🦋 8 🦋

8.8K 528 32
                                    

"ဟော သားကွန့် နိုးပြီလား "

"ဟုတ်ဖွား ညက ညဥ့်နက်သွားတာနဲ့ အခုမှ နိုးတယ် "

"လာ လာ ကော်ဖီသောက်လိုက်အုံး မနက်စာရော ဘာစားမလဲ သား "

"ရတယ်ဖွား ဘာရှိသေးလဲ ရှိတာဘဲ စားလိုက်မယ် "

ကွန့်ထူးလည်း ဖွားမှုံရှေ့က ခုံမှာ ဝင်ထိုင်ရင်း အဆင်သင့်ငှဲ့လာပေးတဲ့ ကော်ဖီကို သောက်ရန် ပြင်လိုက်၏။

"ကောင်မလေးတွေ အစ်ကိုလေးကို မုန့်တွေ ချပေးလိုက်အုံး"

"ဟုတ်ကဲ့ ဖွားမှုံ "

ဖွားမှုံလည်း မုန့်စားရင်းနဲ့ဘဲ မြေးဖြစ်သူကို ကြည့်လိုက်တော့ တည်တည်ငြိမ်ငြိမ်နဲ့ ကော်ဖီထိုင်သောက်နေ၏။ရေချိုးပြီး ဆင်းလာတဲ့ ပုံစံမို့ ဆံပင်တွေက နဖူးပေါ် အုပ်မိုးကျနေပြီး အဖြူရောင်တီရှပ်နဲ့ သားကွန့်ရဲ့ ပုံစံက ချောမောခန့်ညားနေ၏။မျက်ဝန်းထောင့်မှာ မြင်လိုက်ရတဲ့ အရိပ်နှစ်ခုကြောင့် ငဲ့ကြည့်လိုက်တော့ အိမ်မှာခိုင်းဖို့ခေါ်ထားတဲ့ ကလေးမနှစ်ယောက်က သားကွန့်ကို ကြည့်နေတာ။

"အဟမ်း! "

ချောင်းဟန့်သံပေးလိုက်မှ မီးဖိုခန်းထဲ နှစ်ယောက်လုံးပြေးဝင်သွားကြ၏။စိတ်ကစားတဲ့အရွယ်လေးတွေမို့ ချောတာလှတာမြင်ရင် ကြည့်ချင်မြင်ချင်နေကြတာ။သားကွန့်မရောက်ခင်တုန်းကလည်း အိမ်ရှေ့အိမ်က ရုဏ်ရုဏ်လေးကို သူတို့သွားသွားချောင်းနေကြလို့ ဆူရတာလည်း အခါခါ။

"မြေးကွန့် "

"ဟုတ်ကဲ့ ဖွား "

"အလင်းနဲ့ အခြေအနေ ဘယ်လိုရှိလဲ "

"ဘယ်လိုမေးချင်တာလဲ ဖွား "

"အဆင်ပြေတယ်ဆိုရင် ဖွားက စေ့စပ်ထားလိုက်တော့မလို့"

"သား လေ့လာချင်သေးတယ် ဖွား "

ကွန့်ထူးက စိတ်ဝင်မစားသည့်ဟန် ပျင်းတိပျင်းတွဲဖြင့် ပြောလာ၏။

"သြော် အေး လေ့လာ လေ့လာ ဒီကြားထဲလည်း ရင်းရင်းနှီးနှီး နေကြပေါ့ "

"ဟုတ် ဒါနဲ့ ဖွား "

"ပြောလေ မြေး"

"သားက အလင်းကို လက်ထပ်မှ ဖြစ်မှာလား "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now