်ဆုံးဖြတ်မယ်ဟုတ်ပြီလားအခုတော့ငိုနေတာတိတ်ပါတော့ဟုတ်ပြီးလား မင်းငိုတာမြင်ရတာကဘာကြောင့်မှန်းမသိတို့ရင်ထဲကနှလုံးသားကနာကျင်ရမှန်းမသိဘူး မင်းမျက်ရည်တစ်စက်ကျတာကတို့နှလုံးသားကိုတစ်ချက်ဆီမွှန်းနေသလိုပါပဲကလေးရယ်လို့ ကျမစိတ်ထဲကနေသာပြောခဲ့မိပါတယ် အပြင်မှာတော့ ကဲ့ငိုနေမနေပါနဲ့တော့ဟုတ်ပြီလား တို့မချော့တက်ဘူးကလေးမ ဒါပေမဲ့မင်းကိုပေးထားတဲ့ကတိကိုတော့တည်တယ်ကလေးမ ဟုတ်ပြီလား အခုတော့ပြန်ပြီးအလုပ်လုပ်တော့နော် ဟုတ်ကဲ့မမ ဒါဆိုသွားလိုက်ပါအုံးမယ် 
ဆုလဲမမအခန်းထဲကနေထွက်လာပြီး အလုပ်စားပွဲမှာထိုင်ကာ ကျနေတဲ့မျက်ရည်တွေကိုသုတ်ပြီး အလုပ်ဆက်လုပ်ခဲ့တယ် မဖူးကလဲဘာမှဆက်မမေးပါဘူး ဒီလိုနဲ့ရုံးဆင်းချိန်ကိုရောက်လာခဲ့ပါတယ် မမကအရင်ထွက်လာပြီး ကဲဖူးနဲ့ဆုရေမမပြန်ပြီနော် ဖူးတို့လဲအလုပ်ပြီးရင်ပြန်ကြတော့ဟုတ်ပြီလား ဟုတ်မမဆိုကာဆုရောမဖူးပါပြိုင်တူအသံထွက်ကာပြောခဲ့ကြပါတယ်

ခိုင် (Uni & Zaw)Место, где живут истории. Откройте их для себя