အပိုင်း-၂၆

256 10 2
                                    

Unicode

ဒီနေ့မနက်တော့ ခိုင်ပုံမှန်ထပ်စောစောနိုးတယ် ညကအိပ်ပြန်ရောက်ထဲက မေမေ့ကိုနှုတ်ဆက်ပြီး ညစာတောင်မစားနိုင်ပဲ ပင်ပန်းလို့စောစောအိပ်ပျော်သွားတာကြောင့် မနက်ကိုစောစောနိုးနေတာဖြစ်မယ် အိပ်ယာဘေးက နာရီကိုယူကြည့်မိတော့ မနက်၅နာရီပဲရှိသေးတယ်လေ အချိန်ကစောနေပေမဲ့လဲ အိပ်ယာထဲဆက်မလှဲနိုင်တာကြောင့် ခိုင်အိပ်ယာထကာ ရေချိုးဖို့ပြင်လိုက်တယ် ရေချိုးပြီးလို့ အလုပ်သွားဖို့အကုန်ပြင်ဆင်ပြီး အိမ်အောက်ထပ်ကိုဆင်းမယ်အလုပ် ဘုရားခန်းမှာ ဘုရားကန်တော့နေတဲ့မေမေ့ကိုတွေ့တော့ ခိုင်လဲစိတ်ထဲကနေ ဒီနေ့ကလေးမနဲ့အဆင်ပြေနိုင်ဖို့ ဘုရားမှာ ဆုတောင်းမယ်ဆိုပြီး ဘုရားခန်းထဲဝင်ကာ မေမေ့ဘေးနားမှာထိုင်ပြီး ဘုရားကန်တော့ခဲ့တယ် ပြီးတော့စိတ်ထဲကဆုတစ်ခုပဲတောင်းခဲ့တယ်

"အဝေးမှာရှိနေပြီး တပည့်တော်မနှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ခိုင်မာစွာနေရာယူထားတဲ့သူလေး ခိုင့်ချစ်ခြင်းမေတ္တာတွေနဲ့ အေးချမ်းပါစေလို့ ခိုင်ဆုတောင်းခဲ့တယ်”

ခိုင်ဘုရားကန်တော့ပြီး မေမေ့ကိုကြည့်လိုက်တော့ ဘုရားကန်တော့လို့မပြီးသေးတာနဲ့ပဲ ခြေသံကိုဖွဖွလေးလျှောက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့တယ် အိမ်အောက်ထပ်ရောက်တော့ မနက်စာအတွက်ပြင်နေတဲ့မိလုံးလေးက ကျမကိုသေချာကြည့်နေပြီး ဟင်မမကြီး ဒီနေ့စောတယ်နော် ဘယ်သွားဖို့လဲဟင်အစေကြီးထလို့ အော်ဘာရယ်မဟုတ်ပါဘူးမိလုံးရယ် မမကြီးဒီနေ့မနက်စောစောနိုးနေတာနဲ့ ရုံးသွားဖို့အကုန်ပြင်ဆင်ထားလိုက်တာ ဘာရယ်မဟုတ်ပါဘူး ဟယ်သမီးခိုင်နိုးနေပြီလား ခိုင်မိလုံးကိုစကားပြောနေရင်းပဲ မေမေကအိမ်အပေါ်ထပ်ကနေဆင်းလာတယ်လေ ဟုတ်မေမေ သမီးညကအိပ်မပျော်လို့ ဒီမနက်စောစောထလိုက်တာ အော်အေးပါ

ဒါနဲ့မေမေကပထမက သမီးနိုးလာမှတစ်ခုမေးမလို့ ဘုရားခန်းထဲသမီးရေမွှေးတွေဘာတွေ ကပ်လှူထားလားဆိုပြီးတော့လေ အခုတော့ဒါကြောင့်ကိုဆိုတာ မေမေသိသွားပြီ ဘာ ဘာကိုလဲဟင်မေမေ သမီးဘာကိုဒီလောက်လန့်နေရတာလဲ မေမေပြောတဲ့ဒါကြောင့်ကိုဆိုတာက မေမေဘုရားဝတ်ပြုနေတုန်းက သမီးရဲ့ရေမွှေးနံ့ကိုမေမေရလိုက်တယ်လေ မေမေကသမီးမနိုးလောက်သေးဘူးထင်ပြီး မေမေစိတ်ထင်နေတာဖြစ်မယ်လို့ တွေးပြီးအောက်ဆင်းအလာသမီးကိုတွေ့တော့ အော်ခုနကဘုရားခန်းထဲကရတဲ့ အမွေးနံ့ကသမီးဆိုတာကိုသိသွားလို့လေ

ခိုင် (Uni & Zaw)Where stories live. Discover now