အပိုင်း-၁

1.7K 79 6
                                    

17.5.2022........

ဒီနေ့ကတော့ ခိုင့်ဘဝမှာ ဘယ်လိုမှမမေ့နိုင်တဲ့ နေ့စွဲလေးတစ်ခု ကျရောက်လာတယ်ဆိုတာ ခိုင်အတက်ပြောနိုင်ပါတယ် ဘာနေ့လေးလဲဆို ခိုင့်ရဲ့ချစ်သဲညှာလေးက ခိုင့်ကို ချစ်ရေးဆိုတဲ့နေ့လေးပေါ့ အခုဆိုနှစ်ပေါင်း၂၀တိုင်သည်အထိ ခိုင့်ကလေး ခိုင့်ရင်ခုန်သံဖြစ်တည်ရာ လူသားလေးက ခိုင့်အနားမှာ ရှိနေခဲ့ပြီလေ

ခိုင်တို့အကြောင်းကို စပြီးပြောပြရမယ်ဆိုရင် ဖြင့် ခိုင်တို့ရဲ့ချိုမြတဲ့ အချစ်ခရီးလမ်း ကြမ်းတမ်းစွာလျှောက်ခဲ့ရတဲ့ အချစ်မှန်တိုင်းတွေပါပြန်ပြောကာမှ ပြည့်စုံပါလိမ့်မယ်

လွန်ခဲ့သောနှစ်ပေါင်း၂၀ခန့်က..........

ခိုင်........ ခိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်မှာပိုင်ဆိုင်တာဆိုလို့ ကိုယ့်အားနဲ့ကြိုးစားထားတဲ့ အထည်အလိပ်စက်ရုံလေးရယ် ကားလေးတစ်စီးရယ် ခိုင့်မေမေရယ်ပဲရှိခဲ့တာပါ ဖေဖေဆုံးပြီးစဥ်အခါထဲက မေမေ့ကိုအဖော်ပြုပေးချင်တာကတစ်ကြောင်း ခိုင်ကိုယ်တိုင်ကိုက ယောကျာ်းဆို ဝေးဝေးကကိုရှောင်တက်တဲ့ မိန်းမတစ်ယောက်ဖြစ်တာကတစ်ကြောင်းကြောင့် ယောကျာ်းယူဖို့ကို အတွေးထဲမထည့်တဲ့သူပါ

ခိုင့်အတွေး ခိုင့်စိတ်ထဲမှာ ယောကျာ်းတွေနဲ့ပတ်သတ်ရင် ဒီလိုအစွဲကလဲရှိစမြဲပါ ဘယ်လိုအစွဲလဲဆိုရင်လေ ဒင်းတို့ယောကျာ်းသားတွေက မိန်းမသားတွေဆို သိပ်အထင်သေးကြတာ အလုပ်ကို ဒီလုပ်ငန်းတစ်ခုပဲ လုပ်နေကြတာခြင်းတူတာတောင် မိန်းမဦးဆောင်တဲ့အထည်အလိပ်စက်ရုံမလို့ အောင်မြင်ပါ့မလားတဲ့လေ ယောကျာ်းယူပြီး ဒီယောကျာ်းရှာကျွေးတာကိုအေးဆေးမစားနိုင်ဘူးတဲ့ ပြောပုံတွေကိုက အဲလိုပြောတဲ့အထဲ ခိုင်ကတော့ထိပ်ဆုံးက မပါမဖြစ်ပေါ့

ခိုင့်ဖေဖေရှိစဥ်အခါတုန်းကဆို အိမ်ကိုတောင်လာပြီး ခိုင်ဖေဖေဆီမှာလာမြန်းကြတာ အဲအချိန်ဖေဖေရှိထဲက ခိုင်ငြင်းခဲ့တဲ့ယောကျာ်းတွေဆိုတာလဲ လက်ချိုးတောင်မရေတွက်နိုင်တော့ပါဘူး ဘယ်လိုတွေပဲ မက်လုံးပေးပြီး လာတင့်တောင်းတင့်တောင်း ဖေဖေပြောနေကြစကားတစ်ခွန်း အေးကွယ်မောင်ရင် ဦးလေးသမီးခိုင်က ဦးလေးစကား တစ်ခွန်းဆိုတစ်ခွန်း ဘယ်သောအခါမှ ပယ်ရှားတက်တဲ့ကလေးမဟုတ်ဘူးကွ အေးဒါပေသည့် တစ်ခုတော့ရှိတယ်

ခိုင် (Uni & Zaw)Unde poveștirile trăiesc. Descoperă acum