အပိုင်း-၁၆

441 20 1
                                    

Unicode

ဒါဆိုမမကမိန်းကလေးချင်း ဟယ်မဟုတ်တာဖူးနင်ဘာတွေတွေးနေတာလဲ မဟုတ်တဲ့အတွေးတွေကို ပြန်ရုပ်သိမ်းလိုက်စမ်း မမလိုလူကမဖြစ်နိုင်တာ သူ့ရှေ့မှာ ယောကျာ်းပေါင်းများသွာ ခစားအောင်လုပ်နိုင်တဲ့ အလွတရားရွိသူ မိန်းမအင်မတန်ပီသသူပါ မဖြစ်နိုင်ဘူး ငါ့အတွေးတွေလွန်သွားတာနေမှာပါလေ အခုလဲမမရဲ့လက်ထဲကဖိုင်တွေကိုကိုင်ကာ ဆုကအရှေ့ကနေလမ်းလျှောက်နေတာကို မမကပြုံးပြုံးကြီးကြည့်နေတယ်လေ ဖူးနားလဲမလည်တော့သလို ဆက်လဲမတွေးတော့ပါဘူး ဖူးတို့မမကိုကားပါကင်အထိလိုက်ပို့ခဲ့ကြတယ် ကားပါကင်ကိုရောက်တော့ မမက ကဲဆုရေကျေးဇူးပါ တို့ရုံးဆင်းပြီနော်တဲ့ ဖူးထပ်ကြားလိုက်ရတဲ့စကား နောက်တစ်ခါထပ်ပြီးအံ့ဪရပြန်ရော ဆုလက်ထဲကဖိုင်ကိုမမကယူနေတဲ့အချိန် မမရဲ့အနောက်ကနေအသံတစ်သံထွက်ပေါ်လာခဲ့တယ် ဆု ဆုရေငါဒီမှာ ဒီအသံပိုင်ရှင်ကိုလိုက်ကြည့်မိတော့ မမဝါနဲ့အတူလျှောက်လာတဲ့ဆုရဲ့သူငယ်ချင်း ဆုကပြန်ပြုံးပြတော့ မမကလေသဘောမကျတဲ့မျက်ဝန်းတွေနဲ့ ယုကိုဆိုက်ကြည့်နေတယ် ဒီအကြည့်တွေကြားကို ဖူးကပဲသတ္တိရှိစွာနဲ့ဝင်လိုက်ပါတယ် ဆုရေ မမကသွားတော့မယ်ထင်တယ် လက်ထဲကဖိုင်တွေကားထဲထည့်ပေးလိုက်လေ တော်ကြာဆုတို့လဲဖယ်ရီနောက်ကျမယ် အယ်ဟုတ်သားမဖူးပြောမှပဲ မမဒါဆိုဒီဖိုင်တွေကားထဲထည့်ပေးခဲ့မယ်နော် ယုကိုစိုက်ကြည့်နေတဲ့မမက ဆုဆီကိုအကြည့်ပြောင်းပြီး အင်းကလေးမတို့ကားထဲပဲထည့်ပေးခဲ့ လာတို့ကားနောက်တံခါးဖွင့်ပေးမယ် အဲနောက်ထိုင်ခုံမှာတင်ခဲ့ ပြီးရင်သွားလို့ရပြီ ဟုတ်မမ ဆုလဲမမရဲ့ကားနောက်ခန်းထဲကို လက်ထဲကကိုင်လာတဲ့ဖိုင်တွေထည့်ပြီး ယုနဲ့အတူဖယ်ရီကားဆီသွားခဲ့တယ် မဖူးလဲအတူတူလိုက်တယ် မမနဲ့မမဝါကတော့ သူတို့ရဲ့ကိုယ်ပိုင်ကားတစ်ယောက်တစ်စီးစီနဲ့ ပြန်သွားခဲ့ပြီလေ

"My Coffee"

