🥀 6 🥀

9.2K 557 46
                                    

ရုဏ်ရုဏ်ရှေ့ကနေ ယှဥ်တွဲကာ လျှောက်နေတဲ့ ကျောပြင်နှစ်ခုကာ မျက်နှာတွေကိုမမြင်ရသည့်တိုင်အောင် လိုက်ဖက်လွန်းလှ၏။ညနေခင်းစျေးလေးဟာ လူမရှုပ်သော်ငြားလည်း သွားလာလှုပ်ရှားသူများဖြင့် စည်ကားနေသေး၏။ရုဏ်ရုဏ်က စျေးထဲတစ်ခါမှ မရောက်ဖူးတာကြောင့် အလင်းကဘဲ ဦးဆောင်ခေါ်သွားတဲ့နောက်ကို အသံလေးတိတ်လျှက် လိုက်ပါလာ၏။ကိုကွန့်နှင့် အလင်းကတော့ ပြောစရာမကုန်နိုင်တဲ့ သူတွေနှယ်။ရုဏ်ရုဏ် သက်ပြင်းသဲ့သဲ့ချကာ နော် ကြားထဲကနေ ရင်းနှီးအောင် လုပ်ပေးဖို့ လိုသေးလို့လား အလင်းရယ်လို့ဘဲ တွေးနေမိတော့၏။

"ရုဏ်ရုဏ် ရှေ့မှာ ပန်းဆိုင်ရောက်ပြီ "

"အာ အင်း "

ပန်းဆိုင်ရှေ့ရောက်တော့ ရုဏ်ရုဏ်လည်း ဘုရားပန်းအတွက် သေချာရွေးရ၏။နှင်းဆီပန်းအကြီးကြီးတွေ၊ ဂန္ဓမာပန်းတွေ၊ မေမြို့ပန်းတွေ၊ သစ္စာပန်းတွေဖြင့် ပန်းဆိုင်ဟာ ဝေဝေဆာဆာလှပနေတော့၏။ပန်းတွေအကုန်လုံးက လှနေတာကြောင့် ရုဏ်ရုဏ့်မှာ ရွေးရခက်နေ၏။

"နှင်းဆီပန်းတွေက လှလိုက်တာနော် အပွင့်ကြီးတွေ အကြီးကြီးဘဲ "

အသံကြောင့် မော့ကြည့်လိုက်တော့ ကိုကွန့်က နှင်းဆီဖြူတွေကို ကြည့်နေတာကို တွေ့လိုက်ရ၏။

"ဟုတ်လား ရုဏ်က ဂန္ဓမာတွေက ပိုလှလားလို့ "

"ရုဏ့်စိတ်ကြိုက်သာ ဝယ်ပါလေ "

ညီလေးကို အလိုလိုက်တဲ့ အစ်ကိုကြီးနှယ် အလိုလိုက်တဲ့ အသံဖြင့် ပြောလာတော့ ရုဏ်ရုဏ့်မှာ မျက်လွှာလေး ပင့်ကြည့်လိုက်မိ၏။

"ကိုကွန့် အလင်းကို ဖိနပ်လိုက်ရွေးပေးပါလား ဟိုနားက ဆိုင်မှာ "

အလင်းက ကိုကွန့်လက်ကို ပိုင်စိုးပိုင်နင်းဆွဲကာ ခေါ်နေတာမို့ ရုဏ်ရုဏ်လည်း မျက်တောင်ရှည်တွေကို တဖျက်ဖျက်ခတ်လိုက်ရင်း ပန်းတွေဆီဘဲ အာရုံစိုက်ထားလိုက်၏။ကိုကွန့်ကတော့ အငြင်းဝါကျတစ်ခွန်းတောင် ထွက်မလာဘဲ အလင်းခေါ်ရာနောက် ပါသွားရှာ၏။

"နှင်းဆီဖြူတွေ ဝယ်ပါလား ကလေး ပန်းမြိုင်နွယ်က ထွက်တဲ့ပန်းတွေ "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now