🌿 1 🌿

25.1K 902 39
                                    

ရန်ကုန်မြို့တွင်း တစ်နေရာရှိ KT2J Bar ၌

"ဟီးအီး!! "

ရုတ်တရက်ထငိုတဲ့အသံကြောင့် ဘေးဝိုင်းတွေက စုပြုံကြည့်လာကြ၏။သို့ပေမယ့် ထိုအကြည့်တွေက ​ခေတ္တမျှသာ။

" ငါမသွားချင်ဘူး စျာန်ရာ ငါ့ကို ကယ်ပါအုံး "

ဘေးနားမှာ ထိုင်နေတဲ့ လေးထောင့်မျက်မှန်လေးနဲ့ လူငယ်တစ်ယောက်ကို တီရှပ်အင်္ကျီပွပွကြီးနဲ့ Cargo ဘောင်းဘီကို ဝတ်ဆင်ထားတဲ့ကောင်လေးက လက်မောင်းကို တဖြန်းဖြန်း ရိုက်ရင်း ငိုနေသယောင် ပြုမူနေ၏။ရှည်လျားတဲ့ အရပ်ကိုမှ အားမနာ ဘေးက ကောင်လေးအပေါ်ကို ပစ်မှီကာ အော်ဟစ်နေ၏။

"ကျက်သရေတုံးလွန်းလိို့ မငိုစမ်းပါနဲ့ ကိုကွန့်ရာ! မင်းကွာ ကလေးလည်းမဟုတ် "

မျက်ခုံးတွေ တွန့်ချိုးကာ ပြောနေပေမယ့် ပစ်မှီနေတာကို ဖယ်မချဘဲ အလိုက်သင့်နေပေးနေတဲ့ဟန်။

"ဘာတွေဖြစ်နေတာလဲ "

အမောတကော အသံနဲ့အတူ အပြေးရောက်လာတဲ့ လူတစ်ယောက်။ဆံပင်ပျော့ပျော့စင်းစင်းတွေက ကားအမြန်မောင်းလာရလို့ ဖရိုဖရဲဖြစ်နေတဲ့ပုံစံ။သူကတော့ Business suit အပြည့်အစုံနဲ့ ကြည့်တာနဲ့တင် အရှိန်အဝါရှိနေတဲ့သူ။

"ဂျိမ်း! ဒီကောင်ကို အရက်သာ အမူးတိုက်ပြီး သူ့အိမ်ရှေ့သွားချပေးလိုက်စမ်းကွာ ငါစိတ်ကုန်နေပြီ"

မှီထားတဲ့ သူကို လက်ညှိုးထိုးပြပြီး အခုမှဝင်လာတဲ့ သူကို လှမ်းပြောတော့ ငိုယိုနေဟန် ပြုမူနေတဲ့ ကောင်လေးဆီမှ ဆဲသံတစ်ချို့ ထွက်လာ၏။

"လူစိတ်မရှိတဲ့ နွား"

ရောက်လာတဲ့ လူငယ်လေးက နီးစပ်ရာမှာ ဝင်ထိုင်လိုက်ပြီး ရှေ့ကနှစ်ယောက်ကို မထူးဆန်းတဲ့ အကြည့်တွေနဲ့သာ ကြည့်နေ၏။ပုံစံက ဒီအပြုအမူတွေဟာ ရိုးနေပြီဆိုတဲ့ ပုံစံ။

"ငါကနွားဆို မင်းက ခွေး! ဂျိမ်း မလုပ်ရင် ငါလုပ်မှာ အိမ်ရှေ့သွားချထားမှာ "

"အဲ့လိုလုပ်ရင် သူ့ဖားသားကြီး လိုက်လုပ်မှာပေါ့ "

သာယာချိုအေးတဲ့ လေပြေအသံလေးနဲ့အတူ ရောက်လာတဲ့သူက လက်ဆွဲအိတ်အမဲလေးကို ကိုင်ကာ ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်ရင်း style အပြည့်နဲ့ လျှောက်လာ၏။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now