ဆိုတဲ့ဆိုင်ဆိုင်းဘုတ်ကိုတွေ့သည်နှင့် ဝါရောကျမပါ ထိုဆိုင်ရဲ့ကားပါကင်ထဲ ကားတွေကို ကိုယ်စီရပ်ကာဆင်းလာကြတယ် ဝါကတော့သိပ်ကိုစပ်စုချင်တဲ့သူပီပီ ကျမထပ်အရင်ဆိုင်ထဲကိုဝင်ကာ ထိုင်ခုံမှာထိုင်နေတယ် ကျမလဲသူ့ရှေ့ကမျက်နှာချင်းဆိုင် ထိုင်ခုံမှာထိုင်လိုက်သည်နှင့် ခိုင်ငါသိချင်တာမေးလို့ရပြီလား ဟဲ့ဝါရယ်နေပါအုံး ကော်ဖီဆိုင်လာပြီး ကော်ဖီလေးတော့အရင်မှာပရစေအုံး အေးဟုတ်သား ငါလဲသိချင်ဇောတွေများပြီးမေ့သွားတာ မှာကြမယ်လေ ဝိတ်တာရေ ဟိတ်ဝိတ်တာ ဟုတ်လာပါပြီဗျ ဒီကအန်တီတို့ဘာများသုံးဆောင်ကြမလဲဗျ ဘာ ဘယ်လို ဘယ်လိုခေါ်လိုက်တယ် အန် အန်တီဟုတ်လား တို့တွေအသက်အရွယ်က အဲလိုခေါ်ရမဲ့အနေအထားလား မ မဟုတ်ပါဘူးဗျာ ဟယ်ဝါနင်ဘယ်လိုဖြစ်နေ ဘယ်လိုမှမဖြစ်ပါဘူးခိုင်ရယ် မမလို့မခေါ်ရင်တောင် အမလို့ခေါ်ရင်တော်သေးအခုက အန်တီဆိုတော့ နည်းနည်းတော့များသွားတယ်ထင်လို့ပါ ကျွန်တော်တောင်းပန်ပါတယ်နော် ရပါတယ်ကွယ် အမတို့ကိုလေ ဒီဆိုင်မှာလူကြိုက်များပြီး သောက်လို့ကောင်းမဲ့ ကော်ဖီသာနှစ်ခွက်ပေးနော် ဟုတ်ကဲ့အမ ဒါဆိုသွားလို့ရပြီနော် ထိုကောင်လေးထွက်သွားမှပဲ ဝါရယ်ဘယ်လိုဖြစ်တာတုန်း နင်ကလဲစိတ်ကြီးပဲ သူတို့ခေါ်တာမှားလို့လားဟဲ့ သူတို့နဲ့ငါတို့ဆိုအဒေါ်နဲ့တူအရွယ်ပဲကို ဒါဆိုဆုကနင့်ကိုအန်တီလို့ခေါ်ရင်လဲအဆင်ပြေလား ဟဲ့ဒါတော့ဘယ်အဆင်ပြေမလဲ အေးလေနင်စဥ်းစားကြည့် သူတို့အရွယ်လေးတွေကအတူတူလောက်ပဲလေ ဒါကိုဒီကောင်လေးခေါ်တော့ ငါကအဆင်ပြေရမလားဟဲ့ အေးနော်ဝါနင်ပြောတော့လဲဟုတ်သလိုလိုရှိသား ကဲခိုင်ဒါတွေထားပါတော့ ငါသိချင်တာတွေပဲမေးတော့မယ် အေးမေးလေ နင်သိချင်တာတွေ​ဖြေဖို့ပဲ ငါဒီကိုလိုက်လာတာပဲလေမဟုတ်ဘူးလား အေးဒါဆိုမေးမယ်နော် နင်စိတ်မဆိုးရဘူး မေးမှာသာမေးပါဟယ် လျှာကလဲရှည်လိုက်တာဆိုတာ ငါကစိတ်မရှည်ပဲထပြန်သွားမှ နင်ဟုတ်ပေ့ဖြစ်နေမယ် အေးပါဟယ် နင်ကလဲစျေးကိုင်လိုက်တာဆိုတာ ငါသိချင်တာကဟာ ဘာလိုအခုထိဘွဲ့လဲမသေး ကျောင်းကလဲတစ်ဝက်တစ်ပျက်တန်းလန်းဖြစ်နေတဲ့ သူကိုမှအလုပ်ရွေးခန့်လိုက်တာလဲဆိုတာရယ် သူ့ထပ်အများကြီးအတွေ့အကြုံရှိတဲ့သူတွေ အများကြီးရှိနေတာကို သူကမှဘာလို့နင့်အတွင်းရေးမှူးလေးဖြစ်လာရတာလဲဆိုတာရယ်ကိုအရင်ပြောပြ ဒါကဒီလိုရှိတယ် ဘာလိုအလုပ်ခန့်ဖြစ်လဲဆိုတဲ့အချက်ကိုအရင်ပြောပြမယ် ကုမ္မဏီကရှယ်ယာရှင်တွေအပါအဝင် နင်ရောငါပါသဘောတူပြီးထုတ်ထားတဲ့ စည်းမျဥ်းကဆယ်တန်းမအောင် ကျောင်းမပြီး