💔 35 💔

8.3K 439 28
                                    

ရုဏ်ရုဏ် အိမ်ထဲထိ ရောက်သွားတာ သေချာတော့မှ နှစ်ယောက်သား မျက်နှာချင်းဆိုင်ဖြစ်ကြသည်။ အလင်းက စူးရဲနေတဲ့ မျက်လုံးတွေဖြင့် ကွန့်ထူးကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး

"ကိုကွန့်က ဘာလဲ "

"ဘာကိုလဲ အလင်း! "

"ကိုကွန့်က အခြောက် ကျစ်! မဟုတ်ဘူး ယောက်ျားလေးတွေကို သဘောကျတတ်တဲ့သူလား "

အလင်းမေးခွန်းကို ကြားတော့ ကွန့်ထူးမှာ ပြန်ဖြေစရာစကားလုံးမရှိ။ သက်ပြင်းသာခပ်ကြိတ်ကြိတ်ချလိုက်ပြီး

"အစ်ကို မပြောပြတတ်ဘူး ဒါပေမယ့် တစ်သက်နဲ့တစ်ကိုယ်တော့ မောင့်အာရုဏ်လေးကိုဘဲ သဘောကျဖူးသေးတယ် "

"ဘာလို့ မောင့်အာရုဏ်ဦးကိုမှလဲ "

"အချစ်ဆိုတာမျိုးက ကန့်သတ်လို့ ရလို့လား အလင်းရယ် နှလုံးသားရဲ့အလိုဆန္ဒက သူမှသူ ဖြစ်လာတာဘဲလေ "

"နော် သဘောမတူဘူး ကိုကွန့်! ရုဏ်ရုဏ့်ကို ဘာမှမပြောချင်လို့ ကိုကွန့်ဘက်ကဘဲ ဆင်ခြင်ပေးပါ "

အလင်းက ပြတ်သားတဲ့လေသံဖြင့် တားဆီးလာ၏။ ဒေါသထွက်ချင်နေတာကို ထိန်းချုပ်ထားတာကြောင့် စကားလုံးတွေအဆုံးမှာ အဖျားခတ်တုန်ယင်သွားသေး၏။

"မဖြစ်နိုင်ဘူး  ကိုယ် ရုဏ့်ကို တကယ်ချစ်တာ  နောက်ဆုတ်ပေးဖို့ ရပ်တန့်လိုက်ဖို့ မဖြစ်နိုင်ဘူး ဘယ်သူတွေတားတား နောက်ဆုတ်မှာ မဟုတ်ဘူး အလင်း! "

"ကိုကွန့်က ရုဏ်ရုဏ့်ထက်စာရင် အသက်လည်းပိုကြီးတယ် လောကကြီးအကြောင်းလည်း ပိုနားလည်တယ် ရှေ့ဆက်တိုးလို့ ရလာမယ့် အကျိုးဆက်ကို သိတယ်မှတ်လား စဥ်းစားမိတယ် မှတ်လား "

"အစ်ကို့ဘက်က အားလုံးတွေးထားပြီးသား အလင်း! လူကြီးတွေကို ဖွင့်ပြောပြပြီး အကုန်လုံးကို ရင်ဆိုင်ဖို့ "

"ပတ်ဝန်းကျင်ဆိုတာ ရှိသေးတယ် ကိုကွန့် ကိုကွန့်က ရင်ဆိုင်နိုင်ပေမယ့် ရုဏ်ရုဏ်က မရဘူး ပြီးတော့ လူကြီးတွေ မသိခင် ဒီကိစ္စ ပြီးလိုက်တာ ကောင်းမယ် ပြီးတော့ တစ်သက်လုံး ပျော်နိုင်မယ်လို့ ထင်လို့လား "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now