Unicode
"မြတ်........မြတ်တဲ့လားဆရာ” ဟုတ်ပါတယ်
အမနဲ့သွေးအမျိုးအစားကထပ်တူကျပါတယ် အမလှူဖို့ဆန္ဒရှိတယ်ဆိုရင် အခုပဲသွေးထုတ်လို့ရပါပြီ အမဆီကသွေးရတာနဲ့ လူနာကိုခွဲစိပ်ဖို့လုပ်လို့ရပါပြီ လူနာကတကယ်ကံကောင်းတယ်ပြောရမယ်ဗျာ
ဒီလိုသွေးမျိုးကရှာရတာအရမ်းခက်ပြီး ရှားပါးသွေးပါ လူတိုင်း(B)သွေးကိုမှ (B+)အမျိုးအစားဖြစ်နိုင်ပေမဲ့ (B-)ကတော့လူတစ်ရာမှာတစ်ယောက်ပဲဗျ ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါ အခုလိုသွေးရပြီဆိုတော့ သမီးလေးအသက်အန္တရာယ်ကလွတ်သွားပြီပေါ့နော် ဟုတ်တာပေါ့ ဟုတ်တာပေါ့ အန်တီ
ဒါဆိုရင် အခုပဲသွေးထုတ်ဖို့လုပ်ကြတာပေါ့ဗျာ ဆရာမရေ ဒီကအမကိုသွေးလေးထုတ်ဖို့ခေါ်သွားပေးပါနော် ဟုတ်ကဲ့ဆရာ လာအမဒီဘက်ကို အမရေ မြတ်နဲ့ခနလောက်ခဲ့ပါအုံး ညမအားရှိအောင်လို့ အေးအေးဟုတ်ပြီ ညမလေးမြတ်သွားနှင့်နော် အမလိုက်ခဲ့မယ်
ဘေးဘီကိုကြည့်မိတော့ အနားမှာညမခိုင်တောင်မရှိတော့ဘူး ဘယ်နားလိုက်ရှာရ ဟောဟိုမှာပဲ သွားပြောအုံးမှပါပဲ သွေးထုတ်တဲ့သူနောက်ကိုခနလိုက်သွားမလို့ဆိုပြီးတော့ သွေးအဖြေကိုကြားပြီးထဲက ဘယ်သူ့မှတောင် အာရုံမထားနိုင်တော့ပဲ တစ်ယောက်ထဲထိုင်ခုံမှာသွားထိုင်နေမိတယ် ဆရာဝန်နဲ့သူတို့တွေ ဘာတွေဆက်ပြောကြတယ်ဆိုတာကိုတောင်မသိတော့ပါဘူး ခိုင့်စိတ်ထဲ အင်မတန်ဝမ်းနည်းရုံမှတပါး ကလေးအတွက် ဘာမှမလုပ်ပေးနိုင်လို့ ကိုယ့်ကိုကိုသာအပြစ်တင်မိတယ်လေ
ညမ ညမရေ ရှင့်......ရှင့်အမ ဘာဖြစ်လို့လဲဟင် ဘာမှမဖြစ်ပါဘူး ဒီမှာသမီးအခြေအနေလေးကို ဆက်စောင့်ပေးထားပါအုံးနော် အမလေသွေးထုတ်တာလေးလိုက်သွားပေးမလို့ပါ အားကိုးပါတယ်နော် ဟုတ်အမရပါတယ်သွားပါ စိတ်ဖြောင့်ဖြောင့်နဲ့ ဆုကိုညမစောင့်နေပေးပါမယ် ညမ အမသမီးအနားမှာရှိနေပေးလို့ တကယ်ကျေးဇူးတင်ပါတယ်နော်
သွေးဌာန..........
ကတင်ပေါ်မှာသွေးထုတ်ဖို့အတွက်လှဲနေရင်း မြတ်အလွန်ပျော်နေမိတယ်လေ ဆုဆုလေးနဲ့သွေးအမျိုးအစားတူတဲ့သူက ဟိုအလုပ်ရှင်အမျိုးသမီးမဟုတ်ပဲ ကျမတဲ့လား ဘာကြောင့်မှန်းမသိ သူ့ကိုစတွေ့ထဲက ဘဝင်မကျပါဘူး သူကလဲကျမလိုပဲနေပါလိမ့်မယ် ဘာပဲဖြစ်ဖြစ်လေ အခုတော့သွေးပေးဖို့ကိုပဲကျမအာရုံစိုက်ရမယ် သွေးထုတ်မဲ့ဆရာမကိုမေးကြည့်လိုက်တော့ သွေးကတစ်ပုလင်းလောက်ပဲထုတ်ရမှာတဲ့ အရမ်းများများစားစားမဟုတ်ဘူးတဲ့လေ သွေးထုတ်နေရင်း ကျမစိတ်ထဲဘုရားစာရွတ်ပြီး ဆုဆုလေးအမြန်ဆုံးပြန်သက်သာလာအောင်ပဲဆုတောင်းမိတယ်
YOU ARE READING
ခိုင် (Uni & Zaw)
Romanceခိုင်ရဲ့ကလေးနဲ့အတူအေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်ချင်မိတယ် ကလေးကိုချစ်မိတော့မှပဲ သဝန်တိုခြင်းဆိုတဲ့ အရာကို ခိုင်သဘောပေါက်လာတယ် ဘဝဆက်တိုင်းအတွက်သာဆုတောင်းရမယ်ဆိုရင် ဆု....ဆုဆိုတဲ့ ခိုင့်ရဲ့ကလေးလေးနဲ့အတူသာဆုံချင်မိတယ် ဆုရဲ့ဘဝကြီးတစ်ခုလုံးကိုအပိုင်စိုးမိုးထ...