ဘွဲ့မရရင်အလုပ်မခန့်ရဘူးဆိုတဲ့အချက်ကို ငါတွေးမိပါတယ် ဒါပေမယ့်ဝါရယ်နင်စဥ်းစားကြည့်ဟယ် ဆုကကျောင်းပဲမပြီးသေးတာလေ ဆယ်တန်းကမအောင်သေးတာလဲမဟုတ် အောင်ပြီးပြီလေ ဒီတော့ငါလဲအော်ဒီတစ်ယောက်ကိုအခွင့်အရေးပေးကြည့်မယ်ပေါ့ ဒီလိုစဥ်းစားမိပြီး ဆုရဲ့ကိုယ်ရေးအချက်အလက်ရေးထားတဲ့ဖောင်ကိုကြည့်မိတော့ နာမည်ကဆုတဲ့တစ်လုံးထဲရယ် ငါလဲပိုပြီးစိတ်ဝင်စားမိသွားတာနဲ့ပဲ ဆုကိုလူတွေ့အင်တာဗျူးဖို့ ဆုံးဖြတ်လိုက်ပြီး ငါခေါ်ခဲ့တာ အင်တာဗျူးတော့လဲ ငါဆုကိုစမြင်မိတဲ့အချိန် ဆုပုံစံလေးကလေ တည်တံ့ပြီးရင်ကျက်တဲ့ပုံများဟဲ့ အင်တာဗျူးလာဖြေတဲ့သူတွေအားလုံးထဲမှာမှ ဆုကလေငါ့ရဲ့မျက်လုံးထဲမှာထင်းနေတာ အင်တာဗျူးဖြေရမဲ့အလှည့်ရောက်လို့ ဝင်လာပြန်တော့လဲ ဘာရယ်မသိကြည့်လို့ ကောင်းနေတယ်လေ ပြီးတော့နင်သိတဲ့အတိုင်းလေ ငါ့ရဲ့အတွင်းရေးမှူးလုပ်နေတာကြာပြီဖြစ်တဲ့ဖူးတောင် တစ်ခါတစ်လေကြ ငါကလျှပ်တပျက်မေးလိုက်ရင် အထစ်အထစ်နဲ့ ဆုကတော့အဲ့လိုမဟုတ်ဘူး ငါမေးတဲ့အမေးကိုအဖြေနဲ့တကွကို သေချာဖြေတာ နင်ကဘယ်လိုမေးခွန်းမျိုးတွေမေးလို့ ဟိုကသေချာဖြေတယ်လို့ထင်ရတာလဲ ဟဲ့ဟိုကမဟုတ်ပါဘူး ဆုကပါနော် အမလေးနော် အဖြစ်ကိုသည်းနေတယ် ဆု ဆုနဲ့ကိုနေတာပဲ အခုပြောနေတဲ့တစ်လျှောက်လဲ ဆု ဆုကလေ ဆုကနဲ့ကိုပဲ ခိုင်နင်တော်တော်ပြောင်းလဲသွားတယ်နော် ကဲဝါနင်ငါပြောတာနားထောင်မှာလား ငါကနင်ပြောတာနားထောင်ရမှာလား အေးအေးငါမပြောတော့ဘူး နင်ပဲဆက်ပြော အဲဒါနဲ့ဟာ ငါကဒီလိုမေးလိုက်တာ
ကဲပြောပါအုံး ဒီအလုပ်ကိုဘယ်ကနေဘယ်လိုသိတာလဲ ဘာကြောင့်ရောလာလျှောက်ဖြစ်တာလဲ သမီးကဆုနော်ဟုတ်တယ်မလား ဟုတ်သမီးနာမည်ကဆုပါ အင်းဒီမှာရေးထားတာ ဆုရဲ့နေရပ်လိပ်စာကမြောက်ဒဂုံနော် အခုအလုပ်ရှိတဲ့နေရာက လှိုင်သာယာဆိုတော့ တကယ်လို့အလုပ်ရရင်ဆင်းနိုင်ပါ့မလား ပြီးတော့တစ်ခါတစ်လေကြရင် အချိန်ပိုဆိုပြီး ထပ်ဆင်းရသေးတယ်နော် အဲအခါကြရင်အိမ်ပြန်နောက်ကျမှာ အဆင်ပြေပါ့မလား ကဲသမီးဆုဖြေလေ ဟုတ်ကဲ့ ဒီအလုပ်ကိုဘယ်ကသိတာလဲဆိုတော့ ဆုသူငယ်ချင်းဆီကနေသိတာပါ ဆုသူငယ်ချင်းဆီကဟုတ်လား ဟုတ်ပါတယ် ဒါဆိုသမီးဆုရဲ့သူငယ်ချင်းက ဒီစက်ရုံမှာ အလုပ်လုပ်နေတာပေါ့ ဒီလိုလား ဟုတ်ဆုသူငယ်ချင်းက ဒီစက်ရုံက လိုင်းနံပါတ်၄ကခေါင်းဆောင်ပါ လိုင်းနံပါတ်၄ကခေါင်းဆောင်ဆိုတော့ ချောရေဟိုလလောက်ကမှ မမရာထူးတိုးပေးလိုက်တဲ့ ယုယပိုင်ဆိုတဲ့တစ်ယောက်မလား ဟုတ်ပါတယ်မမ အော်အေးအေးဟုတ်ပါပြီ

ခိုင် (Uni & Zaw)Where stories live. Discover now