အပိုင်း-၇

527 37 10
                                    


Unicode

"ဒေါက်.......ဒေါက်.......ဒေါက်........." ဘယ်သူလဲယုလားဝင်ခဲ့လေ ဟုတ်ကဲ့ ဝင့်ရောက်ပါပြီ ဘာခိုင်းစရာရှိလို့လဲရှင့် ခိုင်းစရာရှိလို့မဟုတ်ပါဘူးယုရဲ့ ခုနကပြောတယ်လေ ယုကိုပေးစရာရှိတယ်လို့ အော်ဟုတ်သားနော် ဝင့်အဲလိုပြောသွားတာကို ယုကအမှတ်မှားသွားတာ လာထိုင်ဒီမှာ ဟိုအပတ်ကဝင့် ဘန်ကောက်ကိုအလုပ်ခရီးသွားရင်းနဲ့အပြန်ယုအတွက်လက်ဆောင်ဝယ်လာတာ ယုနဲ့လိုက်မယ်ထင်လို့ ရော့ဖွင့်ကြည့်လိုက်ပါအုံး ဟုတ်ကဲ့ဝင့် ဟယ်ဖိနပ်လေးပဲ အဝါနုလေး ယုအကြိုက်ဆုံးအရောင်လေး ကြိုက်ရဲ့လားယု ဖိနပ်လေးကိုလေ ​ဟုတ်ကြိုက်တယ် ကြိုက်တယ် ကျေးဇူးပါနော်ဝင့်ဆိုကာ ယုလဲဝမ်းသာအားရနဲ့ ဖက်လိုက်မိတယ် ယု ယုရေလွှတ်ပါအုံးကွယ် ဝင့်အသက်ရှူကြပ်လာပြီ အယ်ဟုတ်သား ယုကဝမ်းသာလွန်သွားပြီး ဝင့်ကိုဖက်လိုက်မိတာ တောင်းပန်ပါတယ်နော် ဝင့် ရပါတယ်ကွယ် ဝင့်ကရပါတယ်သာပြောတာ ဝင့်မျက်နှာလေးတစ်ခုလုံးရဲနေတုန်း ဟုတ်လားဝင့်မျက်နှာရဲနေတာလား ဟုတ်ယုဖက်လိုက်တဲ့အားကအရမ်းပြင်းသွားလို့နဲတူတယ် ဝင့်အသက်ရှူအတော်ကြပ်သွားပုံရတယ် ယုတောင်းပန်ပါတယ်နော် တောင်းပန်ဖို့မလိုပါဘူး ယုဖက်တာကြောင့်မဟုတ်ပါဘူး ကဲသွားသွားယုအလုပ်ပြန်လုပ်တော့ ခိုင်ပြောလိုက်တာတွေကိုလဲသေချာမှတ်ပြီး ကို့်လက်အောက်ကဝန်ထမ်းတွေကိုသေချာကြပ်မှတ်ပြီး အထည်အရည်အတွက်တိုးအောင်လုပ် ဟုတ်ပြီလား နောက်လအထည်အထွက်ဆုံးလိုင်းကယုတို့လိုင်းဖြစ်နေရမယ်နော် ဝင့်ကိုစိတ်မပျက်စေရပါဘူး ယုအကောင်းဆုံးကြိုးစားပါ့မယ် အင်းအင်းဒါဆိုသွားတော့ ဟုတ်ကဲ့ဝင့် ဝင့်လဲယုအခန်းထဲကထွက်သွားမှပဲ ကိုယ့်ရင်ဘတ်ကိုဖိပြီး အသက်ဝဝရှူနိုင်တော့တယ်

ယုရယ်မင်းဖက်လိုက်လို့ ဝင့်အသက်ရှူကြပ်သွားတာမဟုတ်ရပါဘူး ဝင့်နှလုံးသားရဲ့ခုန်သံကို မင်းလေးကြားသွားမှာဆိုးလို့ပါ ဝင့်ရဲ့ရင်ခုန်သံကိုမင်းကြားတဲ့တစ်နေ့ ဝင့်ရဲ့နှလုံးသားကိုမင်းလေးလက်ခံနိုင်ပါမလားကွယ် ဒါမှမဟုတ် မိန်းကလေးချင်းချစ်တဲ့သူဆိုပြီး မုန်းသွားပြီး လက်မခံနိုင်ဘူးဆိုရင်ဝင့်ရူးနိုင်တယ် ဒါကြောင့်မို့ဖွင့်မပြောပဲ ဒီတိုင်းလေးပဲ အနားနေချင်မိတယ် အင်းအခုတော့ဒီအတွေးတွေ ခနရပ်ထားပြီးခိုင့်ဆီသွားအုံးမှပါပဲ အရင်လတွေကအထည်အရေအတွက်စရင်းတွေ သွားပေးအုံးမှ မဟုတ်ရင်ဒင်းက သူ့အချစ်ဆုံးငယ်သူငယ်ချင်းဆိုပြီးလဲ ညှာမှာမဟုတ်ဘူး စရင်းတွေစစ်ခိုင်းထားတာ အခုထိသူ့လာမပေးရကောင်းလားဆိုပြီး ပြောနေအုံးမယ် ဒါနဲ့ခုနကငါ့ရဲ့ယုလေးနဲ့စကားရပ်ပြောနေတဲ့ ကလေးမကခိုင်အသစ်ခန့်ထားတယ်ဆိုတဲ့ လက်ထောက်အတွေးရေးမှူးလားမသိဘူး ဟိုရောက်မှသေချာအောင်မေးကြည့်ပါအုံးမယ်

ခိုင် (Uni & Zaw)Where stories live. Discover now