အပိုင်း-၂၂

360 20 13
                                    

Unicode

"မမက မမလိုလူက ငါ့.......ငါ့ကိုတောင်းပန်မလို့တဲ့လား ငါ အိမ်.........အိမ်မက်များမက်နေတာလား" ငါ့ရှေ့မှာရှိနေတဲ့ အမျိုးသမီး ဒီအမျိုးသမီးက လူတွေအကုန်မော်ဖူးရလောက်တဲ့အထိ ဂုဏ်ရှိတဲ့ မမကလေ ငါ့လိုဘာမဟုတ်တဲ့သူကို တောင်းပန်မလို့တဲ့လား" မဖြစ် မဖြစ်နိုင်တာတွေ

"ဆု တို့တောင်းပန်ပါတယ်နော်" တကယ်ကိုစိတ်ရင်းနဲ့တောင်းပန်ပါတယ်နော်"

တို့ကလေ တို့လက်အောက်ကဝန်ထမ်းတွေကို ယောကျာ်းလေးတွေနဲ့ မပတ်စေချင်လို့ပါ ဘာလို့ဆို လုပ်ငန်းထဲ ယောကျာ်းနဲ့မိန်းမ ပတ်သတ်ဆက်နွယ်ပြီး မရှုပ်မရှင်းပြဿနာတွေဖြစ်ကုန်မှာမလိုလားလို့ပါ ဒါကြောင့်တို့ကုမ္ပဏီမှာ ဝန်ထမ်းအချင်းချင်း ချစ်ကြိုက်လို့မရဘူးဆိုပြီး တင်းကြပ်တဲ့စည်းကမ်းကိုထုတ်ထားတာပါ အခုကလဲ တို့ဒေါသထွက်မိသွားတာကလေ တို့လက်အောက်ကဝန်ထမ်းကိုမှ ဒီလိုမြင်လိုက်ရတော့ ဒေါသစိတ်ကိုမထိန်းနိုင်ပဲ ဆုအပေါ်မှာပဲ အကုန်လုံးပုံချမိသလိုဖြစ်ကုန်တာပါ ပြီးတော့ သီဟအောင်ဆိုတဲ့ သူအကြောင်းကိုလေ တို့အသိဆုံး သူကပိုက်ဆံနဲ့အရာရာကိုဝယ်နိုင်တယ်လို့တွေးထားတဲ့သူ

ဒါကြောင့်ပါအမရယ်ဆုကိုလေ ညမသူနဲ့ပတ်သတ်မိသွားမှာကို အတော်လေးစိုးရိမ်သွားတာပါ သူနဲ့ပတ်သက်မိရင်ဆုဒုက္ခရောက်သွားမှာကို ညမ မလိုလားလို့ အခုလိုလုပ်ရပ်မျိုးဖြစ်သွားတာပါ "ဆုရယ်တို့တကယ်တောင်းပန်ပါတယ်"

ဟဲ့........ဟဲ့........အော် ဟဲ့သမီးရယ် ဘယ်လိုဖြစ်လို့ ကြောင်အအကြီးကြည့်နေရတာတုန်း ဒီမှာအကြီးလဲဖြစ် သမီးရဲ့သူဌေးလဲဖြစ်သူက တောင်းပန်ပါတယ်လို့ပြောနေတယ်လေ ပြီးတော့လဲညမပြောတာကိုနားထောင်လိုက်ရတော့ ညမကမဖြစ်သင့်တာကိုမဖြစ်အောင် တားလိုက်တယ်လို့ပဲအမမြင်ပါတယ် ပထမကတော့အိမ်ကို အလုပ်မဆင်းသေးပဲပြန်လာတယ် ပြီးတော့ငိုလာတာကိုတွေ့တော့ အမလဲဆုရဲ့မိခင်တစ်ယောက်အနေနဲ့ စိုးထိတ်မိတာအမှန်ပဲ သမီးအခြေအနေကိုကြည့်ပြီးညကြမှ ဘာဖြစ်သလဲဆိုတာကိုမေးမယ်ပေါ့ အခုတော့ ငါ့ညမဆီကအကြောင်းစုံသိရတော့ အမရင်အေးသွားတယ် သမီးတစ်ခုခုတော့ပြန်ပြောလိုက်လေ ရှင်......ရှင် ဟုတ်ကဲ့မေမေ သမီးဘာပြောရမှာလဲ သမီးအလုပ်ရှင်ကတောင်းပန်နေတဲ့ကိစ္စ ရပါတယ် မမရှင့် တောင်းပန်ဖို့မလိုပါဘူး ဆုမှားတာပါ အယ်ဘယ်ကိုဆုမှားရမလဲ ဆုမမှားဘူး တို့မှားတာ မမ မမှားပါဘူး ဆုမှားတာပါ ကလေးမ တို့မှားတာလို့ပြောနေတယ်လေ ဒီတော့တို့တောင်းပန်တယ်နော် မမတောင်းပန်ဖို့မလိုပါဘူး ဆုကပဲတောင်းပန်ပါတယ်နော် သမီးနဲ့သူ့ရဲ့သူဌေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် သူတောင်းပန်တယ် ကိုတောင်းပန်တယ်ဆိုတဲ့ သူတို့နှစ်ယောက် ကြားနေရင်း ကျမအချိန်ကိုကြည့်မိတော့ ကျူရှင်သင်ရမဲ့အချိန်တောင်ရောက်နေပြီ

ခိုင် (Uni & Zaw)जहाँ कहानियाँ रहती हैं। अभी खोजें