🔆 17 🔆

8.5K 484 39
                                    

"ကိုကြီးကိုကွန့်က ကိုကြီးရုဏ်ရုဏ်ကို တအားခင်တယ်နော် "

ကားပြတင်းပေါက်မှန်ကနေတဆင့် အပြင်ဘက်ကို ငေးကြည့်နေတုန်း ပြောလာတဲ့ ဇွဲလရောင်ကြောင့် ရုဏ်ရုဏ် လှည့်ကြည့်လိုက်မိ၏။

"အင်း "

"အရမ်း ရင်းနှီးနေလို့ နော်တောင် အံ့သြနေတာ မနေ့ကဘဲ ကြည့်လေ "

"မနေ့က ဘာဖြစ်လို့လဲ "

"ဆွဲခေါ်သွားတာများ ပိုင်စိုးပိုင်နင်းဘဲ မသိရင် သူ့ချစ်သူကို နော်ကထိလို့ စိတ်ဆိုးတဲ့ ပုံစံနဲ့ "

"အိုး မဟုတ်တာ "

ရုဏ်ရုဏ့်မှာ မျက်တောင်လေး တဖျက်ဖျက်ခတ်ရင်း  အကြောက်အကန်ကို ငြင်းမိတော့၏။ သူက ဘာလို့ဒီလိုထင်ရတာလဲ။ အကြည်စူးစူးတွေနဲ့ စူးစမ်းသလို အကြည့်ခံရတဲ့အခါမှာတော့ အနေရခက်စွာ ကိုယ်လေးကျုံ့ထားမိ၏။

"ကိုကြီးကိုကွန့်က တော်တော်ချစ်ပုံဘဲနော် "

ဇွဲလရောင်က ပြောလာတော့ ရုဏ်ရုဏ့်မှာ ဘာပြန်ပြောရမှန်း မသိတော့ချေ။ ထင်မြင်ချက်ပေးတာမဟုတ်ဘဲ အတည်ပေါက်ကြီး ပြောဆိုနေတာက သေချာပေါက် ရုဏ်ရုဏ်တို့ကြားက ဆက်ဆံရေးကို သိထားသလိုလို။ ဘာမှပြန်မပြောဘဲ ငြိမ်နေရင်လည်း ပြောချင်ရာပြော ထင်ချင်သလို ထင်နေတော့မှာမို့ ရုဏ်ရုဏ်လည်း ပြန်ပြောဖို့ စကားလုံးတွေ ရွေးချယ်နေရ၏။

"မဟုတ်ပါဘူး ဒီအတိုင်း ခင်တဲ့သဘောပါ နော်တို့က နေ့တိုင်းတွေ့နေရတော့ "

"သြော် အဲ့လို "

ခပ်ထေ့ထေ့မျက်နှာထားက တကယ်ဘဲ ဘာလဲ။ ရုဏ်ရုဏ်က လူကြောက်တတ်ပေမယ့် လူအကဲခတ်ကတော့ အဲ့လောက်ကြီး မညံ့။ မနှစ်မြို့တဲ့ ပုံစံတွေ မြင်ရတဲ့အခါ အဲ့ဒီရပ်ဝန်းကနေ ထွက်ပြေးချင်တော့တာဘဲ။ ကားပြတင်းပေါက်ဘေး ပိုတိုးကပ်လိုက်ပြီး ခပ်ခွာခွာဖြင့် ကားအပြင်ဘက် ရူခင်းကို ငေးကြည့်ရင်း ငြိမ်ငြိမ်လေးသာ နေလိုက်တော့၏။အတွေးတွေက မျောတလွင့်လွင့်။ စိတ်ကူးထဲ ကိုကွန့်အကြောင်းတွေ ဝင်ရောက်လာတဲ့အခါ နှလုံးသားလေးက ပိုင်ရှင်ကို သိသည့်နှယ် ဆက်တိုက်လှုပ်ရှားလျှက်။ မနေ့က အနမ်းနွေးနွေးတွေကို သတိရမိတော့ ပါးပြင်လေးတွေ ပူတက်လာပြီး ကြိတ်ပြုံးကာ ခေါင်းလေးငုံ့လိုက်မိ၏။ သို့ပေမယ့်လည်း အစ်မဖြစ်သူရဲ့ သက်ဆိုင်သူအပေါ် စိတ်မထားသင့်ကြောင်း ကိုယ့်ကိုကိုယ် သတိပေးမိတော့ မျက်ဝန်းအိမ်လေးမှာ မှုန်မှိုင်းသွားတော့၏။ ကိုကွန့်ကလည်း ချစ်တယ်တဲ့။ ဒါက ပျော်စရာကိစ္စ ရုဏ်ရုဏ် မျှော်လင့်ထားခဲ့ရတဲ့ အခြေအနေတစ်ခုဆိုပေမယ့်လည်း အလင်းကလည်း ကိုကွန့်ကို သဘောကျနေခဲ့တာမဟုတ်လား။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now