ခိုင်-၁၅

395 22 5
                                    

Unicode

ခိုင်ဆုကိုပြောပြီးဒီဘက်အလှည့် အမလေးလန့်လိုက်တာဝါရယ် ဘာလို့ငါ့ကိုအဲလိုပြုံးပြုံးကြီးနဲ့ သေချာစိုက်ကြည့်နေရတာလဲ "သိပ်လန့်သွားသလားခိုင်" ဟဲ့နင်ကလဲလန့်တာပေါ့လို့ ငါကတမင်လန့်အောင်လုပ်လိုက်တာတော့မဟုတ်ပါဘူး ငါ့ရဲ့သူငယ်ချင်း နင်တော်တော်ပြောင်းလဲသွားတယ်နော် ဆုကိုကြည့်နေတဲ့ နင့်အကြည့်တွေ နင့်အပြောတွေရယ်ကအကုန်ပျော့ပျောင်းနေတယ်ခိုင်ရယ် ဟယ်အဲလောက်လဲမဟုတ်ပါဘူးဝါရယ် နင်ကိုကအရမ်းတွေဖြစ်နေတာပါ ငါကပုံမှန်အတိုင်းပဲဆက်ဆံနေတာပါ အေးပါဟယ်

ဒါနဲ့စကားမစပ် ညနေကြရင်ငါသိချင်တာတွေပြောပြဖို့အချိန်ရတယ်မလား အေးရတယ်လေ နင်လဲအလုပ်တွေပြီးပြီဆိုတော့ ငါတို့ထိုင်နေကြဆိုင်မှာပဲ ညနေရုံးဆင်းရင်သွားကြမယ်လေ ဟယ်ခိုင်ကလဲအခုသွားလို့မရဘူးလား ရုံးဆင်းဖို့ကဘယ်နှနာရီလောက်မှမလိုတော့တာကို ဟဲ့ဝါကုမ္ပဏီကထုတ်ထားတဲ့စည်းကမ်းကို မလေးမစားမလုပ်နဲ့စမ်း တစ်ခြားသူတွေကမလိုက်နာရင်တောင် ငါတို့နင်တို့ကလိုက်နာလာအောင်လုပ်ရမဲ့သူတွေလေ အဲဒါကိုအခုတော့ ကိုထုတ်ထားတဲ့စည်းကမ်းတွေ ကိုပြန်မဖောက်နဲ့နော်ဝါ အလုပ်ကိစ္စမလို့အပြင်သွားရင်း တစ်ခါထဲရုံးဆင်းတယ်ဆိုငါလက်ခံတယ် အခုကအလုပ်နဲ့မဆိုင်တဲ့ကိုယ်ရေးကိုယ်တာကိစ္စလေ ဒီတော့နင်သိချင်တာမေးချင်တာကို ရုံးချိန်ပြင်ပရုံးဆင်းမှမေးဟုတ်ပြီလား အေးပါဟယ် ဒေါ်တိကျကြီးရယ် ဘာဒေါ်တိကျကြီးလဲ ငါကောက်ထုလိုက်ရလို့ ဟယ်နင်ကလဲငါကစတာမလုပ်ပါနဲ့ ဒါဆိုလဲပြီးရော

