အပိုင်း-၂၅

279 15 7
                                    

Unicode

ဆုကငါ့ကိုချစ်နေတာလား ဒါမှမဟုတ် ငါ့ရဲ့လုပ်ရပ်ကမြန်ဆန်လွန်းလို့ ခနတာကြောင်သွားတာလား ဒါမှမဟုတ် ငါ့ကိုသူ့ရဲ့အလုပ်ရှင်မလို့ပဲ မငြင်းလိုက်ပဲ ငြိမ်ခံနေတာလား ဝါရယ်ငါလဲနင်ပြောမှပဲ သေချာစဥ်းစားမိပြီး အတွေးပေါင်းများစွာတွေးနေမိပြီ ဟူးးးးးး ငါရင်မောလိုက်တာဟာ

"အနှစ်၂၀လောက်အထိ အိပ်ပျော်နေတဲ့ ငါ့နှလုံးသားကို ပိုင်ပိုင်နိုင်နိုင်နဲ့ လှုပ်နှိုးသွားတဲ့ ဒီမိန်းကလေးက အဲသလောက်ထိငါ့ကို ရင်ခုန်စရာတွေ ရင်တုန်စရာတွေ ရင်မောစရာတွေတင်မကပဲ ထိတ်လန့်စရာအရာအမျိုးမျိုးကို တစ်ချိန်ထဲမှာ အကုန်ဖြစ်အောင်လုပ်နိုင်လွန်းတယ်ဟာ”

ငါ ငါဘာဆက်လုပ်ရမလဲ ဘာဆက်လုပ်ရမယ်ဆိုတာထပ် နင်ကာယကံရှင်ဖြစ်တဲ့ဆုကိုမျက်နှာချင်းဆိုင်မေးလိုက် သူ့ဆီကထွက်လာတဲ့အဖြေဟာ နင့်အတွက်တော့ အတိကျဆုံးပဲလို့ငါထင်တယ် မဟုတ်ရင် အခုလိုနင်တစ်ယောက်ထဲတွေးပူနေပြီး ရင်မောနေရတာထပ်စာရင် နင်ချစ်တဲ့သူဆီကအဖြေကိုကြားလိုက်ရတာကပိုသေချာပါတယ်ဟာ အေးနော်ဝါ နင်ပြောတာမှန်တယ်

"ခိုင်..........ဟင်ပြောလေဝါ ဘာဖြစ်လို့လဲ စကားပြောနေရင်းအကောင်းကြီးကနေ ငါ့နာမည်ကိုခေါ်လို့ပါလား နင့်နာမည်ကိုခေါ်လိုက်မိတာက တစ်ခြားတော့မဟုတ်ပါဘူးဟာ ခိုင်နင်သိပ်သတ္တိရှိတာပဲဟာ ငါလဲနင့်လိုပဲသတ္တိရှိချင်လိုက်တာ နင်ကဘာကိုသတ္တိတွေရှိချင်နေတာတုန်း ဘာကိုသတ္တိရှိချင်ရမလဲဟာ ယုကိစ္စပေါ့ ဒါပေမဲ့ငါကြောက်နေမိတယ် ငါသူ့ကိုချစ်နေမိတာသူသိအောင်လို့ ဖွင့်ပြောချင်ပေမဲ့ ငါဖွင့်မပြောရဲဘူးခိုင်ရယ်”

အခုနင်ခံစားရသလို ငါလဲခံစားနေရတယ်

"ငါ့ကိုရွံသွားမလား ငါ့ကိုမုန်းသွားမလား မိန်းမသားချင်းကိုချစ်တယ်ပြောလိုက်လို့ ငါ့ကိုသူအထင်သေးသွားမလား သူငါ့အနားကနေထွက်သွားမလားဆိုတဲ့ အတွေးတွေအများကြီးနဲ့ ငါ့ဦးနှောက်ထဲမှာပြည့်နေတယ် ခိုင် ငါကိုယ်ချင်းစာပါတယ်ဝါရယ်”

ငါတို့ဘဝတွေကလဲနော် ကို့နှလုံးသားကချစ်မိတဲ့သူကိုရဲရဲဝံ့ဝံ့မပြောရဲတဲ့ဘဝတွေ ကို့ဦးနှောက်နဲ့တွေးမိရင်ဖွင့်မပြောဖြစ်နိုင်လောက်ပေမဲ့ နှလုံးသားနဲ့တွေးမိပြီးဖွင့်ပြောလိုက်ပြန်တော့လဲ ကိုချစ်နေမိတဲ့သူကအထင်သေးသွားမလားဆိုတဲ့ အကြောင်းပြချက်မျိုးစုံတွေကိုလိုက်တွေးမိပြီး ပူပန်နေရတဲ့အဖြစ်မျိုးတွေ အေးဟယ် ငါတို့လဲနော်မဖြစ်သေးတဲ့အရာတွေကိုတွေးပြီး ပူလောင်နေမိတယ် အင်းအဲတော့ အဲပူလောင်စေမဲ့အရာတွေကိုမတွေးပဲ ခနဘေးဖယ်ထားပြီး အခုငါပြောမဲ့အရာကို နင်သေချာနားထောင် အခုအချိန် အခုအခြေအနေမှာ ငါတို့အရေးတကြီးနဲ့ လုပ်ကိုလုပ်ရမဲ့အရာတစ်ခုရှိနေတယ် အဲ အဲအရေးတကြီးအရာကဘာလဲခိုင် ဘာလဲဆိုတော့ အခုငါတို့ရှေ့မှာလာချထားတဲ့ ကော်ဖီကိုသောက်ပြီး အိမ်ပြန်ဖို့ပဲ ဟယ် ခိုင်ရယ်နင်နောက်နိုင်သေးတယ်နော် ငါကတစ်ကယ်များအရေးကြီးကိစ္စလားလို့သေချာအာရုံစိုက်နားထောင်နေတာကို လာနောက်နေတယ် ငါနောက်သလိုဖြစ်သွားလားဝါ ငါကနင်များစိတ်ညစ်တာသက်သာသွားမလားဆိုပြီး ပြောကြည့်လိုက်မိတာပါ အေးအေးနင်ပြောသလိုပဲ ဖြစ်မလာသေးတဲ့အရာတွေကြောင့်စိတ်ညစ်ခံမနေပဲ ငါတို့မှာထားတဲ့ အေးစက်စက်ကော်ဖီတွေကိုအရသာခံသောက်ကြမယ်

ခိုင် (Uni & Zaw)Where stories live. Discover now