📚 18 📚

8.5K 472 35
                                    

"ဒေါက်တာသူရိန်လင်းစျာန် နဲ့ တွေ့ချင်လို့ပါ "

"Appointment များ ယူ ယူ "

"ကိုကို!!! "

ဆေးရုံရဲ့ Reception မှာ မေးနေတုန်း စျာန့်ရဲ့ အော်ခေါ်သံကြောင့် လန့်ပြီး တုန်သွားမိ၏။ဘယ်လိုဖြစ်လို့ ဒီလောက်အသဲအသန်အော်နေသလဲမသိ။ ထွက်ကြိုဖို့ပြောရင် လာထွက်ကြိုမှာ သိပေမယ့် အလုပ်များသူကို အလုပ်မရှုပ်စေလိုတာ​ကြောင့် ကိုယ့်ဘာသာ သွားလိုက်ဖို့ စဥ်းစားတာ။ ဒါကို ဘယ်လိုမြင်ပြီး Reception အထိ ရောက်လာသလဲ မသိချေ။

"ငါ ခေါက်ဆွဲကြော် ဝယ်လာတယ် "

"အဲ့ဒါက အရေးကြီးလား လာခဲ့! "

လက်တစ်ဖက်ကို ဆောင့်ဆွဲသွားတာများ ဒရွတ်တိုက်မတတ်။ မျက်မှန်ကို လက်ခလည်နဲပင့်တင်ပြီး မျက်မှန်အောက်က မျက်ဝန်းစူးစူးတွေနဲ့ လူကို ငဲ့ကြည့်လိုက်သေး၏။

"နာတယ်ကွ! သေမလို့ အသားကုန်ဆွဲနေတာလား "

နာကျင်နေဟန် မျက်နှာလေးရှုံ့မဲ့ကာ ပြောလာတာကြောင့် စျာန် လွှတ်ပေးလိုက်မိ၏။ စဝင်လာထဲက မြင်တာ။ လူကို မတွေ့ဘဲ သွားပြီး မေးနေလိုက်သေးတာ။ရိုးရိုးရှင်းရှင်းလေး အဖြူရောင်ရှပ်လေးနဲ့ style plant အနက်လေးဝတ်ထားတာကိုတောင် အောက်ထပ်တစ်ခုလုံး သူ့ကို အမဲဖျက်တော့မလို ကြည့်နေတာကို မသိရှာဘူး ရှေ့နေကြီးက။ အကြည့်တွေကို သဝန်တိုလွန်းလို့ လက်ကို ပိုင်စိုးပိုင်နင်းသွားဆွဲပြီး ပိုင်ဆိုင်ကြောင်း တံဆိပ်ကပ်လိုက်တာ။ ဒါလည်း ဒူလွန်းတဲ့သူက သိမယ့်ပုံမပေါ်။

"မင်းနဲ့ ငါလည်း အသက်မကွာဘဲနဲ့ ဘာလို့ ကိုကိုလို့ခေါ်နေတာလဲ အားတိုင်း "

"မင်း နာမည်က ရှင်းသန့်ကိုကိုလေ ကိုကိုလို့ပါနေတာဘဲကို "

"သြော်! နာမည်ကို ခေါ်တာပေါ့ မင်းက "

"အပိုတွေ လာမေးနေသေးတယ် ခေါ်ချင်လို့လေ မရဘူးလား ခေါ်လို့ "

"ရပါတယ် ခေါ်ပါ ခေါ် ခေါ် "

"ပြီးရောနော် ဘယ်အချိန်ဖြစ်ဖြစ် ခေါ်မှာ "

ခေါ်ခွင့်မပေးရင် လျှောက်လမ်းပေါ်များ ​ခြေဆောင့်ငိုတော့မလားမသိ။ အခုတောင် ပြောရင်းနဲ့ နှုတ်ခမ်းက ထော်လာသေး၏။ ရှင်းသန့်လည်း ရယ်ချင်စိတ်ကို ထိန်းရင်း ခပ်မြန်မြန်ခေါင်းညိတ်ပြလိုက်ရ၏။အရူးစိတ်ချမ်းသာရင် တိုင်းပြည်တစ်ဝက် အေးချမ်းတယ်လေ ။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now