အခုတော့ရုံးဆင်းဖို့က၁နာရီခွဲတောင်လိုသေးတယ် နင်လဲနင့်ရုံးခန်းပြန်ပြီး လုပ်စရာရှိတဲ့အလုပ်တွေကိုလုပ် ငါလဲနင်လာပေးတဲ့ဖိုင်တွေကိုပြန်စစ်လိုက်အုံးမယ် ရုံးဆင်းရင်တွေ့မယ်သူငယ်ချင်း အေးအေး ဒါဆိုငါလဲရုံးခန်းပြန်ပြီး လုပ်စရာရှိတဲ့အလုပ်လေးတွေပြန်လက်စသတ်လိုက်အုံးမယ် ရုံးဆင်းရင်ငါလာခေါ်ရမလား ကားပါကင်ကိုနင်လာမှာလားခိုင် ငါလာခဲ့မယ်ဝါ ကားပါကင်မှာပဲစောင့်နေ အေးဒါဆိုငါသွားပြီ သွားသင့်တာကြာပေါ့ ဟုတ်ပါပြီဟယ် ဝါပြန်သွားတော့မှ ခုနကဖိုင်တွေကိုခိုင်လဲသေချာစစ်ခဲ့တယ် ခိုင်စစ်နေရင်းနဲ့ပင်နာရီကိုကြည့်မိတော့ ရုံးဆင်းဖို့ငါးမိနစ်သာလိုတော့တယ်လေ ထပ်စစ်ဖို့စရင်းဖိုင်တွေက နောက်ထပ်၃ခုလောက်ကျန်နေသေးတယ်လေ  ဒါတွေကိုသာပြီးအောင်လို့အကုန်စစ်မယ်ဆိုရင် နောက်ထပ်၁နာရီလောက် အချိန်ထပ်ပေးရမှာလေ ခိုင့်ရဲ့စိတ်နဲ့ဆိုရင်တော့ အကုန်လုံးစစ်ပြီးမှပြန်မှာ အခုကဝါနဲချိန်းထားတာကရှိနေတော့ အပြီးစစ်ဖို့ကမဖြစ်နိုင်တော့ဘူး ဒီတော့တပ်ထားတဲ့မျက်မှန်ကိုအသာချွတ်ပြီး မျက်မှန်ဗူးထဲထည့်ကာသိမ်းလိုက်ပြီး ပိုက်ဆံအိတ်ထဲထည့်ကာ စစ်လက်စကျန်တဲ့ဖိုင်အချို့ကိုလက်တစ်ဖက်ကနေကိုင်ပြီး နောက်လက်တစ်ဖက်ကနေကျမကိုဝါဘန်ကောက်အလုပ်ကိစ္စနဲ့သွားတုန်းကလက်ဆောင်ပေးထားတဲ့ လက်ကိုင်အိတ်လေးကိုကိုင်ကာအခန်းအပြင်ကိုထွက်လာခဲ့တယ် အပြင်ရောက်လို့မျက်လုံးကိုဝေ့ကာကြည့်မိတော့ ကျမရဲ့ရင်ခုန်ရသူလေးနဲ့ အကြည့်ချင်းသွားဆုံခဲ့တယ် အကြည့်ခြင်းဆုံလို့ရင်ခုန်မိတဲ့ကျမကပဲ မျက်လွှာလေးကိုအောက်ချကာ ခေါင်းသာငုပ်ထားမိတယ် ကျမကသာကိုယ့်ဘာသာကို ရှက်ပြီးခေါင်းငုပ်ထားတာ ကျမအရှေ့မှာတော့ လူတစ်ယောက်ကလာရပ်နေတာကို သတိထားမိလိုက်တယ်  ကျမလဲရှေ့မှာလာရပ်တဲ့ခြေတစ်စုံ အသာအယာမော့ကြည့်မိတော့ ဆုဖြစ်နေတယ် ဆုလို့ခေါ်လိုက်တော့ရှင်မမတဲ့  မမလက်ထဲမှာလဲကိုင်ထားတဲ့ဖိုင်တွေကများလိုက်တာ မမအိမ်ကိုယူသွားမလို့လားဟင် အင်းဟုတ်တယ်ဆု တို့ဒီညနေဝါနဲ့ချိန်းထားတာလေးတစ်ခုရှိလို့ အလုပ်မှာစစ်လို့မပြီးသေးတဲ့ဖိုင်တွေအိမ်ပြန်သယ်ပြီးစစ်မလို့ ဆုကို စကားပြောနေတဲ့မမကိုလေ ဖူးသေချာကြည့်နေမိတယ် ဘာလို့ဆိုမမဘယ်တုန်းက သူ့ရဲ့လက်အောက်ဝန်ထမ်းတစ်ယောက်ကို သူကဘာလုပ်မယ်ဆိုပြီး အသေးစိတ်ကိုပြောပြဘူးလို့လဲပေါ့ ဖူးဒီမှာမမရဲ့အတွင်း​ရေးမှူးလုပ်လာတာလုပ်သက်အားဖြင့်၅နှစ်ကျော်၆နှစ်နီးပါရှိတော့မယ် ဆုမရောက်ခင်အချိန်ထိ ဒီလိုအထူးအဆန်းတွေမမြင်ဖူးဘူး မမနဲ့ဆုစတွေ့ထဲကမမရဲ့ထူးခြားနေပုံတွေ ကျောင်းမပြီးဘွဲ့မရတဲ့သူတွေဆို ရာထူးကြီးမပေးတဲ့မမက ဒုတိယနှစ်ကျောင်းသူ ဘွဲ့ရဖို့လိုသေးတဲ့သူကို