အပိုင်း-၂၃

345 19 4
                                    

Unicode

" I can'not hold my tongue You give me much to say '

' I'm Sweating bullets nervous that you'll push away '

' And when your eyes catch mine I know I talk too much '

' So give me your two lips and baby l'll shut up '

အမလေးလန့်လိုက်တာငါ့နဲ့ အသားမကျသေးတဲ့ခိုင့်ရဲ့ ဖုန်းRingtones ဆုကိုချစ်မိနေတာသေချာတယ်ဆိုတဲ့နေ့ထဲက ဒီSongလေးကိုပြောင်းထားမိတာ ဆုများခေါ်သလားဆိုပြီး Contact Name ကိုအမြန်ကြည့်မိတော့ ဝါတဲ့ မိဝါမစုတ်ပလုတ်မ လန့်လိုက်တာဆိုတာကိုလေ  ကဲပြောမိဝါ ဘာကိစ္စဖုန်းခေါ်ရတာလဲ ဘာကိစ္စကမလဲ နင်သွားတာကြာလှပြီ အခုထိရုံးကိုပြန်မရောက်သေးလို့ ဘာများဖြစ်နေပြီလဲလို့လေ ပြီးတော့နင်တောင်းပန်တာကိုလက်မခံပဲနဲ့ ဟိုကနင့်များပါးချလိုက်ပြီလားလို့ ဟဲ့ ဟဲ့ အော်မပြောကောင်းမဆိုကောင်း ဘာလို့ပါးချရမှာလဲငါ့ကို

"ခုနကနမ်းလိုက်တုန်းကတောင်အချမခံရတာကို ဟာသွားပြီ ပြောနေရင်းအရှိန်လွန်သွားတဲ့ ကို့နှုတ်ကို အမြန်တားယူလိုက်ရတယ် ဟူးးးး ယောင်ပြီးပြောလိုက်မိပြီ"

ဘာကိုအချမခံရတာလဲခိုင် ငါကြားလိုက်တယ်နော် ဘာ ဘာမှမဟုတ်ပါဘူးဝါရယ် နင်ကလဲ ခိုင်နင်ဆုကိုမဟုတ်မှလွဲရော ဝါ..... ခနခန ငါတို့တွေ့နေကြဆိုင်မှာပဲတွေ့ပြီးပြောပြမယ် နင်အခုလာခဲ့ ဟဲ့အလုပ်ချိန်ကြီးကို အလုပ်ချိန်ကြီးဆိုရင်လဲ မလာချင်မလာနဲ့လေ ငါကတော့ရုံးပြန်မလာတော့ဘူး တစ်ခါထဲရုံးဆင်းလိုက်မလို့တွေးပြီး ချိန်းတာ နင်ကအလုပ်ချိန်ကြီးမလာချင်ဘူးဆိုတော့ နင်သိချင်တဲ့အကြောင်း နောက်ငါအားတော့မှပဲပြောပြမယ်လေနော် အယ်ခိုင်ကလဲ နင်ကလဲမဟုတ်တာ ငါကစလိုက်တာပါဟ နင်ကလဲစိတ်ကြီးပဲ အရင်တစ်ခေါက်တုန်းက နင်ပြောသလို ငါကနောက်ပြီးလိုက်​ပြောကြည့်တာပါ သူပြောတုန်းကကြကောင်းတယ် ငါပြောတော့မှ ခိုင်နင်တော့နော် ဘာလဲတွေ့မှလား မတွေ့ဘူးလား ဒါပဲအရင်ပြော ငါကအခုတွေ့ဆိုလဲတွေ့လို့ရပါတယ် ငါအားတယ် လာခဲ့မယ် နင်အရင်ရောက်ရင်ခနတော့စောင့်နေပေးလေနော် အလုပ်နဲ့ငါတို့ချိန်းနေကြဆိုင်နဲ့က သပ်သပ်စီဆိုတော့လေ အေးပါဝါရယ် နင်လာတဲ့အထိငါစောင့်မယ် အခုကလဲရုံးဆင်းချိန်မရောက်သေးတော့ ကားကမပိတ်လောက်သေးပါဘူး အေးပါ ခိုင်လဲဝါ့နဲ့ဖုန်းပြောပြီးသည်နှင့် လမ်းဘေးမှာကားကိုခနရပ်လိုက်ပြီး မေမေ့ဆီကိုဖုန်းခေါ်ခဲ့တယ်

ခိုင် (Uni & Zaw)Where stories live. Discover now