အပိုင်း-၆

570 36 2
                                    

Unicode

ဒါဆိုဆုသွားလိုက်ပါအုံးမယ် ကောင်းပြီ ဆုလဲအလုပ်စလုပ်တဲ့ရက်မှာ ကိုယ့်ကိုဒုတိယပေးအပ်တဲ့တာဝန်ဖြစ်တာမလို့ အမှားမပါအောင်ဂရုစိုက်ကာ လုပ်မယ်လို့စိတ်ထဲတွေးတယ် ဘာလို့ဆိုပထမဆုံးခိုင်းတဲ့အလုပ်မှာ အဆူခံရပြီးတော့ လူကအဆင်မ​ပြေဖြစ်နေမိတာအမှန်ပါ ဒါကြောင့်သေချာလုပ်မှရမယ်ဆိုတဲ့စိတ်နဲ့ စက်ရုံထဲကိုသွားပြီး လိုင်းတာဝန်ခံတွေကို မမကပြောခိုင်းတာလေးလာပြောတာပါဆိုပြီး အကုန်ခေါ်လိုက်တယ် ၅မိနစ်လောက်ကြာတော့ လိုင်းတာဝန်ခံ၁၆ယောက်လုံးရောက်လာတယ် အဲရောက်လာတဲ့အထဲမှာ ယုလဲပါတယ်လေ အကုန်ရောက်လာတော့ ဆုကနေပြီး ဟုတ်ကဲ့အားလုံးပဲ ညမနာမည်ဆုလို့ခေါ်ပါတယ် အခုဒီစက်ရုံမှာ မမရဲ့လက်ထောက်အတွင်းရေးမှူးတာဝန်ယူထားတဲ့တစ်ယောက်ပါ အခုမမရဲ့အမှာကိုအားလုံးသိအောင်လာပြောတာပါ

မမမှာလိုက်တာလေးကတော့ ဒီကနေနားထောင်ပြီးရင် ကို့ရဲ့အဖွဲ့သားတွေကိုလဲပြန်ပြောပြပေးဖို့မမေ့ပါနဲ့လို့မှာလိုက်တယ် ပြောရမဲ့ဟာက အရင်လအစောပိုင်းကနေစပြီး အခုလအထိချုပ်တဲ့အရည်အတွက်ကတိုးမလာပဲ ဘာလို့ပုံမှန်သွားနေတာလဲ အလုပ်ကိုသေချာမလုပ်ကြဘူးလား ဘယ်ထဲကိုအာရုံရောက်နေတာလဲ ဒီလကုန်လို့အထည်အရေအတွက်ကိုထပ်ကြည့်လို့ တိုးမလာရင် ဒါမှမဟုတ် တိုးလာတဲ့လိုင်းနံပါတ်ရှိရင် တာဝန်ကျေမှုအလိုက် ရာထူးအတိုးအလျော့တွေရှိလာနိုင်တယ် အခုမှထပမအကြိမ်သတိပေးတာမလို့ မမကိုယ်တိုင်မလာဘူးနော် ပထမအကြိမ်လို့ပြောလိုက်လို့လဲ နောက်တစ်ကြိမ်ရှိသေးတယ်အထင်နဲ့ ပေါ့ပေါ့ဆဆလုပ်မယ်မကြံနဲ့လို့မမကမှာလိုက်ပါတယ် အကုန်လုံးကို ဆုပြောချင်တာဒါပါပဲ ပြန်နိုင်ကြပါပြီ

