အပိုင်း-၁၇

366 18 4
                                    

Unicode

ခိုင်လဲဝါ့ကိုနှုတ်ဆက်ပြီး အိမ်ကိုပဲပြန်လာခဲ့တယ် အိမ်ကိုပြန်တဲ့လမ်းက အချိန်အတော်အသင့်ပဲရှိနေသေးပေမဲ့ ညဘက်လမ်းကတော့အတော်လေးမှောင်နေပြီလေ ဒီတော့ခိုင်လဲကားကိုဂရုတစိုက်နဲ့ အန္တရာယ်ကင်းကင်းဖြစ်အောင် ပုံမှန်အရှိန်လေးနဲ့မောင်းလာခဲ့တယ် ကားကိုမြန်မြန်မမောင်းတော့ ခိုင်အိမ်ပြန်ရောက်တာနောက်ကျပါလေရော ကားကိုကားဂိုထောင်ထဲထည့်ပြီး ကားပေါ်ကဆင်းတော့ လက်ထဲမှာပတ်ထားတဲ့ နာရီကိုကြည့်မိတော့ အချိန်ကည၈နာရီတောင်ထိုးနေပြီလေ ဒီတော့အိမ်ပြန်နောက်ကျရင် ထုံးစံအတိုင်းဆူလေ့ရှိတဲ့ ခိုင့်မေမေရဲ့ဓာတ်ပြားဟောင်းကြီးရဲ့အသံကို ခိုင်အိမ်ထဲကိုဝင်လိုက်သည်နှင့် ကြားရတော့တာပါပဲ ခိုင်သမီးဘာလို့ဒီလောက်နောက်ကျရတာလဲ ဘယ်တွေသွားနေတာလဲသမီးရယ် အပြင်မှာကမှောင်တောင်မှောင်နေပြီလေ မိန်းမသားတစ်ယောက်ထဲ ဒီလိုအချိန်ကြီး အပြင်ကနေပြန်လာတာ ဘယ်လောက်အန္တရာယ်များလဲ သမီးသိရဲ့လားခိုင် ဟုတ်သမီးသိပါတယ်မေမေ ဒါပေမဲ့မေမေ့သမီးကလေ မေမေမှာတဲ့စကားကို တစ်သွေမသိမ်းနားထောင်ပြီး ကားကိုဖြေးဖြေးနဲ့ပုံမှန်လေးမောင်းလာတော့ နည်းနည်းနောက်ကျသလိုဖြစ်သွားတာပါမေမေရယ် ပြီးတော့ သမီးဘယ်သွားမယ်ဆိုတာ ညနေကမေမေ့ကိုဖုန်းလှမ်းဆက်ပြီးပြောထားတယ်လေ

ဒီနေ့ကဝါနဲ့ပြောစရာကိစ္စလေးတွေရှိနေလို့ပါ မေမေအဲလောက်စိတ်မပူပါနဲ့နော် မေမေအဲလောက်ထိလိုက်စိတ်ပူရအောင်လဲ သမီးကကလေးမဟုတ်တော့ဘူး အခုဆိုအရွယ်ကရောက်လို့ ၄၀ဆိုတဲ့ဟိုဘက်ကိုလွန်နေလို့ အဖွားကြီးအရွယ်တောင်ရောက်တော့မယ်မေမေ့ရဲ့ သိရဲ့လား ဟဲ့အသက်ကငယ်ငယ်ကြီးကြီးလေ မေမေ့ရဲ့မျက်လုံးထဲမှာတော့ မေမေ့သမီးခိုင်ကအခုထိ မေမေရဲ့သမီးငယ်လေးပဲ ပြီးတော့မေမေမွေးထားတာသမီးမိန်းကလေးလေ သမီးမိန်းကလေးဖြစ်တဲ့အပြင် အိမ်ထောင်ကလဲမကျသေးတဲ့ အပျိုလေးတစ်ယောက် ဒါကိုမေမေကစိတ်မပူပဲနေနိုင်မတဲ့လားခိုင်ရယ် သမီးကိုမှစိတ်မပူရင် မေမေကဘယ်သူ့ကိုသွားစိတ်ပူရမလဲပြော ပြီးတော့ရှိသေးအိမ်မှာကယောကျာ်းသားရယ်လို့ ကြည့်လိုက်ပြန်တော့လဲ ခြံစောင့်ကိုဘမော်ပဲရှိတာလေ

ခိုင် (Uni & Zaw)Where stories live. Discover now