💐 10 💐

9.4K 531 62
                                    


" ကိုယ်နဲ့ လိုက်ခဲ့ "

လက်ကောက်ဝတ်ကနေ ခပ်တင်းတင်းဆုပ်ကိုင်ကာ ဆွဲခေါ်သွားတဲ့ ကိုကွန့်နောက်ကို ရုဏ်ရုဏ် တိတ်တိတ်လေးသာ လိုက်လာမိ၏။မသိမသာရုန်းကြည့်သော်ငြားလည်း ကိုကွန့်က ဂရုမစိုက်ဟန်။ရုဏ်ရုဏ်တစ်ယောက် မလွန်ဆန်နိုင် မငြင်းဆန်နိုင် ဖြစ်သွားရတာက ဘာကြောင့်လဲ။ ရှောင်ပါမယ်လို့ တွေးထားပြီးမှ ကိုကွန့်စကား ကိုကွန့်အပြုံးတွေကို သူမလွန်ဆန်နိုင်။

"တက်လေ "

"ရုဏ် မတက်တတ်ဘူး "

ပုံမှန် အနိမ့်ဘီးတွေသာ စီးဖူးတဲ့ ရုဏ်ရုဏ့်မှာ ကိုကွန့်ရဲ့ ဆိုင်ကယ်အမြင့်ကြီးကို ပုဆိုးနဲ့ ဘယ်လိုတက်ရမလဲမသိ။ အဲ့ဒီအပြင်ကို ထိုင်လို့ရတဲ့နေရာကလေး သေးသေးလေး။

"ကဲ လာ "

ရုတ်တရက်ဆိုသလို ဆတ်ကနဲ ဆွဲပွေ့ရင်း ဆိုင်ကယ်ပေါ် ပွေ့ချီတင်တော့ ရုဏ်ရုဏ့်မှာ အလန့်တကြားဖြင့် သူ့ပုခုံးစွန်းတွေ သူ့လက်မောင်းတွေကို အားကိုးတကြီးလှမ်းကိုင်လိုက်ရ၏။ဒါကိုဘဲ ကိုကွန့်က သဘောတကျရယ်ရင်း သူပါ ဆိုင်ကယ်ကို ခွလိုက်၏။

"ကိုင်ထားနော် ရုဏ် ပြုတ်ကျသွားလိမ့်မယ် "

ကိုင်ထားလို့သာပြောတယ် ကိုင်ရမယ့်နေရာက ရှာမတွေ့။ ပုခုံးတွေကိုသာ လှမ်းကိုင်ထားလိုက်ရင်း ကိုကွန့်ဆိုင်ကယ်မောင်းထွက်တော့ ရုဏ်ရုဏ့်မှာ ကိုကွန့်ကျောပြင်ပေါ်ဝယ် ဖားပျံလေး ကပ်နေသလို။

"ကိုယ့်ခါးတွေကို ဖက်လို့ရတယ်နော် "

အရမ်း မြန်မြန်ကြီး မောင်းနေတာ မဟုတ်တာကြောင့် သူပြောတဲ့စကားကို ရှင်းလင်းစွာ ကြားရတဲ့အနေအထားမှာ ကျောပေါ်က ကောင်လေး ကြားဖို့ တိတ်တိတ်လေး မျှော်လင့်မိတာ ထူးဆန်းတယ်မှတ်လား။ ကွန့်ထူးထည်ဝါက မောင့်အာရုဏ်ဦး သူ့ခါးတွေ ဖက်လာဖို့အတွက် မျှော်လင့်နေတယ်တဲ့။ဆိုင်ကယ်မောင်းနေပေမယ့် စိတ်အာရုံက နောက်ကျောပေါ်က ကောင်လေးဆီဘဲ ရောက်နေမိတော့ လက်ကလေးတစ်ဖက် တဖြေးဖြေးချင်း ပုခုံးပေါ်က လျှောဆင်းသွားတာက အစ ကွန့်ထူးသတိပြုနေမိတာ။ပြီးနောက် ခါးပေါ်သို့ ကျလာတဲ့ ခပ်နွေးနွေးအထိအတွေ့လေးတစ်ခု။ ကွန့်ထူးထည်ဝါ ပြုံးလိုက်မိပြီး ဆိုင်ကယ်ကို အရှိန်ထက်တင်တော့ နောက်ထပ်လက်ကလေးတစ်ဖက်ကပါ ခါးဆီ ရောက်လာ၏။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now