အပိုင်း-၁၁

388 28 4
                                    

Unicode

ဒီနေ့တော့ညကအလန်းပေးထားတဲ့ အချိန်ထပ်ကိုစောကာဆုနိုးတယ် ညကစောစောအိပ်လိုက်လို့နဲ့တူပါတယ် ဆုတွေးလိုက်တယ် ဒီမနက်တော့မေမေ့ကို မနက်စာထမင်းကြော်လေး ဆုကိုယ်တိုင်ကြော်ပေးမယ်ပေါ့ ဒီအတွေးနဲ့အတူ ဆုအိပ်ယာသိမ်းလိုက်ပြီး အခန်းထဲကအထွက် မီးဖိုချောင်ထဲကမီးလင်နေလို့ သွားကြည့်မိတော့ မေမေကပင်ထမင်းဟင်းချက်လို့လေ ဆုဘယ်လောက်ပဲစောနိုးတယ်ပြောပြော မေမေစောနိုးတာကိုမမှီဘူးနဲ့တူပါတယ် ဟယ်သမီးအပေါက်ဝမှဘာပ်လုပ်နေတာလဲ စောသေးတယ်လေ ဘာလဲအိမ်သာလာတာလား အိမ်သာမဟုတ်ပါဘူးမေမေရဲ့ သမီးညကအိပ်တာစောတော့ ဒီမနက်စောစောနိုးတာနဲ့ မေမေ့အတွက်ရောသမီးအတွက်ပါ မနက်စာထမင်းလေးကြော်မလားဆိုပြီးလာတာ မေမေကသမီးထပ်တောင်အရင်နိုးနေတယ် အရင်နိုးတာမဟုတ်ပါဘူးသမီးရယ် အသက်အရွယ်တစ်ခုရလာတော့ ည​ဘက် တွေသိပ်အိပ်မပျော်ဘူးလေ အိပ်ယာထဲလဲ ဟိုလှည့်ဒီလှည့်ဆိုတော့ ကျောပူတာနဲ့ထလိုက်တာ ဟုတ်မေမေ

ဒါနဲ့မေမေကထမင်းချက်တာပြီးပြီလားဟင် အေးပြီးပြီသမီး လာလေသမီးထမင်းကြော်မယ်ဆို မေမေလဲသမီးလက်ရာမစားရတာကြာပြီလေသမီးရဲ့ဟုတ်မေမေဒါဆိုသမီးကြေယ်လိုက်အုန်းမယ်နော် အေးအေးမေမေလဲကျောင်းသွားဖို့ရေအရင်ချိုးလိုက်မယ် အော်ဒါနဲ့သမီး ရှင်မေမေ ထမင်းကလေပိုကြော်လိုက်သိလား ဟုတ်မေမေ မေမေခနသမီးသိချင်တာရှိလို့ မေးလို့ရမလားဟင် ရတာပေါ့သိချင်တာရှိရင်မေး ဘာများလဲသိချင်တာက မေမေကလေဘာလို့သမီးထမင်းကြော်တဲ့အခါဆိုပိုပြီးကြော်ခိုင်းတာလဲဟင် အော်ဒါလား ပိုကြော်ခိုင်းတာကဒီလိုကွဲ့ မေမေတို့ကျောင်းမှာမေမေနဲ့အတူတူထိုင်တဲ့ ဆရာမလေးတစ်ယောက်ရှိတယ် သူကကျောင်းပြောင်းလာတာ၃နှစ်ရှိပြီလေ ဒါပေမဲ့သူကအနေအေးသလို ကျောင်းသူကျောင်းသားတွေအပေါ်မှာမက မေမေတို့ဆရာမတွေအပေါ်လဲ သဘောကောင်းတယ် အရင်စပြောင်းလာတဲ့နှစ်ကသူကဆရာမအငယ်လေးတွေနဲ့အတူထိုင်တာ မနှစ်ကစပြီးမေမေတို့အသက်ကြီးတဲ့ဆရာမတွေ့နဲ့အတူတူထိုင်တာ အယ်မေမေကလဲ တို့မေမေကအသက်မကြီးသေးပါဘူးနော် အခုမှ၅၀တောင်မပြည့်သေးတာကို ကဲအမတော် ကျမပြောတာနားထောင်မှာလား အမတော်ပြောတာကို ကျမကနားထောင်ရမှာလား ဟုတ်သားမေမေပြောတာကိုသမီးကနားထောင်မှာပေါ့ ဆက်ပြောမေမေဆက်ပြော ဟီးဟီး

ခိုင် (Uni & Zaw)Where stories live. Discover now