လက်ထောက်အတွင်းရေးမှူးဆိုတဲ့နေရာကိုခန့်ခဲ့တယ် ဒီလိုပြောလို့မမကမဖြောင့်မတ်တဲ့သူတစ်ယောက်လို့ပြောတာမဟုတ်ဘူးနော် ဒီကောင်မလေးကြမှမမဘယ်လိုအချက်တွေကိုသဘောကျသွားလဲဆိုတာမသိတာပါ ဘာလို့ဆိုဖူးတုန်းကလဲ ဘွဲ့မရသေးပေမဲ့နောက်ဆုံးနှစ်စာမေးပွဲဖြေပြီးမှ ဒီစက်ရုံမှာအလုပ်လျှောက်တာပါ မမကဖူးကိုတော့လူတွေ့ဖြေခဲ့တုန်းက ​ဘွဲ့ရမှာသေချာတဲ့သူမလို့မမအလုပ်ခန့်လိုက်မယ်တဲ့လေ ဒါကြောင့်လဲအခုဘွဲ့ရပြီးတာတောင်ဘယ်အလုပ်မှမပြောင်းပဲ မမအပေါ်သစ္စာစောင့်သိပြီး မမဆီမှာပဲလုပ်နေတာပါ ဖူးအကြောင်းတွေးတာအရမ်းများသွားပြီ မမနဲ့ဆုအကြောင်းပဲဆက်ပြောမယ် မနက်ကလဲဆုကြော်လာတဲ့မနက်စာထမင်းကြော်ကမမဖို့တဲ့လေ ဆုကအဲလိုပြောတော့ ဖူးနည်းနည်းရယ်မိတယ် ဘာလို့ဆို မနက်စာဆိုအိမ်မှာပဲ အမြဲစားတဲ့မမ ပြီးတော့ထမင်းကြော်ဆိုလုံးဝမစားတဲ့မမက ဆုယူလာတဲ့ထမင်းကြော်ကိုစားပါ့မလား ဖူးစိတ်ထဲတော့အနည်းငယ်တွေးမိတယ် ဆုတော့မမရဲ့အဆူကိုခံရအုံးမယ်လို့ပေါ့ ဖူးတွေးနေတုန်းရှိသေးတယ် ဆုကကော်ဖီရယ် သူယူလာတဲ့ထမင်းကြော်ရယ်ကိုပြင်ဆင်ပြီး မမရုံးခန်းထဲကိုယူသွားတယ် ဆုဝင်သွားတော့ဘာသံကြားရမလဲဆိုပြီး ဖူးအပြင်ကနေပဲနားစွင့်မိတယ် ဝင်သွားတာအတော်ကြာတာတောင် ဘာသံမှထွက်မလာလို့ဖူးတအံ့တဪဖြစ်မိပါတယ် ခနကြာတော့မမအခန်းထဲကနေ ပြုံးစိ​ပြုံးစိလုပ်ပြီးထွက်လာတဲ့ဆုကိုမြင်လိုက်ရတော့ ဖူးမှာအံ့ဪမှုတွေနားမလည်နိုင်မှုတွေကအရမ်းကိုများသွားခဲ့ပြီလေ ဒီတော့ဖူးလဲမနေနိုင်တော့ဘူး အရမ်းသိချင်လို့ဆုကိုမေးလိုက်တယ် ဆုရေမမဘာမှမပြောဘူးလား ဘာကိုပြောရမှာလဲမဖူးရဲ့ ဟယ်ဆုကလဲဝေးပြန်ပြီ ထမင်းကြော်ကိစ္စပိုပြောတာ အော်အဲဒါလား အင်းအဲဒါ ဘာမှမပြောပါဘူးမဖူးရဲ့ မမကတောင်ဆုရဲ့ထမင်းကြော်ကို ချီးကျူးလိုက်သေးတယ် တကယ် တကယ်ရီးလားဆုရယ် မဖူးတော့မယုံနိုင်တော့ဘူး တကယ်ပါဆိုမဖူးကလဲ မမကသူစားဖူးသမျှထမင်း​ကြော်တွေထံမှာ အကောင်းဆုံးထမင်း​ကြော်ဆိုပြီးကို ဆုကိုချီးကျူးလိုက်တာ အေးပါဟယ် မမနှုတ်ကအဲလိုပြောကို မဖူးလဲအခုမှကြားဖူးလို့ ဟုတ်လားမဖူး ဆုသိချင်လို့​ပြောပြပါလား အင်းဆုလဲဒီကဝန်ထမ်းဖြစ်နေပြီဆိုတော့ မဖူးပြောပြမယ်လေ မမကထမင်းကြော်လုံးဝမစားဘူး မနက်စာအိမ်ကနေစားမလာတဲ့ရက်တွေဆိုရင် မဖူးကရုံးရောက်မှပြင်ဆင်ပေးရတာ အမြဲတမ်းမမစားလေ့ရှိတာက မုန့်ဟင်းခါးတို့ ဆီချက်ခေါက်ဆွဲတို့ နန်းကြီးသုတ်တို့လောက်ပဲ ပြီးရင်မပါမဖြစ်ကော်ဖီပေါ့ ထမင်းကြော်ဆိုတာကို မမကအိမ်မှာရော ရုံးမှာပါမစားဘူးလေ အဲဒါကြောင့်ပါ ဆုယူလာပေးတဲ့ထမင်းကြော်ကို မမကစားတယ်ဆိုတော့ မဖူးကအထူးအဆန်းဖြစ်သွားလို့ပါ ဆုလဲမမကဘယ်လိုမနက်စာတွေကြိုက်လဲဆိုတာတော့မသိတာအမှန်ပါ ဒါပေမဲ့မနက်ကအိမ်မှာထမင်းကြော်တော့ ဘာလို့မှန်းမသိ မမအတွက်ပါပိုကြော်လာမိတာ

ခိုင် (Uni & Zaw)Where stories live. Discover now