အပိုင်း-၂၈

393 16 8
                                    

Unicode

"ခိုင်အနည်းငယ် ရင်တုန်သွားတာတော့အမှန်ပါ ကိုချစ်ရသူရဲ့ ရင်ခွင်ထဲကိုအမှတ်မထင်ရောက်သွားတဲ့အပြင် သူ့ရဲဲ့ရင်ခုန်သံကိုပါအတိုင်းသာကြားလိုက်ရတော့ ဒီရင်ခုန်သံကကို့အတွက်များခုန်နေလေသလားလိုရယ်ထင်မှတ်မိလိုက်တာလေ"

ဘယ်လောက်တောင်တွေးမိမှန်းမသိ ကိုယ့်ကိုကိုတောင် မသိလိုက်ပဲ အောက်နှုတ်ခမ်းကိုကိုက်ထားမိတယ်လေ ဆုမမအခန်းထဲကိုဝင်ဖို့အလုပ် မမကထွက်လာတော့ ဆုလဲအရှေ့ကစားပွဲခုံပေါ်ကို ကော်ဖီဗန်းလေးတင်ပြီး မမဘက်ကိုလှည့်မယ်အလုပ် မမကအရင် ဆုကိုဆွဲလှည့်လိုက်တော့ ရုတ်တရပ်ဆိုတော့ ဆုလဲလန့်သွားပြီး မမကိုတွန်းလိုက်မိသလိုဖြစ်သွားတယ်လေ

မမခြေချော်ပြီးလဲကျတော့မှမို့ အမြန်လှမ်းဖမ်းလိုက်တော့ ရင်ခွင်ထဲထည့်ထားသလို အနေအထားဖြစ်သွားတယ်လေ ဆုလှမ်းဆွဲလိုက်လို့ ဖက်မိထားတာကိုမမကမလှုပ်မရှပ်နဲ့နေနေတော့ ဆုကပဲမမကိုဖက်ထားတဲ့အနေအထားဖြစ်သွားပါလေရော ဒီအချိန်မှာဆုတွေးမိသည်က

"ဒီလိုအမျိုးလေးကို ချစ်မိတဲ့ဆုကိုဆုတောင် မတန်ဘူးလို့ခံစားမိတယ် ဘာလို့ဆို ဆုရင်ခွင်ထဲရောက်နေတဲ့ မမက ကျားရဲတစ်ယောက်ကဖမ်းကာအပေါ်ကအုပ်မိုးထားလို့ ကြောက်လန့်နေတဲ့ ယုန်လေးလိုဖြစ်နေတယ်လေ ဆုဖက်ထားမိလို့လားမသိဘူး မမကကြုတ်ကြုတ်လေးနေနေကာ ဆုရင်ခွင့်ထဲအရှက်ပိုနေလေတော့"

ဆုကပဲမမနဲ့ဆုရဲ့ခန္ဓာကိုယ်နှစ်ခုကိုခွာလိုက်ပြီး မမ မမအဆင်ပြေရဲ့လား ဆုတမင်တိုက်လိုက်တာမဟုတ်ပါဘူးနော် ဆုတကယ်မမြင်လို့ပါလို့ပြောလိုက်တော့ ဆုရင်ခွင်ထဲကနေအတင်းရုန်းထွက်ကာ အင်းပါတို့ကဘာပြောနေလို့လဲ မတော်တဆဖြစ်တယ်ဆိုတာ တို့သိပါတယ် လာတို့နောက်လိုက်ခဲ့ မင်းကိုပြောစရာတွေ ဆူစရာတွေရှိတယ် ဟင်ဘယ်လိုရီးတုန်း ခုနကသူမဟုတ်တဲ့အတိုင်းရယ် အခု အခုကြတော့ ဆုလဲဟုတ်ဟုတ်မမ​လို့သာပြောလိုက်တာ ဆု​လန့်နေပြီလေ မနေ့ကကြတော့သူမဟုတ်တဲ့အတိုင်းပဲကို မဖူးကလဲမြန်မြန်လိုက်သွားဆိုတဲ့ပုံနဲ့ ဆုအခန်းထဲကိုကော်ဖီခွက်လေးကိုင်ကာ မြန်မြန်လိုက်သွားလိုက်တယ်

ခိုင် (Uni & Zaw)Where stories live. Discover now