အပိုင်း-၁၃

332 22 4
                                    

"ဒေါက်.......ဒေါက်.......ဒေါက်"ဘယ်သူလဲ ငါပါဝါရဲ့ခိုင်လားအေး လာလေဝင်ခဲ့ လာပြီသူငယ်ချင်းရေ ခိုင်ဘာကိစ္စရှိလို့လာတာလဲ ဟယ်ငါကနင့်ဆီကိုကိစ္စရှိမှလာရမှာလားမိန်းမရဲ့ အဲလိုသဘောပြောတာတော့မဟုတ်ဘူးပေါ့သူငယ်ချင်းရယ် နင်ကငါ့ရုံးခန်းကိုဆိုနင့်အတွေးရေးမှူးတွေပဲလွှတ်ပြီး ခေါ်ခိုင်းတာတို့ သူတို့ကနင်ပြောခိုင်းတဲ့ အလုပ်ကိစ္စလာပြောတာတို့ပဲရှိကြတာမလားလို့ အခုကနင်ကိုယ်တိုင်ရောက်လာတယ်ဆိုတော့ ဘာများအရေးကြီးအလုပ်ကိစ္စရှိလို့လဲဆိုပြီးငါကထင်သွားတာပေါ့ဟဲ့ အင်းပြောရမယ်ဆိုရင်တော့ ငါလာတဲ့ကိစ္စကအရေးကြီးတယ် ဒါပေမဲ့အလုပ်ကိစ္စမဟုတ်ဘူး အင်းဆိုပါအုံးဒါဆိုဘာလဲ ဘာလဲဆိုတော့လေ ဟိုလေ ဟို ဟဲ့ခိုင်တစ်ဟိုဟိုနဲ့ဘာတွေဖြစ်နေတာလဲ ပြောမှသာပြောစမ်းပါ အေးပါပြောပါ့မယ် နင်ကလဲငါ ငါကဘယ်ကနေဘယ်လိုစပြောရမှန်းမသိလို့ပါ

ခိုင်ငါနင့်ကိုကြည့်ရတာမသကာ်တော့ဘူးနော် နင်ဘာဖြစ်လာတာလဲမှန်မှန်ပြောငါ့ကို အေး အေးပါဟဲ့ပြော ပြောပါ့မယ် ဟဲအော်ပြောနေရင်းနဲ့ကိုစကားကထစ်နေပြန်ပြီ ငါနင်ဒီလိုဖြစ်တာတစ်ခါမှမမြင်ဖူးပါဘူး ဒီလိုဟ ငါ ငါလေနင့်လိုမျိုးဖြစ်နေတာလားမသိဘူး ဟဲ့ခိုင်နင့်စကားကြီးကလဲ ဘာကြီးလဲဟ အစမရှိအဆုံးမရှိငါ့လိုဖြစ်နေတယ်ဆိုတော့ ငါကဘာဖြစ်နေ ဟယ်တကယ်ကြီးအဲလိုဖြစ်နေတာလားခိုင် အမလေးဝါရယ်နင်ကလဲအော်လိုက်တာလဲ ငါလန့်တောင်လန့်တယ် ဟဲ့မိန်းမမလန့်နဲ့အုံး ငါမေးတာဖြေနင်တစ်ကယ်ကြီး တစ်ကယ်ကြီးကိုငါ့လိုမျိုး မိန်းကလေးကိုသဘောကျတဲ့သူဖြစ်နေတာဆိုတာဟုတ်လား ဝါရယ်တိုးတိုးပြောပါ သူများတွေကြားကုန်မှဖြင့် အေးအေးငါအားပါသွားလို့ပါဟယ်

ဒါဆိုတကယ်ကြီးကိုမိန်းကလေးသဘောကျတဲ့သူဖြစ်သွားတာပေါ့ဟုတ်လားနင်က မသေတော့မသေချာသေးပါဘူးဟယ် ငါကငါ့ထပ်ဆရာကျတဲ့နင့်ဆီကိုလာပြီးအတည်ပြုကြည့်မလို့ပါ အတည်ပြုမယ်ဟုတ်လား ဘာကိုလဲခိုင်ရဲ့ ငါမိန်းကလေးသဘောကျတဲ့သူဟုတ်မဟုတ်ဆိုတာကိုလေ အေးပါအေးပါ ကဲဝါပြောငါကဘယ်လိုလုပ်ပေးရမှာလဲ ခိုင်ဘယ်လိုလုပ်ပေးပါဆိုတာထပ် နင့်ရင်ထဲဘယ်လိုခံစားနေရလဲဆိုတာငါ့ကိုအရင်ပြောပြ ဒါမှငါကအတည်ပြုပေးလို့ရမှာ ဟုတ်သားနော်

ခိုင် (Uni & Zaw)حيث تعيش القصص. اكتشف الآن