🍒 5 🍒

10.2K 580 42
                                    

ရုဏ်ရုဏ် လမ်းပြတဲ့ ကားလေးဟာ မြို့ရဲ့ အရှေ့ဘက်မှာ တည်ထားတဲ့ ထုံးဖြူစေတီတော်သို့ ရောက်ရှိလာခဲ့၏။ပန်းမြိုင်နွယ် မြို့ရဲ့ ပြယုဂ်တစ်ခုဆိုရင် ဒီထုံးဖြူစေတီလေးလည်း တစ်ခုအပါအဝင်ပေ။ရင်ပြင်တော်ပေါ်မှာ ထန်းငှက်ပျောပင်တွေကို ပတ်ပတ်လည် စိုက်ထားပြီး ရင်ပြင်တော်ပေါ်ကနေ လှမ်းမျှော်ကြည့်လိုက်ရင် စိမ်းညှို့နေတဲ့ တောင်တန်းတွေကို မြင်တွေ့ရမှာ ဖြစ်၏။ပန်းမြိုင်နွယ်က သီးသန့်ဆန်တဲ့ မြို့ကလေးတစ်ခု။ ရပ်ကွက်ခွဲမရှိ၊ ရွာခွဲတွေ မရှိဘဲ အိုးအိမ်တွေ တစ်စုတစည်းနှင့် မြို့သေးသေးလေး ဖြစ်တည်နေတာ​ ဖြစ်၏ ။မြို့အင်္ဂါရပ်တွေနဲ့ ညီလို့သာ မြို့လို့ သတ်မှတ်ထားတဲ့ပုံ။တိတိကျကျပြောရရင် မြန်မာနိုင်ငံမြေပုံထဲမှာတောင် မှတ်တမ်းတင်ထားခြင်းမရှိတဲ့ မြို့ငယ်လေးပေါ့။

"ဖိနပ်ကို ရုဏ်ရုဏ် ကိုင်ခဲ့ပါ့မယ် "

"ရပါတယ် ရုဏ်ရဲ့ ကိုယ့်ဘာသာ "

"ရုဏ်ရုဏ်က အငယ်ပါ ကုသိုလ်ရအောင်လို့ "

မျက်တောင်ရှည်ရှည်တွေကို ပုတ်ခတ်ပြီး ပြောလာတဲ့ ရုဏ်ရုဏ်ရဲ့ မျက်ဝန်းလှလှလေးတွေ ကြည့်ကာ ကွန့်ထူး ရုတ်တရက် သတိလက်လွတ်ဖြစ်သွား၏။ဘာလို့ အဲ့လောက်တောင် လှရက်သလဲ။

"ဒါမှမဟုတ်လည်း ကိုယ်တို့ ဖိနပ်တွေ ကားထဲထည့်ထားခဲ့မယ်လေ တကူးတကကြီး လိုက်ကိုင်နေရမှာ "

"ဟုတ် "

ကွန့်ထူးပြောလိုက်မှ တစ်ချက် စဥ်းစားဟန်ပြုကာ ခေါင်း ညိတ်လာ၏။ကွန့်ထူးလည်း ဝတ်ထားတဲ့ ဖိနပ်နဲ့ ခြေအိတ်ကို ချွတ်ကာ ကားထဲ ထည့်လိုက်တော့ ရုဏ်ရုဏ်က သူ့ ကတ္တီ ပါ ဖိနပ်လေးကိုပါ ချွတ်ကာ ကားထဲလာထည့်၏။စေတီတော်က ကုန်းမြင့်ပေါ်မှာ တည်ထားတာမို့ လှေကားထစ်တွေကို ဂရုတစိုက် တက်ခဲ့ရ၏။

"အေးချမ်းလိုက်တာနော် "

"ပန်းမြိုင်နွယ်က ဘယ်နေရာကြည့်ကြည့် အေးချမ်းနေတာပါ ကိုကွန့် "

"အဟွန်း ဟုတ်ပါရဲ့ "

"ပန်းမြိုင်နွယ်က မြို့လည်းသေးသေးလေး ပြီးတော့ တစ်ခြားမြို့တွေနဲ့လည်း သီးသန့်လို ဖြစ်နေပြီး အေးအေးချမ်းချမ်း တည်ရှိနေတာ "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now