Extra

5.6K 237 4
                                    

"ဖြစ်ပါ့မလား ကိုကိုရယ် "

"ဘာလို့မဖြစ်လဲ မောင့်အာရုဏ်လေးရဲ့ မောင်တစ်ယောက်လုံးရှိနေတာကိုကွာ "

ပန်းမြိုင်နွယ်ကနေ ထွက်လာတဲ့ တောက်လျှောက်ကို ရုဏ်ရုဏ်ကလည်း ထိုစကားကို အထပ်ထပ်ပြောလာသလို ကွန့်ထူးကလည်း မငြီးမငြူ ချော့မော့ကာ ပြောနေဆဲပင်။ ရန်ကုန်အိမ်မှာ အလှူရှိတာကြောင့် ပြန်လာကြခြင်း ဖြစ်ပြီး စော်ဘွားအကြီးအကဲတွေနဲ့ တွေ့ရမယ် ပြောထားတာကြောင့် လူကြောက်တတ်တဲ့ ရုဏ်ရုဏ့်မှာ လန့်နေရှာတာ ဖြစ်သည်။

"ဘာမှမပူနဲ့ ဟုတ်ပြီလား ဟိုရောက်ရင် ဟိုလေးယောက်လည်း ရှိနေမှာ "

ကွန့်ထူး ချော့မော့ပြီး ပြောတော့မှ မျက်တောင်တွေကို တဖျက်ဖျက်ခတ်ရင်း ခေါင်းညိတ်သည်။

"ဟုတ် ကိုကို "

အိမ်ထောင်သက်တမ်းက သုံးနှစ်ပြည့်တော့မယ်ဆိုပေမယ့်လည်း ကွန့်ထူးမှာ ရုဏ်ရုဏ့်ကို ပိုးမွေးသလို မွေးထားတုန်းပင်။ ဟိုတယ်လုပ်ငန်းတွေ တိုးတက်လာလို့ ရုဏ်ရုဏ့်ကို အချိန်မပေးနိုင်တာမျိုး မရှိစေရပဲ အမြဲတမ်း အနားမှာ ခေါ်ထားတတ်တာ။ ထိုအခြေအနေမျိုးဆို ရုဏ်ရုဏ်ကလည်း ထိပ်တန်းဆေးလိပ်ခုံကို ဖိုးထူးလက်ထဲ အပ်ပြီး ထားခဲ့တော့တာပဲ။

"နှင်းဆီတွေ လန်းပါအုံးမလား ကိုကို"

"မောင့် ကလေးလေးက စိုးရိမ်တတ်ရန်ကော အကုန်လိုက်တွေးနေတော့တာပဲကွ! ဟင် "

ကွန့်ထူး လက်တစ်ဖက်ဖြင့် ကားမောင်းနေရင်း ကျန်လက်တစ်ဖက်ဖြင့် ရုဏ်ရုဏ့်ဆံပင်လေးတွေကို လှမ်းဖွရင်း ပြောလာသည်။ ပြီးမှ ခေါင်းလေးကို ဖွဖွပုတ်ကာ

"မောင်တို့ သေချာလုပ်လာတာပဲ ဘာမှမဖြစ်လောက်ပါဘူး "

"ဟုတ်ကဲ့ ကိုကို!  "

ခေါင်းညိတ်ကာ ပြောလာတဲ့ ရုဏ်ရုဏ့်ကို ကြည့်ကာ ကွန့်ထူး ပြုံးလိုက်မိသည်။ ဒီနှစ်တွေအတွင်း အများကြီး ရင့်ကျက်လာတဲ့ ပုံစံကိုလည်း မြင်ရသလို ကလေးတစ်ယောက်လို ချွဲနွဲ့တတ်တဲ့ ပုံစံကိုလည်း တွေ့ဖူးနေပြီးပြီ။ ရုဏ်ရုဏ်ရဲ့ ဘယ်လိုအပြုအမူလေးကပဲ ဖြစ်ဖြစ် ကွန့်ထူးကို ရင်ခုန်စိတ်လှုပ်ရှားအောင် လုပ်နိုင်စွမ်း ရှိနေတုန်းပင်။ စချစ်တဲ့နေ့ကစပြီး တစ်ရက်လေးမှ အချစ်မလျော့ခဲ့။ 

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now