အပိုင်း-၁၄

396 22 6
                                    

အခုတော့မဖြစ်နိုင်မှန်းသိတဲ့အခြေအနေတစ်ခုကို ငါ့နှလုံးသားထဲမှာမြှုပ်နှံရင်း နင့်ရဲ့အချစ်ဆုံးသူငယ်ချင်းအဖြစ် ဆက်ပြီးနင့်ဘက်မှာရပ်တည်ပေးနေမယ်ခိုင် နင်ဘာပဲလုပ်လုပ် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အမြဲရှိနေပေးမယ် အခုတော့ငါ့နှလုံးသားလေးလဲ သူ့ရဲ့ပိုင်ရှင်အသစ်ကိုတွေ့
နေပါပြီခိုင်ရယ် တွေးနေရင်းကနေအလုပ်ကိုပြန်အာရုံစိုက်ဖို့ အာရုံစုစည်းလိုက်ကာ စစ်ရမဲ့ဖိုင်တွေကို အပြီးစစ်ခဲ့တယ် ဘယ်လောက်တောင်အာရုံစိုက်မိသလဲဆို နေ့လည်ထမင်းစားချိန်ကိုတောင်သတိမရတဲ့အထိပဲပေါ့ ဖိုင်တွေအားလုံးစစ်ပြီးတဲ့အချိန်က နေ့လည်၃နာရီတောင်ရှိခဲ့ပြီလေ နောက်နှစ်နာရီလောက်နေရင်ရုံးဆင်းတော့မှာမလို့ ဖိုင်တွေကိုခိုင့်ဆီအခုပဲပို့ခိုင်းရမယ် အရင်ကဆိုဖိုင်တွေကို အတွင်းရေးမှူးနဲ့ပဲပို့နေကြဖြစ်ပေမဲ့ အခုတော့ကိုယ်တိုင်သွားပို့ရမယ်လေ ဒါမှညနေကိစ္စကိုသေချာလားဆိုတာပါမေးလို့ရမှာ ဒီတော့ခိုင့်ရုံးခန်းကိုသွားဖို့ဖိုင်တွေကိုပိုက်ပြီးအခန်းထဲကနေထွက်လာခဲ့တယ် အခန်းထဲကနေထွက်လာတာကို အတွင်းရေးမှူးမလေးကမြင်တော့ မမဝါဒီဖိုင်တွေဘယ်ဌာနကိုသွားပို့ပေးရမလဲရှင့် ရတယ်ရတယ် မမကိုယ်တိုင်သွားပို့မှာ ခိုင့်ဆီကိုသွားမလို့ကြာနိုင်တယ် အရေးကြီးတဲ့ကိစ္စကလွဲပြီး သေးသေးမွှားမွှားကိစ္စဆိုရင် မမကိုဖုန်းမဆက်နဲ့နော် ဒါဆိုစိတ်ချမယ်နော် ဟုတ်မမ ဒါပေမယ့်ညမလိုက်ပို့ပေးရင်ပိုကောင်းမယ်ထင်တယ် မမလက်ထဲကိုင်ထားရဲ့ဖိုင်တွေကအရမ်းများနေတော့လေ မမချော်လဲမှာဆိုးလို့ ရပါတယ်ကွဲ့ မမကဒီလောက်တော့အေးဆေးပါ အခုလိုပြောတာနဲ့ကိုကျေးဇူး သွားပြီနော် ဟုတ်မမ လိုက်မပို့နဲ့လို့ ဝါလဲပြောမဲ့သာပြောလိုက်တာပါ ဝါ့လက်ထဲကဖိုင်တွေကများတော့များသား ဒါပေမဲ့လဲပြောပြီးသားစကားကိုပြန်ပြင်ရိုးထုံးစံက ဝါရောခိုင်ရောမရှိဘူးလေ ပြီးတော့ကိုတွေနှစ်ယောက်က သူတို့အားလုံးအထက်လူကြီးတွေဖြစ်နေတာလဲပါတာပေါ့ အထက်လူကြီးတစ်ယောက်ကတည်ကြည်ရတယ် မှန်ကန်စွာပြောဆိုနေထိုင်ရတယ်လေ ဒါမှလက်အောက်ငယ်သားတွေက ရိုသေလေးစားမယ်မလား

ခိုင် (Uni & Zaw)حيث تعيش القصص. اكتشف الآن