အပိုင်း-၅

662 38 8
                                    


Unicode

"Can I Call You Baby".........

"Can You Be My Friend"..........

"Can You Be My Love Up"..........

"Until The Very End".........

"Let Me Show Your Love".........

"I Don't Pretend".........ဆိုပြီး နှိုးးစက်ကမြည်နေတာတောင် မနှိုးသေးပါ.........

မနက်၆နာရီပေးထားတဲ့........နှိုးစက်မြည်သံကို ဆု၆နာရီ​ပေးထားပေမဲ့ အတော်လေးကြာမှဆုကြားပါတယ် ကြားလို့ဖုန်းကိုကြည့်လိုက်တော့ ၆နာရီ၁၅မိနစ်ပင် ဖြစ်နေပြီလေ ဆုလဲကပြာကယာထကာ အိပ်ယာသိမ်း ရေမိုးချိုးဖို့ပြင်ဆင်ရပါတော့တယ် ဆုရေချိုးဖို့အခန်းထဲကထွက်လာတော့ မေမေကပင်မီးဖိုချောင်ထဲမှာ ဟင်းချက်လို့ပြီးနေပြီ ဆုလဲအိပ်ယာထနောက်ကျတာမေမေသိရင်ဆူမှာဆိုးလို့ ရေချိုးခန်းထဲကိုတစ်ချီထဲအပြေးဝင်ခဲ့ပါတယ် ဒါတောင်မေမေက မြင်ဖြစ်အောင်မြင်လိုက်ပါသေးတယ် ဟဲ့ ဟဲ့ သမီး အော်ဒီကလေးနဲ့ ခက်တော့တာပဲ ပြာပြာ ပြာပြာနဲ့ ရေချိုးခန်းထဲချော်လဲမှ ဟုတ်ပေ့ဖြစ်နေအုန်းမယ် အမြဲဒီလိုရှပ်ပြာ ရှပ်ပြာလုပ်တဲ့အကျင့်ကိုမဖျောက်ဘူး သမီး သမီး ရှင်မေမေ ချိုးရင်လဲမြန်မြန်ချိုး နောက်ကျမယ် ဟုတ် ဟုတ်မေမေ သမီးမြန်မြန်ချိုးနေပါတယ် အေးအေး သမီးအလုပ်သွားရင်မေမေလိုက်မပို့တော့ဘူးနော် ဟုတ်မေမေ မေမေထမင်းချိုင့်ကိုအိမ်ရှေ့က စားပွဲခုံမှာချပေးထားမယ် သွားခါနီးရင်လဲ ယူသွားဖို့မမေ့နဲ့နော် ဟုတ်ကဲ့ပါမေမေရဲ့ မေမေမှာတာတွေနားထောင်ရင်းနဲ့ပဲ ရေတောင်ချိုးလို့ဘယ်လိုပြီးလို့ ပြီးသွားမှန်းတောင်မသိတော့ဘူး မေမေပြောတာတွေသမီးအကုန်မှတ်မိတယ် ဟုတ်ပြီလားမေမေ မေမေဘာမှစိတ်မပူပါနဲ့ သမီးကကလေးမဟုတ်တော့ဘူးလေ ကလေးမဟုတ်တော့လို့လဲ အခုအလုပ်လုပ်နေတာလေမေမေရဲ့ အင်းပါ အင်းပါ အဲလိုပြောတဲ့သူတွေပဲ ပြီးရင်မေ့မေ့ပြီး ထားခဲ့တာ ဟီးဟီး မေမေကလဲ ဟယ်မေမေပြီးမှပဲဆက်ပြောတော့မယ် နောက်ကျနေပြီ သွားပြီမေမေ သမီးပြင်ဆင်လိုက်အုံးမယ် အင်းဒီရှပ်ပြာတစ်ယောက်နဲ့တော့ ဘယ်တော့မှများတည်ငြိမ်မယ်မသိဘူး ရင်လေးတယ်သူ့အတွက် ဟယ်မရှပ်ပြာကိုပြောနေရတာနဲ့ ငါတောင်ကျောင်းချိန်နောက်ကျတော့မယ် မြန်မြန်ရေချိုးပြင်ဆင်ပြီး သွားတော့မှပါပဲ မေမေလဲပြင်ဆင်ပြီးလို့ အိမ်ရှေ့အထွက် ဆုလဲပြင်ဆင်ပြီးလို့အိမ်ရှေ့အထွက်နဲ့ကြုံလို့ လမ်းထိပ်ကိုအတူတူထွက်လာခဲ့ပါတယ် လမ်းထိပ်ရောက်မှ လမ်းခွဲကာ ထွက်ခဲ့ကြတယ် မေမေကကျောင်းသွားဖို့ ကားမှတ်တိုင်ကို ဆုကတော့အလုပ်သွားဖို့ ယုတို့လမ်းထိပ်ကိုပါ

ခိုင် (Uni & Zaw)Where stories live. Discover now