အပိုင်း-​၄

675 42 3
                                    

Unicode

ဟိတ် ဟိတ်ကလေးမ ဒီမယ်ခေါ်နေတယ်လေ ဟုတ် ဟုတ်ကဲ့ အလှနတ်ဘုရားမရှင့် အဲလေဟုတ်ပါဘူး အမရှင့် အယ်မမကိုဘယ်လိုခေါ်လိုက်တာလဲ ပြဿနာတွေတော့တက်တော့မှာပဲ မမဟိုလေချော နေနေချောရတယ် သူကမမကိုမသိလို့ခေါ်တာပဲထားလိုက် မမတို့အင်တာဆက်ဗျူးရအောင် ကဲဒီကညမလေးဆုရေ ဒါကအမတို့ စက်ရုံပိုင်ရှင်ပဲ ဒီခိုင်အထည်အလိပ်စက်ရုံရဲ့ပိုင်ရှင် မမခိုင်ကကိုယ်တိုင်အက်တာဗျူးမှာ အဆင်သင့်ပဲလား ဟုတ်ကဲ့အမအကုန်အဆင်သင့်ပါပဲ

ကဲပြောပါအုံး ဒီအလုပ်ကိုဘယ်ကနေဘယ်လိုသိတာလဲ ဘာကြောင့်ရောလာလျှောက်ဖြစ်တာလဲ သမီးကဆုနော်ဟုတ်တယ်မလား ဟုတ်သမီးနာမည်ကဆုပါ အင်းဒီမှာရေးထားတာ ဆုရဲ့နေရပ်လိပ်စာကမြောက်ဒဂုံနော် အခုအလုပ်ရှိတဲ့နေရာက လှိုင်သာယာဆိုတော့ တကယ်လို့အလုပ်ရရင်ဆင်းနိုင်ပါ့မလား ပြီးတော့တစ်ခါတစ်လေကြရင် အချိန်ပိုဆိုပြီး ထပ်ဆင်းရသေးတယ်နော် အဲအခါကြရင်အိမ်ပြန်နောက်ကျမှာ အဆင်ပြေပါ့မလား ဖြေပါအုံး ဟဲ့ဖူးမမကလေအင်တာဗျူးနေတာလား အလုပ်ကမ်းလှမ်းနေတာလား မသဲကွဲတော့ဘူးငါတော့ ဖူးလဲဘယ်သိမလဲမချောရဲ့ မမကသူအဆင်ပြေသလိုမေးနေတာနေမှာပေါ့ အေးအေးဟုတ်မှာပါ​လေ ဟိတ်အနောက်ကဟိုနှစ်ယောက် တိတ်တိတ်နေလေ မမဒီမှာအင်တာဗျူးနေတယ် ဟုတ်ကဲ့မမ

ကဲသမီးဆုဖြေလေ ဟုတ်ကဲ့ ဒီအလုပ်ကိုဘယ်ကသိတာလဲဆိုတော့ ဆုသူငယ်ချင်းဆီကနေသိတာပါ ဆုသူငယ်ချင်းဆီကဟုတ်လား ဟုတ်ပါတယ် ဒါဆိုသမီးဆုရဲ့သူငယ်ချင်းက ဒီစက်ရုံမှာ အလုပ်လုပ်နေတာပေါ့ ဒီလိုလား ဟုတ်ဆုသူငယ်ချင်းက ဒီစက်ရုံက လိုင်းနံပါတ်၄ကခေါင်းဆောင်ပါ လိုင်းနံပါတ်၄ကခေါင်းဆောင်ဆိုတော့ ချောရေဟိုလလောက်ကမှ မမရာထူးတိုးပေးလိုက်တဲ့ ယုယပိုင်ဆိုတဲ့တစ်ယောက်မလား ဟုတ်ပါတယ်မမ အော်အေးအေးဟုတ်ပါပြီ

ဘာကြောင့်လာလျှောက်တာလဲဆိုတော့ ဆုမှာအလုပ်မရှိလို့ပါ ပြီးတော့အိမ်ရဲ့စားဝတ်နေရေးအတွက်ရော မေမေ့ကိုပါပြန်ပြီးရှာကျွေးချင်တဲ့အတွက်ရယ် ဒီအလုပ်ကိုစိတ်ဝင်စားတာကြောင့် လာလျှောက်ဖြစ်တာပါ ကျန်တာတော့ထွေထွေထူးထူးအကြောင်းပြချက်ရယ်လို့ မရှိပါဘူး ပြီးတော့အစထဲကယု​ပြောပြလို့ဖယ်ရီရှိတယ်ဆိုတာကိုလဲသိထားပါတယ် ဒါကြောင့်အိမ်အပြန်နောက်ကျတဲ့ ရက်တွေရှိလဲ ရုံးကစီစဥ်ပြီးအိမ်ပြန်လိုက်ပို့ပေးတယ်ဆိုတာလဲသိပါတယ် ဒါကြောင့်ဒီမှာအလုပ်လာလျှောက်တာပါ

ခိုင် (Uni & Zaw)Dove le storie prendono vita. Scoprilo ora