အပိုင်း-၂၄

559 19 2
                                    

Unicode

ဒါနဲ့ နင့်မေမေဆီမှာ မိတာမမိတာကိုခနထားအုံး ငါမေးတာအရင်ဖြေ ဘာအခြေအနေထူးလဲ ဘာကိုအခြေအနေထူးရမှာလဲ ဆုနဲ့လား အော်ငါကအဲဒါကိုမမေးလို့ ဘယ်အကြောင်းကိုမေးရမှာလဲ နင်နော်တုံးချင်ယောင်မဆောင်နဲ့ ငါ့ကိုနင်မှန်မှန်လိမ် ဆုနဲ့နင်နဲ့ကြားမှာ တစ်ခုခုတော့ဖြစ်ခဲ့တယ်မလားပြော နေပါအုံး ဝါရယ် နင်မောလာတာအေးဆေးပေါ့ ငါပြီးရင်ပြောပြမှာပေါ့ အခုကကော်ဖီအရင်မှာကြမယ်လေ ငါဆိုင်ကိုရောက်တုန်းက နင်လာရင်မှာမယ်လို့ပြောထားလို့ပါ နော်သူငယ်ချင်း အေးအေးဒါဆိုလဲ အရင်မှာကြမယ် မှာမယ်လို့ပြောလိုက်တာနဲ့ ဘယ်အချိန်ထဲက စောင့်ကြည့်နေမှန်းမသိတဲ့ ဝိတ်တာကောင်လေးက အနားရောက်လာပြီး အမတို့ပုံမှန်အတိုင်းပဲလား အမလေးလန့်လိုက်တာဟယ် အမတို့တောင်မခေါ်ရသေးဘူးလေ ဘယ်လိုရောက်လာ ဘယ်လိုရောက်လာဆို ကျွန်တော်ကအမတို့ကိုတစ်ချိန်လုံးကြည့်နေလို့ပါ အမတို့မှာမယ်ဆို အဆင်သင့်ဖြစ်အောင်လို့ ဒါကြောင့်အမတို့ဆီကမှာမယ်ဆိုတဲ့အသံကြားတာနဲ့ အပြေးလာတာပါ အော်အေးဟုတ်ပါပြီ ဒါဆိုအမတို့အရင်အတိုင်းပဲနော် ဟုတ်အမ ဝိတ်တာကောင်လေးထွက်သွားတော့မှပဲ ခုနကပြောလက်စ စကားကို ဝါကပဲပြန်ဆက်လိုက်တယ် ဟဲ့ခိုင် ပြောတော့လေဟာ နင်နဲ့ဆုရဲ့အခြေအနေအကြောင်းတရားကို ငါသိချင်လှပြီ အေးပါပြောပြမယ်နားထောင်

ဒီလိုဟာ ဆုရုံးကပြန်သွားပြီးမကြာဘူး ငါသူ့အိမ်လိုက်သွားတယ်လေ သူ့အိမ်ရှေ့လဲရောက်ရော ဆုအမေနဲ့တွေ့ပါလေရော ပထမကတော့ ငါရောဆုအမေရောက ဘယ်သူဘယ်ဝါဆိုတာကို စူးစမ်းတဲ့အကြည့်တွေနဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြရင်း ဆုအမေဘက်ကနေအရင် ငါ့ကိုဘယ်သူလဲလို့မေးတော့ ငါလဲဆုလဲအလုပ်ကအလုပ်ရှင်ပါလို့ပြောလိုက်တော့ တအံ့တဪနဲ့ ခြံတံခါးကိုဖွင့်ပေးပြီး အိမ်ထဲဝင်ဖို့ခေါ်တယ်လေ ငါလဲဝင်တာပေါ့ ဆုအမေကအိမ်ရှေ့ဧည့်ခန်းမှာ ခနထိုင်ခိုင်းထားပြီး ဆုကိုသွားခေါ်တယ် အင်းဆုကိုသွားခေါ်ပြီးတော့ ဘာဆက်ဖြစ်ကြလဲ ခိုင် အယ်နင်ကလဲ ငါ​ပြောပြနေတယ်လေ အေးဆေးနားထောင်ပေါ့ စကားကိုကြားကနေဖြတ်ဖြတ်ပြောတော့ ပြောရတဲ့ငါအရှိန်ပျက်တယ် ဟုတ်ပါပြီဒါဆိုလဲ​ပြောလို့ပြီးသည်အထိ ငါတိတ်တိတ်ကလေးနားထောင်ပါ့မယ် ဟုတ်ပြီလား ဒီလိုမှပေါ့ဟယ် ငါဧည့်ခန်းထဲမှာထိုင်ပြီးမကြာဘူး ဆုအမေကဆုကိုခေါ်ထုတ်လာတယ်လေ ဒီတော့ငါကလဲ လူကြီးတစ်ယောက်အနေနဲ့ စကားစရတော့တာပေါ့ အလုပ်ထဲမှာဆုအမှားမဟုတ်ပဲ အမှားပါလို့ပြောလိုက်မိလို့ အိမ်အထိလာတောင်းပန်ဆိုတဲ့အကြောင်းပေါ့ ဘာအကြောင်းအရာကိုမှားတယ်လို့အပြစ်တင်တယ်ဆိုပြီးတော့မပြောလိုက်ဘူးပေါ့

ခိုင် (Uni & Zaw)Where stories live. Discover now