ဆုလဲ မမပြောခိုင်းတဲ့ကိစ္စကိုပြောပြီး ပြန်မယ်အလုပ် ခေါင်းဆောင်ဝန်ထမ်းအမတစ်ချို့ရဲ့ တီးတိုးပြောမှုတွေကို ဆုကြားလိုက်ရတယ် ဟဲ့ ဟဲ့မမကဒီလိုသတိပေး ပြောဆိုလာပြီဆိုတော့ ငါတို့လိုင်းတွေကသာ အထည်ကမထွက်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ ပြီးတော့မမပြောခိုင်းလိုက်တဲ့အထဲမှာ ရာထူးအတိုးအလျော့ ကိစ္စအတွက်လဲပြောသွားတယ်ဆိုတော့ မမကသတိပေးတယ်လို့ပြောလိုက်ထဲက ငါတို့ကို နောက်ထပ်အခွင့်အရေးမရှိတော့ဘူးလို့ ပြောလိုက်တာနဲ့အတူတူပဲ ပြီးတော့မမက ချီးကျူးရင်လဲသူများတွေနဲ့မတူဘူး အပြစ်ပေးပြီဆိုရင်လဲ သူများတွေလိုလျော့လျော့ပေါ့ပေါ့မဟုတ်ဘူး နင်မှတ်မိတယ်မလား ဟိုလလောက်ကမှ ရာထူးထိုးသွားတဲ့ လိုင်းခေါင်းဆောင်ကို​လေ ဟဲ့ဘယ်သူလဲနာမည်က အသစ်ဆိုတော့သိပ်မမှတ်မိဘူးဖြစ်နေတယ် ဟယ်နင်ကလဲယုယပိုင်ဆိုတဲ့တစ်ယောက်လေ အော်အေးသိပြီသိပြီ သူတို့လိုင်းခေါင်းဆောင်မသန္တာအောင်က အထည်တွေအရေအတွက်လျော့ပြီး လုပ်လို့ရမယ်အထင်နဲ့ မမဆီကိုစရင်းအမှားတင်ပေးလိုက်တာလိမ်တာမိသွားပြီး မမက အလုပ်ထုတ်ပစ်လိုက်တာလေ ပြီးတော့သိပ်မကြာဘူး ယုယပိုင်ရာထူးတိုးသွားတာလေ အေးလေရာထူးတိုးမယ်ဆိုလဲ တိုးလောက်ပါတယ် အဲကောင်မလေးက သူ့လိုင်းမှာစရင်းစစ်ဆိုပေမဲ့ သူကအလုပ်လုပ်တာလဲတိကျတယ်တဲ့ ပြီးတော့ အဲမသန္တာအောင်အထည်ခိုးတဲ့ကိစ္စလဲ သူပဲရှာတွေ့တာတဲ့ စရင်းစစ်တာကွာနေတော့ မသန္တာအောင်ကိုသွားပြောတော့ ဟိုကမမှားပါဘူးပြောလိုက်လို့တဲ့ သူကသေချာပြန်စစ်ပြီး ခိုးထားတာပါဖော်လိုက်တော့ မသန္တာအောင်အလုပ်ပြုတ်ပြီပေါ့ ပြီးတော့မမကသူ့ကိုတော်တယ်အရည်အချင်းရှိတယ်ဆိုပြီး မသန္တာအောင်နေရာမှာ တစ်ခြားသူထပ်မရှာတော့ပဲ သူ့ကိုပဲအဲနေရာကိုရာထူးတိုးပေးလိုက်တာလေ အေးဟုတ်ပနော် မမကအဲလိုအထိတိကျပြတ်သားတဲ့သူ သူကတော်ရင်လဲတော်သလို ထိုက်ထိုက်တန်တန်ဆုချတယ် အပြစ်ရှိပြီဆိုရင်လဲ လေးလေးပင်ပင်ကိုပေးတက်တယ် အခုတော့မမကပြောခိုင်းလိုက်ပြီဆိုတော့ ငါတို့သေချာစည်းကမ်းတင်းကြပ်ပြီး လိုင်းထဲက အထည်ချုပ်တဲ့သူတွေကို အထည်အရေအတွက်တိုးအောင်လုပ်ခိုင်းရတော့မယ် မဟုတ်ရင်သူတို့တင်အလုပ်ပြုတ်မှာမဟုတ်ဘူး ငါတို့ပါအလုပ်ပြုတ်နေမယ် မဖြစ်ဘူး မဖြစ်ဘူး လိုင်းထဲအခုပြန်ပြီး မမကဒီလိုမှာလိုက်တယ်ဆိုတာကိုသွားပြောရင်း အထည်ထွက်အောင်လုပ်ရမယ် အေးအေးဒါဆိုငါတို့လဲသွားပြီ ဟဲဒါနဲ့စကားမစပ် ဟိုမှာယုယပိုင်နဲ့ခုနကငါတို့ကို မမ​ပြောခိုင်းတာလာပြောတဲ့ မမရဲ့လက်ထောက််အတွင်းရေးမှုးမလား အေးဟုတ်တယ်နော် သူတို့ကစကားရပ်ပြောနေပုံထောက်တော့ ရင်းနှီးကြတာလားမသိဘူးနော် ဒါမှမဟုတ်မမကယုယပိုင်ကိုတိုးတိုးတိတ်တိတ်ပြောဖို့မှာလိုက်တာများလား ဒါပေမဲ့သူတို့ကရယ်ရယ်မောမောစကားပြောနေကြတော့ ဟဲ့ဒီမှာဘာရပ်လုပ်နေကြတာလဲ အလုပ်မလုပ်ပဲနဲ့ အမယ်ငါတို့ဘာသာဘာလုပ်လုပ်ပေါ့ နင့်အပူပါ ဟယ်မဝင့်ဝါ ကန်တော့နော် ကန်တော့ ညမတို့က အမမှန်းမသိလိုက်လို့ပါ အင်းအခုသိပြီဆိုတော့ ကိုယ့်အလုပ်ကိုလုပ်ကြလေ မမပြောခိုင်းလိုက်တာတွေက အလကားမဟုတ်မှန်းသိကြတယ်မလား ဟုတ်ကဲ့မဝင့်ဝါ ညမတို့သိပါတယ် ညမတို့ကိုသွားခွင့်ပြုပါအုံး အေးအေး

ခိုင် (Uni & Zaw)Where stories live. Discover now