☁ 2 ☁

12.3K 694 16
                                    

"မဟုတ်သေးပါဘူး သွားမှာက မနက်လေးနာရီမှလေ မင်းတို့က "

တစ်ခြားသူတွေမဟုတ်။စပ်ဖြဲဖြဲနဲ့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ စျာန်နဲ့ ဂျူးပင်။ ကိုကွန့်ကိုစိတ်မချလို့ အဖွားမှုံအိမ်အရောက် လိုက်ပို့မယ်ဟုဆိုကာ ညခင်းထဲက ရောက်လာတဲ့ သကောင့်သားနှစ်ကောင်ကြောင့် သင်္ကာမကင်း ဖြစ်လာရတော့၏။

"မနက်ခင်းမနိုးမှာစိုးလို့ မင်းအိမ်မှာ လာအိပ်တာ "

"ဟုတ်တယ်! "

စျာန်ပြောတော့ ဂျူးစေရာကပါ ဝင်ထောက်ခံ၏။အကုန်လုံးက အရမ်းကို အားနေကြတဲ့သူတွေဆိုတော့။

"​​ပြောစမ်း! စျာန် မင်းအလုပ်က အရမ်းအားနေလို့လား "

"မင်းကို လိုက်ပို့ဖို့ တကူးတက ခွင့်ယူလာတာနော် "

"စောက်ပိုတွေက ပြောပြန်ပြီ ​မင်းအဖေက ခွင့်ပေးလိုက်တာဘဲလား "

"မပေးလို့ မရဘူးလေ "

ပုဂ္ဂလိကဆေးရုံက အထွေထွေအထူးကုဆရာဝန်ဆိုပေမယ့် အဲ့ဆေးရုံကိုက သူ့အဖေပိုင်တာ။ပြီးတော့ စျာန်အဖေက ဆေးရုံအုပ်။ဘယ်လိုအကြောင်းပြချက်တွေ ပေးလာပြန်ပြီလည်း မသိ။

"ဂျူးစေရာ ငါ့နောက်လိုက်ပြီး ဘာလုပ်ဖို့ ကြံစည်နေတာလဲ"

"စွပ်စွဲတာ ကြမ်းလိုက်တာ ငါတို့သူငယ်ချင်းလေးကို လိုက်ပို့ချင်လို့ဟာကို! "

"ဖြစ်နိုင်တာကိုပြော! "

ကိုကွန့်မေးနေတာ အကောင်းမဟုတ်။ဒီနှစ်ကောင်က တစ်ခြားနေရာတွေမှာ မတည့်ရင်မတည့်မယ်။ခရီးထွက်ဖို့ဆိုရင် နှစ်ခါညှိစရာမလို။နှစ်ယောက်ပေါင်းမိလိုက်လို့ကတော့ အိမ်ရှေ့ခဏဆိုပြီး ပုဂံရောက်ချင်ရောက်သွားတာ။တစ်ခါလည်း ဂျိမ်းက ဂျူးစေရာကို အိမ်မှာ File ကျန်ခဲ့လို့ သွားယူခိုင်းတာကို လမ်းမှာ စျာန်နဲ့တွေ့ပြီး စျာန်သွားမယ့် ပူတာအိုကို ကောက်ခါငင်ခါကြီး လိုက်သွားတာ။ ဂျိမ်းမှာ စိတ်ဆိုးပြီး ဒေါသတွေထွက်လို့။အခုလည်း ဘာလိုက်မွှေကြအုံးမလဲ မသိ။

"အေး ငါတို့ မင်းကိုဝင်ပို့ပြီး မော်လမြိုင်ဘက် ဆင်းမလို့ "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now